Ep-10

9.9K 1K 30
                                    

JK- "Park Jimin! ကျနော်ကခင်ဗျားကို ဒီတိုင်းလွတ်ထားမယ်လို့ ထင်နေတာလား? ခုခင်ဗျားကိုကျနော်အိမ်ပြန်ပို့ပေးမယ် ခင်ဗျားဒီနေ့ကစပြီး အိမ်ထဲကအိမ်ပြင်ထွက်ဖို့မစဉ်းစားနဲ့ မနက်ဖြန်ကျောင်းသွားရင်လည်း ကျနော်ကိုယ်တိုင်လာခေါ်မယ် ခင်ဗျားသိထားရမှာက ခင်ဗျားကကျနော့်အပိုင်ဆိုတာပဲ ပြီးတော့ ခင်ဗျားလက်ထပ်ရမယ့်သူကလည်း ကျနော်ပဲဆိုတာ"

JM- "ဟက် မင်းကငါ့ကိုချစ်တာမဟုဘူး မင်းကိုယ်မင်းချစ်တာ မင်းစိတ်ချမ်းသာဖို့တခုထဲနဲ့ ငါ့ကိုငါ့ဆန္ဒမပါဘဲခိုးပြေးတယ် ငါ့ဆန္ဒမပါဘဲလက်ထပ်ဖို့စီစဉ်တယ် ငါ့စိတ်ချမ်းသာမှုကဘယ်မှာလဲ အကုန်လုံးက
မင်းစိတ်ချမ်းသာဖို့အတွက်ပဲ မင်းလုပ်တာ မင်းကျတော့မင်းချစ်တဲ့ငါနဲ့ ပေါင်းဖတ်နိုင်အောင်ကြံပြီး ငါကျတော့ရော....ငါကျတော့ရော...ဘာလို့ငါချစ်တဲ့လူနဲ့ ပေါင်းဖတ်ခွင့်မရ,ရမှာလဲ မင်းကအတ္တသမား မင်းကိုငါမုန်းတယ်!!အတိတ်ကိုသာပြန်သွားလို့ရရင် ငါဆိုးလ်ကိုပြောင်းလာမှာမဟုဘူး"

ပြောပြီးကားပေါ်တက်သွားတဲ့hyg တောင်းပန်ပါတယ်hygရယ် ကျနော်hygကိုဘယ်သူ့ကိုမှမပေးနိုင်လို့ပါ ကျနော်လည်းကားပေါ်တက်ပြီး hygကိုအိမ်ပြန်လိုက်ပို့ပေးလိုက်တယ်

JM's omma- "ပြန်လာကြပြီလား?"

(AN/ JMအဖေနဲ့ အမေနဲ့က ဒီကိစ္စကိုမသိပါဘူးနော် နှစ်ယောက်သား ဝတ်စုံသွားရွေးတယ်လို့ပဲ သိထားတာပါ😁)

JM- "သားသွားနားတော့မယ်"

ပြောပြီးအပေါ်တက်သွားတဲ့ Jimin

JM's omma- "Jungkook... သားတို့ဘာဖြစ်လာကြတာလဲ?"

JK- "ဘာမှမဖြစ်ပါဘူး..မေမေရဲ့..
သားလည်းပြန်တော့မယ်နော်"

JM's omma- "အေးပါကွယ်..ဂရုစိုက်သွားနော်

JK- "Nae"

ကျနော်လည်းနှုတ်ဆက်ပြီး ထွက်လာလိုက်တယ်

JK- "မင်းတို့တွေ hygကိုသေချာစောင့်ကြည့်ထား တခုခုဆိုငါ့ဆီဖုန်းဆက်"

Men- "ဟုကဲ့ပါ...သခင်လေး"

ကျနော့်လူတွေကိုမှာစရာရှိတာမှာပြီးထွက်လာလိုက်တယ်
ဟူး တော်သေးတာပေါ့ hygကိုဒီတိုင်းလွတ်မထားမိလို့ hygမသိအောင် hygပိုက်ဆံအိတ်မှာ GPSတပ်ထားတာ တကယ်အသုံးဝင်တာပဲ hygရယ် ကျနော့်ဘဝထဲကထွက်မသွားပါနဲ့ hygကျနော့်ကိုကြိုက်သလိုပြော ကြိုက်သလိုဆက်ဆံလို့ရပါတယ် ကျနော့်ဘဝထဲကထွက်သွားဖို့တော့ ဘယ်တော့မှ မတွေးပါနဲ့ hygကိုကျနော့်ဘဝထဲက ခေါ်ထုတ်သွားမယ့်ဘယ်သူမဆို ကျနော်ကရှင်းပစ်မှာပဲ အိမ်ရောက်တော့ ခနနားပြီး ရေချိုးလိုက်တယ် ရေချိုးပြီးတော့ hygကိုဖုန်းဆက်လိုက်တယ်

Mirror Love (Completed)Where stories live. Discover now