Part-4

230 20 0
                                    

***ခွမ်း***

'အား´

ကျယ်​​လောင်​တဲ့ ကျကွဲသံတစ်​ခုနဲ့အတူ လဲကျသွား​သော ခန့်​သူရ။
ထိုအသံကို ကြားလိုက်​ရ​သော​​ကြောင့်
ဆူးခတ်နွယ်၏မျက်လုံးများလည်း
ပြူးကျယ်​ဝိုင်းစက်သွားပြီး...

'ဖူးဖူး!!´

နှုတ်မှလည်း အမည်နာမတစ်ခုကို
ရွတ်ဆိုလိုက်သည်။
လဲကျသွားသည့် ခန့်သူရ၏ေ​နာက်တွင်
ရပ်ေ​န​သော ​ကောင်​မ​လေးတစ်​​ယောက်​။
မျက်​ဝန်း၌လည်း ​ဒေါသ၏အရိပ်​အ​ယောင်​များအပြည့်​...။

'ဖူးဖူး..နင်​..နင်​ဘာလုပ်​လိုက်​တာလဲ??
နင်​ရူးသွားပြီလား??
ဟမ်​..ငါ့ကိုကြည့်​စမ်းပါ..
နင်​အခုဒီလိုလုပ်​လိုက်​တာ
ဘယ်​သူလဲ​ရောသိရဲ့လား??´

ဆူးခတ်​နွယ်​တစ်​​ယောက်​ စိုးရိမ်​​ကြောက်​ရွံ့မှု
အပြည့်​ဖြင့်​ ထို​ကောင်​မ​လေး၏
လက်​​မောင်းနှစ်​ဖက်​ကိုသူမရဲ့လက်​​တွေနဲ့ ဆုပ်​ကိုင်​ပြီး​မေးလိုက်သည်။

ထို​ကောင်​မ​လေးက​တော့ စကားတစ်​ခွန်း
်​မျှပြန်​မ​ပြော..။
လဲကျသွားသည့်​ ခန့်​သူရကိုသာ
စိုက်​ကြည့်​​နေသည်​။

ထိုအခါ ဆူးခတ်​နွယ်​စိတ်​မရှည်​စွာဖြင့်​...

'ဖူးဖူး!!! ငါ​မေး​နေတယ်​​လေ..နင်​ဘာလို့ဒီလိုလုပ်​...´

'မသိဘူး..ဘာမှလာမ​မေးနဲ့..မကိုထိခိုက်​​အောင်
လုပ်​တဲ့သူဆိုရင် အ​​​သေသတ်ပစ်ရမှာပဲ...´

ဆူးခတ်နွယ်ရဲ့စကားလုံး​တွကို ရပ်​တန့်ပစ်လိုက်တဲ့ ထို​​ကောင်မ​​လေးရဲ့
အေးစက်​စက်​အသံ။

ထိုစဉ်​ အခန်းအတွင်းသို့ ဆူးခတ်​နွယ်​၏မန်​​နေဂျာ ဝင်​လာပြီး
ြုမင်​လိုက်​ရ​သော မြင်​ကွင်း​ကြောင့်​ အင်​မတန်
ထိတ်​လန့်​သွား​တော့သည်​။

'oh my god!!!ဘာ​တွေဖြစ်​ကုန်​တာလဲ??
ဆူးခတ်​..​ဖြေပါဦး...!´

'ဆူး..ဆူးခတ်​​ဒေါသမထိန်းနိုင်​ဘဲ လုပ်​မိတာ..´

ဆူးခတ်​နွယ်​ရဲ့ အ​ဖြေ​ကြောင့်

'မ..ဘာလုပ်​တာလဲ..အမှန်​တိုင်း​ပြောလိုက်​ပါ
ဒါ.ဖူးလုပ်​တာ..မကို ထိခိုက်​​အောင်​လုပ်​​နေတာ ​တွေ့လို့လုပ်​လိုက်​တာ..´

On Your SideWhere stories live. Discover now