အဲ့နောက်ပိုင်းနှင်းနဲ့ရှင်းသန့်တို့ရင်းနှီးသွားကြတယ်
ရှင်းသန့်ဆီမှာကသူငယ်ချင်းများများစားစားမရှိကြဘူးရှိရင်လဲသူ့အပေါ် အပေါ်ယံသာခင်ကြတယ် နှင်းကသူ့အပေါ်စိတ်ရင်းနဲ့ခင်တော့ သူငယ်ချင်းကောင်းလုပ်ကြတာပေါ့ နောက်ပိုင်းနှင်းသင်တန်းသွားရင်ရှင်းသန့်ကိုဝင်ဝင်ခေါ်တယ် သင်တန်းကမနက်အစောကြီး၆နာရီဆိုတော့အရမ်းအေးတယ် အေးလဲဘယ်တတ်နိုင်မလဲလေ သွားရတာပဲ ရှမ်းပြည်ရဲ့ဆောင်းက အေးတယ်လေ
ဒီလိုနဲ့ပဲ၃လပြီးသွားတယ် နှင်းနဲ့ရှင်းသန့်တို့အရမ်းခင်လာကြတော့ အချင်းချင်းအရမ်းဂရုစိုက်ကြတယ်
တက္ကသိုလ်တက်ရတော့မဲ့အချိန်ရောက်လာတော့
နှင်းကbotanyမေဂျာရတယ် ရှင်းသန့်ကzoologyရတယ်
စိတ်မကောင်းဖြစ်ကြတာပေါ့မေဂျာမတူတော့
နှင်း "ဟဲ့ရှင်းသန့် ငါ့မေဂျာပြောင်းလာခဲ့လေ အပင်တွေနဲ့ဆိုပျော်စရာရီး စာတွေလဲသိပ်ကျက်စရာမလိုဘူးဟ"
ရှင်းသန့်"မရဘူးနင်ငါ့မေဂျာပြောင်းခဲ့ zoologyပိုကောင်းတယ်"
နှင်း"ဟာ ငါမပြောင်းချင်ဘူးနင်ပြောင်းခဲ့"နှစ်ယောက်စလုံးအငြင်းခုန်ရင်း ဘယ်သူမှလဲမပြောင်းလိုက်ရပါဘူး😅😅
တက္ကသိုလ်တက်ရတော့ပျော်စရာကြီးပေါ့ဒါပေမဲ့အခန်းမတူတော့ဘယ်ဝမ်းသာနိုင်မလဲနော်
အဲ့နောက်ပိုင်းနှင်းကိုproposeလုပ်လာတဲ့ကောင်လေးရှိတယ် နှင်းမချစ်ပေမဲ့ ကြည့်ကောင်းလို့ထားလိုက်တယ် နောက်ပိုင်းနှင်းမကြိုက်ဘူး နှင်းစိတ်ကုန်လာတယ် ပြီးတော့ဖြတ်တယ် နောက်တစ်ယောက်ထားလိုက်ဖြတ်လိုက်နဲ့ ၃ယောက်မြောက်ရောက်တော့ နှင်း စိတ်ထဲတွေးလာတယ် "ငါဘာဖြစ်နေတာလဲ ဘာလို့တစ်ယောက်မှခံစားလို့မရတာလဲ" နောက်တော့ နှင်းတစ်ယောက် facebookသုံးရင်း lgbt pageကိုတွေ့မိတယ် အဲ့pageထဲမှာ lgbtကိုရှင်းပြထားတာအရှည်ကြီးပဲ (ရေးမပြတော့ဘူးနော်😁)
နှင်း နောက်ပိုင်းlgbtအသိုင်းအဝိုင်းထဲဝင်လာတယ်
အဖွဲဝင်တောင်လုပ်လိုက်သေးတယ်
အဲ့lgbtထဲကသူငယ်ချင်းတစ်ယောက်ရခဲ့တယ်လေ ခိုင်မိုးတဲ့ သူနဲ့ခင်လာတယ် ရင်ဖွင့်လို့ရတယ်လေ
နောက်တော့ နှင်းတစ်ယောက် ရှင်းသန့်ကိုရင်းနှီးလာလေ ချစ်မိလာသလိုဖြစ်လာတယ် သင်္ကြန်ကျောင်းပိတ်ရက်ရောက်တော့ရှင်းသန့်တို့မိသားစုခရီးထွက်သွားတယ် နှင်းနဲ့ရှင်းသန့်တို့မတွေ့ရတော့တဲ့အချိန်က စပြီး နှင်း ရှင်းသန့်ကိုလွမ်းလာတယ်ရှင်းသန့်ကိုဖုန်းဆက်ပါတယ် အလွမ်းတော့မပြေဘူးပေါ့
သင်္ကြန်ပြီးတော့ ရှင်းသန့်ပြန်လာပြီလေ နှင်းအရမ်းပျော်သွားတာပေါ့ တွေ့ရတော့မယ်လေ
တက္ကသိုလ်လဲတက်ချိန်ရောက်တော့
နှင်းလဲရှင်းသန့်ကိုဝင်ခေါ်မြဲပေါ့ မေဂျာမတူပေမဲ့ကျောင်းတူတယ်လေ
နေ့တိုင်းလိုလိုနှင်းအတန်းစောဆင်းရင် ရှင်းသန့်ကိုစောင့်ဖြစ်တယ် ရှင်းသန့်စောဆင်းရမဲ့နေ့ရောက်တော့ ရှင်းသန့်စောင့်နေရမှာစိုးလို့အတန်းအမြဲလိုလိုပျက်ရတာပေါ့ သံယောဇဉ်ကလဲတိုးလာပြီလေ မခွဲချင်တော့ဘူး နောက်တော့နှင်းနားလည်လာတယ် နှင်းချစ်တာ ကောင်လေးတွေမဟုတ်ဘူးပဲ နှင်းရှင်းသန့်ကိုချစ်နေခဲ့မိတာပဲ သူငယ်ချင်းထက်ပိုခဲ့မိတာပဲ
နှင်းတစ်ယောက်ညတိုင်းလိုလိုတွေဝေလာတယ်
"ငါရှင်းကိုချစ်တဲ့အချစ်ကသူများနဲ့မတူတော့လက်ခံပါ့မလားငါ့အချစ်ကသူငယ်ချင်းထက်ပိုနေတော့ဘယ်လိုလုပ်ရမလဲဟူးညတိုင်းလဲဒီစိတ်နဲ့အိပ်လို့မပျော်ဘူးရယ်"
တက္ကသိုလ်လဲဘာလိုလိုနဲ့ပထမနှစ်ပီးသွားရော
ကျောင်းပိတ်ပေမဲ့ သင်တန်းအကြောင်းပြချက်နဲ့ နှင်းတစ်ယောက်ရှင်းသန့်တို့အိမ်ကိုသွားမြဲ
ရှင်းနဲ့အဖော်လုပ်မြဲ ရှင်းလိုအပ်တာဖြည့်ဆည်းပေးမြဲ
ရှင်းတစ်ခုခုလိုလာတဲ့ အမြဲအသင့်ရှိပေးခဲ့တယ် ရှင်းကလဲတစ်ဦးတည်းသောသမီးလေ အမြဲတမ်းအလိုလိုက်ခံခဲ့ရတယ် ရှင်းမိဘက အိမ်သိပ်မရှိတော့ နှင်းကိုပဲခေါ်ခေါ်နေရတာပေါ့ ရှင်းလဲနှင်းကိုချစ်ပါတယ် သူငယ်ချင်းတစ်ယောက်ထက်မပိုခဲ့ရုံပေါ့ ရှင်းနှင်းကိုဖုန်းဆက်လိုက်တိုင်းနှင်းက၅မိနစ်အတွင်းခဏလေးနဲ့ရှင်းဆီရောက်လာတယ် ဒီလိုပဲလုပ်နေတာပေါ့ ကြာတော့နှင်းရဲ့ကျောင်းကသူငယ်ချင်းပြောလာတယ်"နှင်းနင်သူ့ဆီပဲသွားသွားနေတယ်နော်ကျောင်းလဲပုံမှန်မလာဘူး နင်သူ့အသုံးတော်ခံလုပ်နေလား"တဲ့ နှင်းတော့မတွေးမိဘူးနှင်းသူ့အနားနေရတာပျော်တယ် သူ့အသုံးတော်ခံဖြစ်လဲလာမှမဖြစ်ပါဘူးနှင်းအရာအားလုံးလုပ်ပေးဖို့အဆင်သင့်ပဲလေ ဒီလိုနဲ့ပဲ၂နှစ်ကျော်ရောက်လာခဲ့တယ်ပေါ့
ရှင်းသန့်ရဲ့၂၀နှစ်ပြည့်မွေးနေ့လေးရောက်လာတော့မယ်နှင်းတစ်ယောက်အလုပ်ရူပ်နေလေရဲ့
နှင်းကအတင့်အသင့်သိပ်မချမ်းသာတဲ့လူတန်းစားထဲပေါ့ ဒါကြောင့်နှင်းတစ်ယောက် စဉ်းစားနေခဲ့တယ် သူ့မွေးနေ့တွက်ဘယ်လိုစီစဉ်ပေးရမလဲဆိုတာပေါ့ နှင်းလဲဘာမှစဉ်းစားမရတာနဲ့lcciစာမေးပွဲဖြေဖို့ပိုက်ဆံကို မဖြေတော့ပဲရှင်းအတွက်မွေးနေ့လုပ်လိုက်တာပေါ့
KTV ဌားတယ် ပြီးတော့သူ့တွက် လက်ပတ်နာရီ၆သောင်းကျော်တန်လေးတစ်လုံး ဝယ်လိုက်တယ် ဒီလောက်ဆိုရပြီပေါ့
ရှင်းသန့်မွေးနေ့..
နှင်း"happy birthdayရှင်းရေ လိုတာမှန်သမျှလက်ညွန်တာမှန်သမျှအမြန်ဆုံးရပါစေ"
ရှင်း"ကျေးဇူးပဲနော် ဒါနဲ့ငါ့ကိုဘာပေးမလဲဘာလုပ်ပေူမလဲပြော"
နှင်း"နင်ကလဲ ငါနဲ့ဒီလောက်ခင်လာတာကို မာနကြီးတဲ့သံကြီးထည့်မပြောနဲ့လေဟယ်"
ရှင်း"နင်ကလဲငါ့အကျင့်ကဒီလိုဆိုတာသိသားနဲ့"
နှင်း"အေးပါဟယ် ဒါနဲ့ဒီနေ့နင့်အတွက်suprise လုပ်ထားပေးတယ် KTV စီစဉ်ထားတယ်"
ရှင်း"တကယ်လား ပြီးရော"
နှင်းရဲ့စိတ်ထဲတော့ "ပြီးရောတဲ့လား😥ငါ့မှာသူ့အတွက်ပြင်ဆင်လိုက်ရတာ ktvခန်းထဲကဘောလုံးတွေကောအပြင်ဆင်တွေရောငါလုပ်ပေးထားတာလေဟယ် တန်ဖိုးမရှိသလိုပဲ"
ရှင်း"ငါ့ကိုညနေကားနဲ့လာခေါ်လိုက် ငါ့သူငယ်ချင်းတွေကိုလဲဝင်ခေါ်မယ် အကုန်ကြိုလာခဲ့ ငါ့အမဝမ်းကွဲကောလာဖို့ပြောလိုက်မယ်"
နှင်း"အေးပါ အာ့ဆိုနင်၅နာရီအဆင်သင့်ပြင်ထားငါလာခေါ်မယ်"
ရှင်း"အေအေ"
နှင်းစိတ်ထဲတော့ "ဟင်းနင့်ကိုအပေါ်ယံပေါင်းတဲ့သူငယ်ချင်းတွေကိုမခေါ်လို့မရဘူးလားဟာ ငါတ်ု့နှစ်ယောက်ထဲဆိုပျော်မှာ😥"
ညနေ၄နာရီရောက်တော့နှင်းတစ်ယောက်ရှင်းရဲ့သူငယ်ချင်းတွေကိုကားနဲ့ပတ်ခေါ်နေရတာပေါ့
Ring Ring Ring
နှင်းရဲ့ဖုန်းမြည်လာတယ်ရှင်းသန့်ဆီကပေါ့
နှင်း"အေးပြော"
ရှင်း"မလာသေးဘူးလားဟ"
နှင်း"အေး နင့်သူငယ်ချင်းကိုစောင့်နေတာပြင်လို့မပြီးသေးဘူးဟ"
ရှင်း"အေမြန်မြန်လာနောက်ကျတော့မယ်"
နှင်း"အေး..."တီ.....ငိပြောလို့တောင်မပြီးသေးဘူးဖုန်းချသွားတယ်🥴🥴🥴
၄:၅၆
ရှင်းရဲ့ဖုန်းဝင်လာရော
ရှင်း"ဟဲ့မလာသေးဘူးလားနောက်ကျနေပြီဟငါ့အမဝမ်းကွဲရောက်နေပြီတဲ့နောက်ကျလိုက်ာဘာလုပ်နေတာလဲဟ"
နှင်း"အေး ငါလမ်းမှာဟ လာနေပြီ...တီ ဟယ်ပြောလို့တောင်မပြီးသေးဘူးမယ်မင်းကြီးမဒေါထနေပြီ"
နှင်းလဲမြန်မြန်မောင်းလာလိုက်တယ်
ရှင်းအိမ်ရောက်တော့ ၅နာရီ၁၀မိနစ်နှင်းစိတ်ထဲ"ငါနင့်တွက်နင်ကြိုက်တဲ့နာရီလက်ဆောင်ဝယ်ခဲ့တယ်နင့်ကိုအရင်ဆုံးလက်ဆောင်ပေးတဲ့သူငါဖြစ်ရမယ်"လို့တွေးရင်းပျော်နေတယ် လက်ဆောင်ဗူးလေးကိုင်ရင်းရှင်းကိုခေါ်လိုက်တယိ
နှင်း"ရှင်းရေသွားရအောင်"
ရှင်းစိတ်တိုတိုနဲ့အိမ်ပြင်ထွက်လာပြီးရှင်း"နင်ဘာလို့နောက်ကျတာလဲ"
နှင်း"happy birthdayနော်ဘွားတော်ရော့နင့်အတွက်"
ရှင်းကစိတ်တိုတိုနဲ့နှင်းပေးတာကိုစိတ်မဝင်စားပဲ သူနောက်ကျနေပြီဆိုပြီးစိတ်တိုတိုနဲ့ နှင်းကိုခြေထောက်နဲ့ဆောင့်ကန်လိုက်တယ်
နှင်းလဲ လဲကျသွားတယ်
နှင်"အား...နာလိုက်တာ"
YOU ARE READING
ပေးဆပ်ခြင်းနှင့်ချစ်သည့်ချစ်ခြင်း
أدب المراهقينကျွန်တော့ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးမျှဝေချင်ပါတယ်နော် အမှားပါခဲ့ရင်တောင်းပန်ပါတယ် ပထမဆုံးရေးမှာမို့သည်းခံပြီးဖတ်ပေးကြပါနော် ကျေးဇူးတင်ပါတယ်