Episode 5

713 79 7
                                    

(Zawgyi ver)

ဆေးရုံကဆင်းပြီးတည်းက မျက်နှာလေးမလန်းဘူး
ငယ်လေးအခုလိုဖြစ်နေတာ မြင်ရင် Hana ကို တော်တော် ဒေါသထွက်တယ် ငယ်လေးကို ဘာတွေပြောထားတာလဲ

Beomgyu : ကျောင်းသွားတော့မယ်

Soobin : အင်း ခဏလေး

ကားမောင်းနေပေမယ့် စိတ်ကငယ်လေးဆီမှာ
ခဏခဏ ဘေးကိုကြည့်နေရတယ်
ပြတင်းပေါက်ကို မျက်နှာမူထားတယ်
ဘာတွေများ အတွေးများနေတာလဲကွာ

Beomgyu pov : ကျွန်တော့်အတွေး ဆေးရုံ တုန်းကအချိန်ကိုပြန်တွေးမိနေတယ်

Hana : Beomgyu တစ်ချိန် မင်းအကိုကသူသိပ်ချစ်ရတဲ့ မိန်းကလေးတွေ့ရင် ဘယ်လိုလုပ်မလဲ မင်း ဘယ်ချိန်ထိ သူ့ဘဝအတွက်အတားအဆီးလုပ်နေမှာလဲ Soobin အရွယ်နဲ့ဆို မိန်းမရသင့်နေပြီမဟုတ်ဘူးလား အင်း ကလေးတောင်ရနိုင်တယ် မင်းကဘယ်အချိန်ထိ ဆွဲထားမှာလဲ ရောဂါသည် လူမမာဆိုပြီး အဲ့လိုပဲလုပ်နေမှာလား

................

တစ်ခါမှ ဒီလိုမတွေးဖူးဘူး Hyung ချစ်ရတဲ့ မိန်းကလေးပေါ်လာရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ hyung အပေါ် အရောင်ဆိုးမိတဲ့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ hyung ကိုဖက်တွယ်နေတာမဟုတ်ပါဘူး hyung ကိုချစ်မိနေတာ တောင်းပန်ပါတယ် hyung အတွက်တစ်ခါမှမတွေးမိခဲ့ဘူး hyung မှာဘဝရှိတာပဲ ကျွန်တော်က Hana noona ပြောသလို အနှောက်အယှက်ဖြစ်နေပြီထင်တယ် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးဇူးရှင်လိုပြုမူနေမိပြီလား

ငယ်လေးရယ် ဘာတွေစိတ်ညစ်နေတာလဲ
ဘာတွေများ အတွေးများနေရတာ
ဆေးရုံကဆင်းတည်းက စကားကို ငါးလုံးပြည့်အောင်မပြောဘူး hyung စိတ်ပူတယ် ငယ်လေး ထိခိုက်မှာ စိုးရိမ်တယ်...

နှစ်ယောက်လုံးရဲ့ ရင်ထဲကစကားတွေကို
ဘယ်သူမှသိနိုင်မှာ မဟုတ်.......

Soobin : ရောက်ပြီ ဆင်းလေ အပြန်လာကြိုမယ်

Beomgyu : အင်း

ကားပေါ်ကဆင်းသွားတယ် ထုံးစံအတိုင်း ကားဘက်ကိုပြန်လှည့်ပြီး မျက်လုံးလေးတွေပိတ်သွားတံအထိပြုံးပြပြီး တက်တာလုပ်ပြတယ် ဒီလိုဆိုတော့ နည်းနည်းစိတ်အေးရတယ်

Hyung (Soogyu) [Completed] Donde viven las historias. Descúbrelo ahora