(Zawgyi ver)
Hana : အရသာရှိလား
Gyu ပါးစပ်လေးကို လက်နဲ့အုပ်ပြီး အတင်းမြိုချနေတယ် မျက်ရည်ပါကျတယ် အစိမ်းဆိုစားဖို့မပြောနဲ့ လှည့်တောင်မကြည့်တဲ့သူက အခုစားနေရတော့
Gyu : ကျွန်တော်မစားနိုင်တော့ဘူး
Hana : ကုန်အောင်စားရမှာပေါ့ Hyung ကမပြောထားဘူးလား စေတနာကိုမစော်ကားရဘူးလို့ မင်း hyung ယဉ်ကျေးမှုမရှိတဲ့သူလား
Gyu : မဟုတ်ဘူး hyung ကလူကောင်းပါ
Hana : ဒါဆိုစားလေ
Hyung ဒီ noona ကတော်တော်ဆိုးတယ်
ကျွန်တော်မစားနိုင်ပေမယ့် hyung ကိုပြောတော့မခံနိုင်ဘူး
Gyu : စားပါ့မယ်Hana : ဘယ်အချိန်ထိ Soobin ကိုကပ်နေမှာလဲ ညီအကို အရင်းတွေမှ မဟုတ်တာ သွေးလည်းမတော်စပ်တာကို ဘယ်အချိန်ထိ ကျေးဇူးရှင်လိုလုပ်နေမှာလဲ ဟင်!! Soobin မှာလည်း သူ့ရှေ့ရေးရှိသေးတာပဲ မင်းကဘယ်အချိန်ထိ အနှောက်အယှက် လုပ်နေမှာလဲ??
Gyu ဘာမှပြန်မပြောပဲ sushi တွေအကုန်စားလိုက်တယ် ပြီးတော့အခန်းထဲပြေးဝင်ပြီး အန်တော့တာဘဲ
Hyung ကျွန်တော်တို့မိသားစုကိုကျေးဇူးရှင်လို သဘောထားလို့ အခုလိုဂရုစိုက်ပေးတာဘဲ hyung ပဲအမြဲ မိသားစုပါလို့အမြဲပြောပြီး ကျွန်တော်က အနှောက်အယှက်ဖြစ်နေတာလား T~T
Soobin : ငယ်လေး hyung ပြန်ရောက်ပြီ!! Hana ရောက်နေတာကြာပြီလား
Hana : ဟင့်အင်း ခုနကမှ ရော့ ဒီမှာစာရွက် သွားတော့မယ်နော် ဒါနဲ့ gyu လေးကအရမ်းချစ်ဖို့ကောင်းတယ် အဲ့တာကြောင့် soobin ကအရမ်းချစ်တာထင်တယ်
Soobin : 😊 လိုက်မပို့တော့ဘူးနော်
ငယ်လေး!! ထမင်းစားရင်းဘယ်ပျောက်သွားလဲ ထမင်းအရာလည်းမယွင်းဘူးလာခဲ့ hyung နဲ့တူတူဆက်စားမယ်Gyu : hyung ကျွန်တော်မစားတော့ဘူး
Soobin : မရဘူး လာစား
Gyu : ဗိုက်ပြည့်နေလို့
Soobin : Beomgyu!! လာစား ဘယ်အချိန်ထိ ကလေးလိုလုပ်နေမှာလဲ ထမင်းစားရမှာကို စားမှပေါ့ အဲ့တာတွေစိတ်ရှုပ်ရတာ လာစား ထပ်မပြောချင်ဘူး ထည့်ထားတဲ့ထမင်း ကုန်အောင်စား
YOU ARE READING
Hyung (Soogyu) [Completed]
Fanfiction(Both Unicode and Zawgyi) "ဒီထပ်ပိုပြီး Hyung ဘ၀ ကျွန်တော့်အတွက်နဲ့ မထိခိုက်စေချင်တော့ဘူး" "ဒီထက္ပိုၿပီး Hyung ဘဝ ကျွန်တော့်အတွက်နဲ့ မထိခိုက်စေချင်တော့ဘူး" -Soogyu myanmar fanfiction-