All too Well(Z)

3K 130 19
                                    

Note-First Listen to Recommended Song at Media and Read the Fic

.....
ကြီးမားသည့် Condoရှေ့မှာကားကို ရပ်လိုက်ပြီး ကိုးထပ်မြောက်မှာရှိနေသည့် မှောင်နေသည့် အခနိးလေးကို မော့ ကြည့်လိုက်မိသည်..ဒီနေရာကို ထပ်မလာချင်ပေမယ့် လာခဲ့ ရပြန်ပြီ..Phကို ထုတ်ကာ
19.9.2019အထိ အပြန်အလှန် ပို့ထားကြသည့် Messageတွေရှိနေသေးသည့် Message Boxလေးကို ဖွင့်လိုက်သည်..
ဒီနေ့က 12.11.2020..
တစ်နှစ်ကျော် ကြာပြီးခါမှ Message ပို့ ရသည့် အတွက် လက်တွေက တုန်နေသည်..

"ကျွန်တော် (.....)က Condoကို ခဏ ရောက်နေတယ်..ဘွဲ့လက်မှတိတွေ ကျန်နေခဲ့လို့ လာယူတာ..တခြားလူ အိမ်ကို ဝင်သွားတယ် ထင်နေမှာစိုးလို့ Message လှမ်းပို့လိုက်တာ"

Zhan Geဟုရေးထားသည့် Contact လေး ဆီ Message ပို့လိုက်သည်..ခဏ အကြာရောက်လာသည့်စာက..

"အင်း..ငါ အဲ့ကို မရောက်ဖြစ်တာ ကြာပြီ..ဖုန်တွေရှိနေမယ် ထင်တယ်..Allergicတွေ ဖြစ်ဦးမယ်.. ဂရုစိုက်"

အရင်လိုပါပဲ..ဒီလူက အေးစက်စက်နဲ့ သူ့ကို ဂရုစိုက်ပေးနေတုန်းပဲ..လမ်းခွဲခဲ့တာ တစ်နှစ်ကျော်ခဲ့ပေမယ့် လည်းပေါ့..

....

Maskကို နှာခေါင်းမှာ တပ်ကာ Key Cardကို ယူပြီး တံခါးကို ဖွင့်လိုက်သည်..မှောင်နေသည့် အခန်းထဲ စဝင်လိုက်ထဲက ရင်ထဲမွှန်းကျပ် လာသည်..အရင်က ဒီ နေရာဟာ ရင်ထဲ ငြိမ်းချမ်းခဲ့ပေမယ့် လဲ အခုကတော့...
အကျင့်ပါနေသည့် လက်က မီးခလုတ်ကို စမ်းကာ ဖွင့်လိုက်တော့ ပွင့်သွားသည်.အခနိး အပြင်အဆင်ဟာ နောက်ဆုံး သူထွက်သွားခဲ့သည့် နေ့ကလိုပဲ..မပြောင်းလဲ သေး..
အိပ်ခနိးတံခါးကို ဖွင့်လိုက်တော့ ပြာလဲ့လဲ့မီးရောင်အောက်မှာ အစိမ်းရောင် အိပ်ရာခင်းတွေ လွှမ်းခြုံထားသည့် အိပ်ရာ က အရင် ကအတိုင်း ခြေရာ လက်ရာ မပျက်ပဲ ရှိနေတုန်း..
အိပ်ရာဘေးက အံဆွဲကိုဖွင့်ကာ ဘွဲ့လက်မှတ်ကို ယူလိုက်တော့ ကြားထဲက ထွက်ကျ လာသည့် အရာကေ
အစိမ်းရောင် မာဖလာလေးတစ်ခု..
ဖွဖွလေး ကိုင်မိရင်း အတိတ်က ထိုသူပြောခဲ့ဘူးသည့် စကားတွေကို ကြားယောင်မိပြီး မျက်ရည်က ကျလာသည်..

"ဘာလို့သိမ်းထားရတာလဲဆိုတော့ ဒီ မာဖလာလေးက Baeနဲ့ ကိုယ်စတွေ့စေခဲ့တဲ့ ပစ္စည်းလေးလေ Baeရဲ့..မပြောမကောင်း မဆိုကောင်း တစ်ချိန် ကိုယ်တို့ ဝေးသွားခဲ့ရင်တောင် ကိုယ်က ဒီမာဖလာလေးကို ရင်ဝယ်ပိုက်ရင်း စွဲကျန်နေတဲ့ Baeအငွေ့အသက်လေးတွေကို နမ်းရှိုက်ရင်း Baeကို သတိရပြီး နေသွားမှာ.."

All too WellTempat cerita menjadi hidup. Temukan sekarang