The Flower Dancing by the Wind

168 28 4
                                    

[U]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[U]

ကော်ဖီနံ့ သင်းပျံ့နေတဲ့ လေထုက စာအုပ်ဖတ်နေတဲ့ ကျွန်မကို လွှမ်းခြုံထားတယ်။ အပြင်က မိုးစက်တို့နဲ့အပြိုင်၊ ကော်ဖီဆိုင်တွင်းရဲ့ လေအေးပေးစက်က အလုပ်လုပ်နေတယ်။ ခုနေ မိုးမိပြီး ရေများ စိုလာလို့ကတော့ အေးစိမ့်နေရောပဲ။

မိုးစိုတယ်လို့ တွေးမိတော့ ဖတ်လက်စ စာအုပ်ကို လက်ညှိုးခံပြီး ခဏ ပိတ်လိုက်ကာ၊ မှန်ခြားထားတဲ့ ဆိုင်အပြင်ဘက်ကို ငေးကြည့်လိုက်တယ်။ ထီးရောင်စုံဆောင်းထားတဲ့ လူရောင်စုံတို့က ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားနေလိုက်ကြတာ။

စာအုပ်ကို အပြီးပိတ်ပစ်ရန် ကြံမိတော့၊ စာမှတ်ကဒ်လေးနဲ့ ရောက်လက်စ နေရာကို မှတ်လိုက်တယ်။ အေးစပြုနေပြီဖြစ်တဲ့ လက်ကျန်ကော်ဖီ တစ်ဝက်ကို နောက်တစ်ကျိုက်သောက်ရန် ကောက်ယူလိုက်တယ်။

စားပွဲပေါ် တံတောင်နှစ်ဖက် ထောက်၊ ပါးစပ်က ကော်ဖီကို ငုံသောက်နေရင်း မျက်လုံးက ဆိုင်အတွင်းကို ဝေ့ကြည့်လိုက်တယ်။ စာအုပ်ထဲ အာရုံရောက်နေခဲ့တော့ ပတ်ဝန်းကျင်ကို ခုမှ အမိအရ ကြည့်ရတယ်။

ရုတ်တရက်ကြီး ရင်ထဲ ထိတ်ခနဲ ... ။

အကြောင်းကတော့ ရှေ့တည့်တည့် တခြား စားပွဲဆီမှ အမျိုးသမီး တစ်ယောက်က ကျွန်မကို စူးစိုက်ကြည့်နေလို့ပဲ။ သူနဲ့ စကားပြောနေတဲ့ အမျိုးသား တစ်ယောက်က ကျွန်မကို ကျောခိုင်းလျက်သား ထိုင်နေတယ်။ သူကတော့ အဲ့အမျိုးသားနဲ့ စကားပြောရင်း ပါးစပ်က လှုပ်နေပေမဲ့ မျက်လုံးများက ကျွန်မဆီမှာ။

သူက စကားပြောရင်း ပြုံးလည်း နေတော့၊ မသိရင် ကျွန်မကိုများ ရွှန်းရွှန်းစားစား ပြုံးပြနေသလားလို့ ထင်ရတယ်။

Cuentos Cortos 【YURI】Where stories live. Discover now