Zawgyi
Jungkook ဖုန်းကိုဖွင့်ကာ နာရီကြည့်မိတော့ ၁၀နာရီ၃၇မိနစ်
ဖုန်းဆက်ရန်စဉ်းစားလိုက်သော်လည်း ဖုန်းနံပါတ်တောင်းမထားမိတဲ့ ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိသည်
နာရီဝက်လောက် ထပ်စောင့်ပြီးချိန်မှာမှ တတီတီဖြင့် တံခါးဘဲလ်ကိုနှိပ်နေရုံသာမက တဒုန်းဒုန်းဖြင့်ထုနေတာကြောင့် Jungkook မစတော့ဘဲ ထကာဖွင့်ပေးလိုက်တော့Seokjin: pw ဘာလို့ပြောမထားတာလဲ
Jungkook: ကိုကိုက ၉နာရီထက်နောက်မကျစေနဲ့လို့ ပြောခဲ့တယ်မလား
Seokjin Jungkook အား တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ သူ့အိပ်ယာဆီသို့သာ တန်းတန်းမတ်မတ်သွားနေတော့ Jungkook Seokjin အားလက်မောင်းရင်းမှဆွဲကာ သူ့ဘက်သို့လှည့်စေရင်း
Jungkook: Kim Seokjin!
Seokjin: ဘာလဲ Jeon Jungkook!
Jungkook တောက်* တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်တော့ Seokjin အနည်းငယ်တော့ လန့်သွားသည် တကယ်သာရန်ဖြစ်ရင် သူချည်းခံရမှာ ဟိုကလူကောင်ကလည်းအကြီးကြီး ဗလကလည်း နည်းတာကြီးမဟုတ် ဟိုကသည်းခံနေတိုင်း သူရိုင်းခဲ့တာတွေ များနေပြီမဟုတ်လား
Jungkook: မင်းမွေးနေ့
Seokjin: ဘာဖြစ်လဲ ကျတော့်မွေးနေ့
Jungkook: pw ကမင်းမွေးနေ့လို့
Seokjin: ဘာလို့ကျတော့်မွေးနေ့လဲ သူများမွေးနေ့ကို ဘာလို့တံခါးpw ထားရတာလဲ
ကတ်ကတ်လန်အောင် ရန်ထောင်နေတဲ့ Seokjin ကြောင့် Jungkook Seokjin အားခါးမှဆွဲယူကာ ငယ်ငယ်ကလိုပင် သူ့ပေါင်ပေါ်ထိုင်ချခိုင်းလိုက်ပေမယ့် Kim Seokjin မှာတော့ တစ်ကိုယ်လုံးတောင့်တင်းသွားရုံသာမက ရင်ဘက်ထဲက နှလုံးသားကခုန်လွန်းလို့ ပါးစပ်ထဲကနေ အပြင်ထွက်လာမည်ကိုတောင် စိုးရိမ်နေရသည်
Jungkook: နေပါဦး ကိုကိုမေးပါဦးမယ် ဘာလို့ ကိုကို့အပေါ် အဲ့လောက်စိမ်းသွားရတာလဲ ဒေါ်လေးပြောတာကတော့ ကိုကို ကောင်မလေးခေါ်လာတဲ့ နေ့ကစပြီး အဲ့လိုဖြစ်သွားတာဆို ဘာလဲ ကိုကိုကဒီညီလေးကို ဂရုမစိုက်မှာစိုးလို့လား
Jungkook ပြောနေဆဲမှာဘဲ Seokjin Jungkook အပေါ်ထိုင်နေရာမှထကာ
Seokjin: ကျတော် ခင်ဗျားညီမဟုတ်ဘူး နောက်တစ်ခါ ကျတော့်အသားကို ခွင့်ပြုချက်မရဘဲ လာမထိပါနဲ့
YOU ARE READING
Neighbor Crush! #Kĵ
Fanfic" Neighbor Crush" " little babe.. nope I'm your boyfriend " Warning Mature Content Top - Jungkook Bottom - Seokjin If you don't like, you can pass By Jinya_KTJ Thanks to all