******
မိုးရွာထားသဖြင့် ခပ်အုံ့အုံ့ဖြစ်နေသော ပတ်ဝန်းကျင်သည် စိုစိစိုစိ ဖြစ်၍နေသည်။ သစ်ပင်များပေါ်တွင် တွဲခိုကျန်ရစ်ခဲ့သော မိုးရဲ့ ခြေရာ မိုးရေစက်ကလေးများ လေအဝှေ့တွင် တရှဲရှဲ တဖြောက်ဖြောက်ဖြင့် ခပ်ညို့ညို့ လမ်းနက်နက်ဆီသို့ အလုအယက်ခုန်ဆင်းလာကြသည်။
ထိုမိုးစက်ကလေးများသည် အကာအကွယ်မဲ့နေသော Nacre ကိုယ် ပေါ်သို့လည်း ကျရောက်လာကြသောကြောင့် ဝတ်ထားသောအဝတ်ထဲစိမ့်မဝင်ခင် အလျင်အမြန်ပင်ခါချလိုက်သည်။
ရာသီဥတုမှာ ခပ်စိမ့်စိမ့်ဖြစ်နေသောကြောင့် ဝတ်ထားသော အကျီ င်္လက်ရှည်ကို ဆွဲဆန့်လိုက်ပြီး လက်များကို ချိုင်းအောက်ညှပ်ကာ Nacre ရဲ့ခြေလှမ်းများကရှေ့အလှမ်းနည်းနည်းလှမ်းလျှောက်ပြီးနောက် ဦးတည်ရာ ကော်ဖီဆိုင်လေးရဲ့ ရှေ့တွင် ခဏတာရပ်တန့်သွားသည်။ ဆိုင်လေးကို သေချာကြည့်ပြီးမှ သက်ပြင်းတစ်ချက်ပင့်ကာ ဆိုင်လေးထဲသို့ ဝင်ရောက်ခဲ့သည်။
အမြဲတစေ လူမပြတ်သော်လည်း လူပါးသော ထိုဆိုင်လေးမှာ လူအများဆုံးရှိမှ ငါးယောက် ခြောက်ယောက်သာ ... ။ ဒီဆိုင်လေးသည် Nacre ရဲ့ အကြိုက်ဆုံးဆိုင်လေးဖြစ်သည်။ အမှောင်ဘက်သွားသော ဆိုင်အပြင်အဆင်နှင့် ဖွင့်ထားသော တေးဂီတ များက စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်သည်။
ဒီနေ့လည်း ဆိုင်ထဲတွင် လူသုံးယောက်သာရှိလေသည်။ စာအုပ်ဖတ်နေတဲ့ ခပ်ရွယ်ရွယ် လူငယ်ကောင်လေးတစ်ယောက်ရယ် ... laptop သုံးနေတဲ့ အသက်အစိတ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက်ရယ် ... အဲ . အစ်မကြီးတစ်ယောက်လို့သုံးရင်ပိုမှန်မယ် ... ဘာလို့ဆို Nacre က ခုမှ အသက်ဆယ့်ရှစ်နှစ်သာသာရယ် ... အင်း ... ပြီးတော့ ခပ်ကုပ်ကုပ်ဖြင့် ဖုန်းသုံးနေသော မျက်တွင်းဟောက်ပတ်ဖြင့် မဲညိုနေသောမျက်ကွင်းများနှင့် အသားဖြူစုပ်စုပ် ဦးလေးကြီးတစ်ယောက်ရယ် ...
YOU ARE READING
Cuentos Cortos 【YURI】
Historia Corta#Yuri #Girl×Girl #Myanmar Short stories about the affairs between GIRLS👩❤ I have a lot of stories to tell you 🍁✨ Caution : [Slow Update!] 📚 This is my tenth book📑