Ep-18

8.3K 779 30
                                    

ကျနော်တို့မနက်ခင်းကတော့ မပြောင်းလဲဘူးပေါ့ ကျနော်ကအရင်နိုးတယ် သဲကိုငါးမိနစ်လောက်ကြာအောင်ကြည့်မယ် ကြည့်ပြီးရင်ရေချိုးမယ် ရေချိုးပြီးသဲကိုနှိုးမယ် နှိုးပြီးရင်မနက်စာပြင်မယ် မနက်စာစားပြီးရင် ကျောင်းကိုအတူတူသွားတယ် သဲကိုကျနော်ပဲချက်ကျွေးနေရလို့ ငြိုငြင်မယ်မထင်ပါနဲ့ သဲနဲ့ယူပြီးရင် သဲကိုကျနော်ကိုယ်တိုင်ချက်ကျွေးချင်လို့ သဲကိုစတွေ့ကတည်းက မေမေဆီကကျနော်ကိုယ်တိုင် သင်ထားတာ

JM- "မောင်....ဘာတွေတွေးပြီးပြုံးနေတာလဲ"

JK- "မောင့်မှာတွေးစရာဆိုလို့ သဲအကြောင်းပဲရှိတာ သဲအကြောင်းတွေးနေတာပေါ့"

JM- "ဟာ...."

ကျနော်ပြောလိုက်တော့ ရှက်သွားတဲ့သဲလေး ပါးလေးနှစ်ဖက်ကရဲနေတာပဲ အူယားစရာလေး

JK-"သဲ...မောင်အတန်းထဲလိုက်ပို့မယ်နော်"

JM- "Omm...မောင်"

JK- "သဲ....ဟိုလေ...."

ကျနော်အဖြေတောင်းလိုက်ရင်ကောင်းမလားလို့

JM- "Inn...ဘာပြောမလို့လဲမောင် ပြောလေ"

တော်ပါပြီနောက်မှပဲတောင်းတော့မယ် ဘာပဲဖြစ်ဖြစ်သဲကဒီဘဝအတွက် ကျနော့်အပိုင်ဖြစ်နေပြီပဲဟာ နောက်ဘဝကျရင်လည်း ကျနော့်အသဲကကျနော့်အပိုင်ပဲ ဘယ်ဘဝရောက်ရောက် သဲကကျနော့်အပိုင်ပဲ

JK- "ဘာမှမဟုတော့ဘူး"

JM- "ဟင်!?"

JK- "နောက်မှပြောတော့မယ်နော်"

JM- "အင်းပါ"

JK- "အတန်းထဲဝင်တော့နော် တာ့တာ ထမင်းစားချိန်ကျလာခေါ်မယ်"

JM- "Omm...တာ့တာ"

💙💙💙💙💗💗💙💙💙💙

YG- "Kim Taehyung!!! အာ့တာဘာလုပ်နေတာလဲ"

Tae- "Aww...hygမမြင်ဘူးလား စကားပြောနေတာလေ"

YG- "ဘာ! စကားပြောနေတာဟုလား....
မင်း...လိုက်ခဲ့စမ်း"

ကျနော်လည်းသူ့ကို စိတ်တိုတိုနဲ့ဆွဲခေါ်ခဲ့လိုက်တယ်
ဒီကလေးဟာလေ ရှင်းပြရင်လည်းနားမထောင်ဘူး သူလုပ်ချင်ရာလုပ်တယ် မနေ့က သူနဲ့ချိန်းထားတာကျနော်အိပ်ပျော်သွားလို့ မသွားဖြစ်လိုက်ဘူး အာ့တာကို စိတ်ဆိုးပြီး သူ့ကိုလိုက်နေတဲ့အကောင်နဲ့ ပန်းခြံထဲမှာ နှစ်ယောက်သားထိုင်ပြီး စကားပြောနေတယ်လေ ရိုးရိုးပြောနေတယ်မထင်နဲ့ ပါးစပ်ကြီးကနားရွက်ကိုတပ်ချိတ်တော့မတတ် ဖြီးပြီးပြောနေလိုက်တာများ ဆွဲဆောင့်ပစ်ချင်စရာကောင်းချက်

Mirror Love (Completed)Where stories live. Discover now