Part-1

691 23 0
                                    

***ချက်​***

'OK! ဒီဘက်​​လေးကိုလှည့်​လိုက်​ပါဦး´
'ပြုံးထားမယ်​´

3 2 1

***ချက်​***

'OK! ရပြီ။ ဒီ​နေ့​တော့ ဒီ​လောက်​နဲ့ပဲ shooting breakမယ်​။ အားလုံးတာဝန်​​ကျေပါတယ်​...´

***ဟင်း....***

C​amera man ရဲ့ အာကျယ်​ကျယ်​ စကားသံအဆုံးမှာ သက်​ပြင်းအရှည်​ကြီးချလိုက်​တဲ့ မိန်းက​လေးတစ်​ဦး။

မန်​​နေဂျာဆီက​နေ ​နေကာမျက်​မှန်​တစ်​လက်
ယူတပ်​ကာ ရိုက်​ကွင်းမှခပ်​သွက်​သွက်​ထွက်​လာ
လိုက်​သည်​။
မန်​​နေဂျာကလည်း သူမရဲ့​နောက်​မှ ထက်​ကြပ်​မခွာ...။

'ဘယ်​အချိန်​ရှိပြီလဲ??´

အနက်​​ရောင်​ကားတစ်​စီး​ပေါ်ကို​ရောက်​သည်​နှင့်
မေးခွန်းတစ်​ခု​မေးလိုက်​သည့်​ သူမ။

'​နေ့ခင်း ၁:၀၀ ရှိပါပြီ။ ၁နာရီခွဲ​လောက်​ကျရင်
ကြော်​ငြာရိုက်​ဖို့ ကုမ္ပဏီတစ်​ခုနဲ့ စာချုပ်​ချုပ်​ဖို့ရှိပါ​သေးတယ်​။´

အချိန်​စာရင်းစာရွက်​ကို ဖတ်​ကာ ​ပြောပြ​နေသည့်​ မန်​​နေဂျာကို အဖတ်​မလုပ်​ဘဲ
မှန်​တစ်​ချပ်​ကိုသာကြည့်​​နေပြီးဘီးတစ်​​ချောင်းနဲ
သူမရဲ့ ရှည်​လျားနက်​​မှောင်​တဲ့ဆံပင်​​တွေကို ဖြီး​နေသည်​။

'​နောက်​ဆုံးအချိန်​ဇယားက ဘယ်​​နှစ်​နာရီ​လောက်​ပြီးမှာလဲ???´

မိနစ်​အနည်းငယ်​ကြာမှ ထပ်​​မေးလိုက်​သည့်
မေးခွန်းတစ်​ခု။

'ည ၁၁နာရီခွဲ​လောက်​ဆို ပြီးပါပြီ။´

မန်​​နေဂျာရဲ့ အ​ဖြေအဆုံးမှာ အသက်​မဲ့သည့်
အပြုံးတစ်​ပွင့်​ကို သူမရဲ့နှုတ်​ခမ်းမှာ ပန်​ဆင်​လိုက်​ပြီး

'ငါဘာလို့ ဒီအလုပ်​​တွေ လုပ်​​နေတာပါလိမ့်​...
ငါ့ဘာသာငါ​တောင်​ မ​သိ​တော့ပါလား...

အော်​..အခုမှသတိရတယ်​...mom နဲ့ dadတို့ရဲ့
သမီး​လေးက နာမည်​ကြီး​မော်​ဒယ်တစ်​​ယောက်
ဆိုတဲ့ စကား​လေးတစ်​ခွန်းအတွက်​ကိုး..

အို ဂုဏ်​သိက္ခာ... ဂုဏ်​သိက္ခာ...
သိ​ပ်​ရယ်​ရတယ်​ ဟားဟား...ဟားဟား... .....´

တစ်​ကိုယ်​တည်းကြားရရုံမျှ စကားလုံးများကို​ရေရွတ်​ပြီးတဲ့အ​ဆုံးမှာ
အနက်​​ရောင်​ကားတစ်​စီး​ပေါ်၌ သူမရဲ့ ​ခြောက်​ကပ်​ကပ်​ ရယ်​သံ​တွေ ပျံလွင့်​သွား​တော့သည်​။

မန်​​နေဂျာက​တော့ နှုတ်​ဆိတ်​​နေရုံသာ...။

ရယ်​သံတို့ရဲ့ပိုင်​ရှင်​ကား ဆူးခတ်နွယ်...

အသက်​​၁၆နှစ်​အရွယ်​ မိန်းက​လေးတစ်​ဦး။
အသက်​အရွယ်​နှင့်​မလိုက်​​လောက်​​အောင်
မော်ဒယ်ေ​​လာက၌နာမည်ကြီး​သူတစ်ဦး။

မိဘ​​တွေကလည်း ​အောင်​မြင်​တဲ့စီးပွား​ရေးလုပ်​ငန်းရှင်​ကြီး​တွေဖြစ်
တာမို့ မိဘရဲ့အရှိန်​အဝါနဲ့ မာနမိုးထိုး​နေသူ​လေး
ဖြစ်​သည်​။

လူကုံထံအသိုင်းအဝိုင်းကြားမှာ အလှပ​ဂေးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့်အပြင် အရပ်မြင့်မြင့်၊
အသားဖြူဖြူ၊ ကိုယ်​​​​​​​​​​လုံးကိုယ်​​ပေါက်ကလည်း
ခပ်လှလှမို့ ​ယောက်ျား​လေးများ၏ စိတ်​ဝင်​စားမှုကိုလည်းရရှိထားသူုဖြစ်​သည်​။

သို့ဖြစ်​၍ ရည်းစားကိုမှိုလို​ပေါက်​​အောင်​ထားသည်​မှာ
မဆန်း​တော့​ပေ။

ဒါ​ပေမယ့်​လည်း တစ်​​နေ့မှာ တစ်​စုံတစ်​​ယောက်​က သူမရဲ့နှလုံးသားကို
သိမ်းပိုက်​သွားမယ်​ဆိုတာ
ဘယ်​သူကြိုသိနိုင်​မှာလဲ???

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဟီးဟီး..
မောင်​က လက်​ကမြင်းတတ်​တယ်​လို့
ပြောပြီးသား​နော်​...
အာ့​ကြောင့်​ part-1​လေး တင်​​ပေးသွားတာပါ
အရမ်းတိုသွားရင်​ ​တောင်းပန်​ပါတယ်​​နော်
(စာသားကို​ပြောပါတယ်​😁😁)
မောင်​က အခုမှစ​ရေးတာဆို​တော့
အရမ်းရှည်​​နေရင်​ ဖ​တ်​ရတာ ပျင်းမှာစိုးလို့ပါ

readernim​တွေအားလုံးကို saranghae❤❤

သိပ်​ချစ်​တဲ့ ​မောင်
(မာဏဝီ​ကောင်းကင်​)

်

On Your SideWhere stories live. Discover now