နှင်းလဲကျသွားတော့
ရှင်းသန့်လဲလွန်သွားတာသူသိတယ်
ဒါပေမဲ့သူမာနမလျော့ခဲ့ဘူး
ရှင်းသန့်နှင်းကိုကြည့်ပြီး
ရှင်း"သွားမယ်"😠
နှင်း"ဟမ်..ဪအေအေ😕"
နှင်းလဲဝမ်းနည်းသလိုဖြစ်သွားတယ်
ရှင်းသူငယ်ချင်းတွေကားထဲကနေလှမ်းမြင်နေတယ်လေသူလုပ်ရက်လိုက်တာတွေးရင်းကားမောင်းတာနှေးသွားတယ်ထင်ပါရဲ့
ရှင်း"ဟဲ့မြန်မြန်မောင်းလေ"
နှင်း"ဟမ်..အေးအေး"
At KTV
အကုန်လုံးကားပေါ်ကဆင်းသွားတော့
နှင်းလဲ"ရှင်းငါကားပါကင်ထိုးဦးမယ်ခဏစောင့်"
ရှင်းမကြားတာလားမကြားသလိုလုပ်တာလားမသိသွားနှင့်ပြီလေ နှင်းလဲဘာမှမတွေးပဲကားပါကင်ထိုးလိုက်တယ် "ငါ့ကိုလဲမစောင့်ပါလားရှင်းရယ်"လို့တွေးရင်းအထဲဝင်သွားလိုက်တယ် အထဲရောက်တော့ happy birthdayဆိုပြီးနာရီဗူးလေးပေးလိုက်တယ်
ရှင်း"ကျေးဇူးပဲနော်"တဲ့
ပျော်ပျော်ပါးပါးမွေးနေ့သီချင်းဆိုရင်းမွေးနေ့ကိတ်ခွဲလိုက်တယ် သူမွေးနေ့ကိတ်လိုက်ခွံကြွေးခဲ့တယ်ဒါမဲ့နှင်းကနောက်ဆုံးမှခွံကြွေးခံရတယ်ဝမ်းလဲနည်းမိသလိုလိုဝမ်းလဲသာမိသလိုလိုဖြစ်နေတယ် သူ သူ့သူငယ်ချင်းတွေနဲ့သီချင်းဆိုဓာတ်ပုံရိုက်နေတော့နှင်းကအပယ်ခံလိုလိုဖြစ်နေတယ် တော်သေးတယ် ခိုင်မိုးပါလာလို့ပေါ့ ခိုင်မိုးနဲ့နှင်းစကားပြောနေလိုက်တယ်
ခိုင်မိုး"နှင်း နင်သူ့ကိုကြိတ်ကြွေနေတာမလားငါမြင်တယ်နော်"
နှင်း "အင်း နင်သိတယ်ပေါ့"
ခိုင်မိုး"အမလေးသိပါ့ နင်သူ့ကိုအဲ့လောက်ဂရုစိုက်ပေးလုပ်ပေးနေတာမသိပဲနေမလားဒီလောက်သိသာနေတာကိုဘယ်bffကအဲ့လောက်လုပ်ပေးလို့လဲဟဲ့"
နှင်း"အင်း ..ဒီလိုပါပဲဟာ တဖက်သတ်ပေါ့"
ခိုင်"နင်ဖွင့်ပြောသင့်တယ်နော်ကြာပြီမလား"
နှင်း"အင်း..၃နှစ်ရှိတော့မယ်"
ခိုင်"ပြောလိုက်တော့လေ ဒီလိုအကြာကြီးcrushနေမဲ့အစားပြောလိုက်ဟာ သူနင့်ကိုဂရုစိုက်တာပဲ"
နှင်း"ဖြစ်ပါ့မလားဟာ"
ခိုင်"ကြိုးစားကြည့်ပေါ့"
နှင်း"အေးပါ"
မွေးနေ့ပွဲလဲပြီးရော နှင်းလဲktvဖိုးရှင်းပြီးအကုန်ကိုအိမ်လိုက်ပို့ပြီးနောက်ဆုံးရှင်းအိမ်ကိုလိုက်ပို့ခဲ့တယ်
လမ်းမှာ..
နှင်း"ရှင်းပျော်ရဲ့လား"
ရှင်း"အင်းပျော်တယ်"
နှင်း"အင်းနင်ပျော်ရင်ပြီးရော ဒါနဲ့ငါမေးချင်တာရှိတယ်"
ရှင်း"အင်းမေးလေ"
နှင်း"နင် မိန်းကလေးချင်းချစ်တာဘယ်လိုမြင်လဲ"
ရှင်း"အင်း ခိုင်မိုးတို့လိုအတွဲလား"
ခိုင်မိုးကrsနဲ့ဆိုတာပြောဖို့မေ့နေတာ😁
နှင်း"အေဟုတ်တယ်"
ရှင်း" အင်း..."
နှင်းလဲဆက်မမေးရဲတော့ငြိမ်နေလိုက်တယ် ရှင်းအိမ်ရောက်တော့
နှင်း"ငါပြန်တော့မယ်နော်"
ရှင်း"အေအေဖြေးဖြေးပြန်နော်"
နှင်းအိမ်မပြန်သေးပဲကားပတ်မောင်းနေခဲ့တယ်
"ဟူးဒီစိတ်နဲ့တော့ရူးတော့မှာပဲ ငါပြောလိုက်သင့်လား
ငါပြောလိုက်ရင်သူငြိုငြင်နေမလား ဘာလုပ်သင့်လဲ" တွေးရင်းနဲ့နှင်းမျက်ရည်ကျလာတာကိုသူကိုယ်တိုင်သတိမထားမိခဲ့
အိမ်ရောက်တော့၈ခွဲရှိပြီ
နှင်းdady"ဘာလို့နောက်ကျနေတာလဲအိမ်ကစိတ်ပူနေတာမသိဘူးလား"
နှင်း"သမီးရှင်းဆီရောက်နေတာdadyရဲ့ခုအိမ်ရောက်ပြီပဲပင်ပန်းနေပြီနားတော့မယ်"
နှင်းdady"ဟဲ့နေဦးငါပြောလို့မပြီးသေးဘူး😠"
နှင်းတစ်ယောက်နားညီးပြီးကိုယ့်အခန်းကိုဝင်သွားလိုက်တယ်
အိပ်ယာပေါ်လှဲလိုက်ရင်း ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေးနေမိတယ်
နှင်း"ဒီနေ့သူငါ့ကိုဘာလို့စိတ်မရှည်ဖြစ်နေပါလိမ့်ငါ့ကိုကန်လဲကန်တယ်ထူလဲပြန်မထူဘူးငါနဲနဲပဲနောက်ကျတာပဲကိုဟာ အဲ့နောက်ကျတာလဲသူ့ သူငယ်ချင်းကိုသွားကြိုခဲ့တာလေ ဘာလို့လဲဟာ ဘာလို့ငါ့ကိုအခိုင်းအစေတစ်ယောက်လိုဆက်ဆံရတာလဲ ရှင်း နင်ဟာငါ့ကိုအချော့ကြွေးလိုက်အခါးကြွေးလိုက်နဲ့ဟာ နင်ကဘာလဲဟာ ငါနင့်ကိုမချစ်ချင်တော့ဘူးဟာ နင့်နားမှာနေရတာအရမ်းပင်ပန်းတာပဲ ပင်ပန်းတာသိရက်နဲ့ဘာလို့ငါပျော်နေရတာလဲဟာ😥😥"
နှင်းမျက်ရည်တွေခေါင်းအုံးပေါ်မှာရွဲနေပြီလေ
ငိုရင်းနဲ့အိပ်ပျော်သွားလေရဲ့....
YOU ARE READING
ပေးဆပ်ခြင်းနှင့်ချစ်သည့်ချစ်ခြင်း
Ficção Adolescenteကျွန်တော့ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးမျှဝေချင်ပါတယ်နော် အမှားပါခဲ့ရင်တောင်းပန်ပါတယ် ပထမဆုံးရေးမှာမို့သည်းခံပြီးဖတ်ပေးကြပါနော် ကျေးဇူးတင်ပါတယ်