{BOTH ZAWGYI & UNICODE}မာကိုချန် ဟာ အေးဆေးတည်ငြိမ်တဲ့ အကျင့်စရိုက်မျိုးရှိတယ် ... ကျွန်မ သူ့ကိုကြည့်နေသလို ရှင်တို့မြင်နေရမယ်ဆိုရင် ထူးထူးခြားခြားမလှပေမယ့် မိန်းကလေးဆန်တဲ့အသွင်အပြင်ကတော့ ပီသတဲ့သူမှန်းမြင်တွေ့ရပါလိမ့်မယ်။
အာယူမီ ဆိုတဲ့ နာမည်ကို သူပဲကျွန်မကို ပေးထားတာလေ ... လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က မီးမှိန်မှိန် ဓာတ်တိုင်အောက်မှာ ငိုနေခဲ့တုန်းကတော့ ကျွန်မ နာမည်က အာယူမီ မဟုတ်ခဲ့ဘူးပေါ့ .... "ခိုမယ့်" ... အဲ့တုန်းက ကျွန်မ နာမည်က ခိုမယ့် .... ၇ နှစ်အရွယ်ကလေးတစ်ယောက်အတွက် ဘာကိုမှမမှုနိုင်အောင် လွတ်မြောက်ရင်ပြီးရော ထွက်ပြေးစေနိုင်လောက်သည်အထိ စိတ်ပျက်ဖွယ်အတိပြီးနေတဲ့ အိမ်မှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မ ဟာ အိမ်ရဲ့ အဝေးဆုံးကို မရပ်မနား ထွက်ပြေးခဲ့ပြီး ညမှောင်ရီအချိန် မရင်းနှီးတဲ့အရပ်ဒေသမှာ လမ်းပျောက်နေတုန်း မာကိုချန် နဲ့ တွေ့ခဲ့ရတာပဲ .....
အဲ့တုန်းက မာကိုချန်က ၂၃ နှစ်အရွယ် မိန်းမပျိုလေးတစ်ယောက်အနေနဲ့ပဲ ရှိခဲ့သေးတာ .... ခု ကျွန်မ မျက်စိရှေ့က မာကိုချန် နဲ့ အရမ်းကြီးမကွာခြားခဲ့ဘူးဆိုပေမယ့် ခု မာကိုချန် လိုတော့ မျက်လုံးနားလေးတွေမှာ အရေးအကြောင်းလေးတွေရေးရေးလေးတောင် မရှိခဲ့ဘူး ....
မျက်နှာဟာ ဘာကိုခံစားနေရမှန်းဖတ်မရလောက်အောင်ကို တည်ငြိမ်နေပေမယ့် အလွန်ပင်
နှလုံးသားနွေးထွေးတဲ့ သူမှန်း ... ကျွန်မကို သူ့အိမ်မှာ ၁၃ နှစ်လုံးလုံး တင်ကျွေးမွေးစားထားတာကို ကြည့်ရင်ပဲ သိနိုင်ပါတယ်။မာကိုချန်ဟာ ကျွန်မ သူ့ကိုသိခဲ့တဲ့တစ်လျှောက်လုံး ဆံပင်ရှည်ထားဖို့မပြောနဲ့ .. ပခုံးထိရှည်တာက အလွန်ဆုံးပဲ ... ဂုတ်ဝဲ ဆံပင်ပျော့ပျော့ ဝဲဝဲ လေးတွေက သူမဟာ ဒီဆံပင်ထားဖို့မွေးဖွားလာသလား ထင်မိရလောက်အောင်ကို ကြည့်ကောင်းပြီး လိုက်ဖက်လှပါတယ်။
YOU ARE READING
Cuentos Cortos 【YURI】
Short Story#Yuri #Girl×Girl #Myanmar Short stories about the affairs between GIRLS👩❤ I have a lot of stories to tell you 🍁✨ Caution : [Slow Update!] 📚 This is my tenth book📑