Chapter 1

5.8K 212 23
                                    

Zawgyi

" သားငယ်ရေ ဒေါ်လေးကင်မ်သားလေးမွေးပြီတဲ့ မေမေတို့ ညီလေးကိုသွားကြည့်ကြရအောင် "

၈နှစ် အရွယ် Jungkook သည် ဆေးရောင်စုံတွေခြယ်နေရာမှ ထလာကာ အမေဖြစ်သူထက် ဦးစွာဘေးအိမ်ဆီသို့ပြေးသွားလေသည်

•••••••

၁၈နှစ် အရွယ် Jungkook ရေခဲမုန့်တွေဝယ်လာကာ ပန်းရောင်အိမ်ခပ်သေးသေးလေးထဲသို့ဝင်သွားလိုက်ပြီး

" Seokjin ရေ ကိုကို ရေခဲမုန့်ဝယ်လာတယ် စားရအောင် ထွက်ခဲ့ "

ပါးဖောင်းဖောင်းလေး နှစ်ဖက်တွင် မှင်ခြစ်ရာများနှင့် ၁၀နှစ် အရွယ်ကောင်လေးသည် အထက်တန်းကျောင်းသား ဝတ်စုံလေးဖြင့် Jungkook ထံအရှိန်ဖြင့်ပြေးကာ ဖက်လိုက်ပြီး

" ကိုကို့ကိုလွမ်းနေတာ.. ဒီတစ်ခါ Seoul မှာ အကြာကြီးနေတယ် "

" ကိုကိုက စာမေးပွဲဖြေနေရလို့ပါကွ "

Jungkook Seokjin ခေါင်းပေါ်က ဆံပင်လေးတွေအား ဖွရင်းပြန်ပြောလိုက်တော့

" ကျတော်လည်း ကြီးလာရင် ကိုကို့လိုမျိုး Seoul မှာ ကျောင်းတက်ရမှာလား "

" ဒါပေါ့ကွ အဲ့ကျ ကိုကိုလည်း Seoul မှာအလုပ်,လုပ်မယ် Seokjin လည်းကိုကိုနဲ့အတူတူနေပြီး ကျောင်းတက်ပေါ့ "

•••••••

" Seokjin ရေ.. မင်းကိုကိုလာနေပြီတဲ့နော် ထည့်စရာရှိတာထည့်ထား "

၁၆နှစ် ပြည့်ပြီးခဲ့သော Seokjin သည် Seoul သို့သွားကာ ကျောင်းတက်ရမှာမို့အပျော်ကြီးပျော်နေလေသည်
Jungkook ကတော့ ဆေးကျောင်းနောက်ဆုံးနှစ်ကို တက်ရောက်သင်ကြားနေလေသည်

Seokjin အဝတ်အစားတွေ အိတ်ထဲထည့်နေရင်း ဘေးအိမ်မှကားသံကြားတာကြောင့် အိမ်ရှေ့သို့ပြေးထွက်သွားချိန်တွင် Jungkook လက်မောင်းတစ်ဖက်ကို ဖက်တွယ်ကာကားပေါ်မှ ဆင်းလာတဲ့မိန်းကလေးတစ်ယောက်..
Jungkook သည်လည်း ထိုကောင်မလေးရဲ့ နဖူးပေါ်ဝဲကျနေသည့်ဆံပင်အချို့အား သပ်တင်ပေးကာ စကားတွေပြောနေလေသည် နှစ်ဦးသား လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ကာ အိမ်ထဲသို့ဝင်သွားကြလေသည်
ထိုမြင်ကွင်းအားကြည့်နေမိသော Seokjin ပါးပြင်ပေါ်တွင် ခပ်စိုစိုဖြစ်လာသဖြင့် လက်ချောင်းလေးများဖြင့် စမ်းကြည့်မိတော့ မျက်ရည်များဖြစ်နေလေသည်
Seokjin ဘေးအိမ်သို့မသွားဖြစ်တော့ဘဲ သူ့အိမ်လေးထဲသို့ပြန်ဝင်ပြီး အမေဖြစ်သူအား ကျောင်းကစီစဉ်ပေးတဲ့အဆောင်မှာဘဲ နေခိုင်းဖို့ရန် အပူကပ်တော့သည်
ထိုနေ့က Jungkook သည်သူ့အားလာမတွေ့ခဲ့ပါ
ရုတ်တရက်ကြီး အဆောင်မှာနေမည်ဟု ပြောသောသူ့အား အကျိုးအကြောင်းပင်လာမမေးခဲ့ပါ
အဆိုးဆုံးက ထိုကောင်မလေးက Jungkook ရဲ့ ချစ်သူဖြစ်ကြောင်းကို Seokjin Jungkook အမေထံမှ သေသေချာချာသိခဲ့ရသည်
တစ်ပတ်လောက်ကြာပြီးမှ Seokjin Seoul သို့ရောက်လာခဲ့သည် သူ့အားလာကြိုသည့် Jungkook သည်အခုမှ..

Neighbor Crush! #KĵWhere stories live. Discover now