Jiminလည်း Jungkookကို ဖက်ပြီးငိုလိုက်တယ် ငိုလို့အားရတော့မှ အိမ်ရှေ့မှာငိုနေမှန်းသတိရသွားတယ် Jungkookကိုလည်း အိပ်ခန်းထဲပို့ပေးဖို့ပြင်ရတယ် သူကတော်တော်လေးတာပဲ အိမ်ပေါ်ထပ်ရောက်အောင် မနည်းကြိုးစားလိုက်ရတယ် သူ့ကိုကုတင်ပေါ်တင်ပေးပြီး ဖိနပ်တွေခြေအိတ်တွေချွတ်ပေးပြီး စောင်ခြုံပေးလိုက်တယ် သူလည်းမောင့်ဘေးမှာ ဝင်အိပ်လိုက်တယ် ဒါပေမဲ့ သူအိပ်မပျော်နိုင်ပါ ချစ်တဲ့လူနဲ့ကွေကွင်းပြီး မချစ်တဲ့လူနဲ့ယူရမယ်လို့လဲ တခါမှမစဉ်းစားခဲ့ဖူးပါဘူး ကျနော်ရဲ့အတွေးက ချစ်တဲ့လူနဲ့အချိန်တန်ရင်ယူမယ် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်လို့ပဲ တွေးခဲ့ဖူးတာ ကျနော့်အတွေးတွေနဲ့လက်တွေ့က မတူခဲ့ဘူးလေ မချစ်တဲ့လူကိုယူခဲ့ရတယ် ဒါပေမဲ့ ကျနော်သူနဲ့ယူပြီးကတည်းက ကျနော်သူ့အပေါ်သစ္စာဖောက်ဖို့ကို လုံးဝမတွေးခဲ့ပါ သူနဲ့မယူခင်အထိပဲ ချစ်တဲ့လူနဲ့ပေါင်းဖက်ဖို့ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့လို့သူနဲ့ယူလိုက်ရတယ် လက်ထပ်လိုက်ပြီဆိုကတည်းက ဒီလူနဲ့တသတ်လုံးပေါင်းရတော့မှာလေ ချစ်ချစ်မချစ်ချစ်ပေါ့ ဒါပေမဲ့ ကျနော်မောင့်ကိုချစ်နေပြီ ကျနော်မောင့်မျက်နှာကိုသေချာကြည့်လိုက်ပြီး ပါးလေးကိုအသာအယာထိတွေ့လိုက်တယ် မညာတမ်းဝန်ခံရရင် မောင်ကအရမ်းချောတယ်
JM- "မောင်ရယ်.....သဲကိုအရမ်းပဲချစ်တာလားဟင်.....စိတ်ချပါ မောင်ရယ်သဲမောင့်ကို ဘယ်တော့မှထားမသွားပါဘူး"
Jimin Jungkookရဲ့ ပါးလေးကိုနမ်းလိုက်တယ်
ညကအေးချမ်းပေမဲ့ Jiminစိတ်ထဲမှာ မအေးချမ်းနိုင်ပါ Jiminတညလုံးအတွေးပွားနေတာ မနက်ငါးနာရီလောက်မှ အိပ်ပျော်သွားခဲ့တယ်Jungkook ထုံးစံအတိုင်း မနက်အစောနိုးလာခဲ့တယ် သဲကိုကျနော်ဒီနေ့မနှိုးချင်ပါ အာ့ကြောင့်ကျနော်alarm ပေးထားလိုက်တယ် ကျနော်ရေချိုးပြီးမနက်စာအတွက် ပြင်ဆင်ဖို့မီးဖိုချောင်ဝင်ခဲ့လိုက်တယ် ဘယ်လိုပဲနေနေသဲကို ချက်ကျွေးရမှာ ကျနော့်တာဝန်လေ
တီတီ တီတီ~~~
(AN/Alarmသံကို ဘယ်လိုရေးရမလဲစဉ်းစားမရလို့
တီတီပဲရေးလိုက်တယ်😂😂)

YOU ARE READING
Mirror Love (Completed)
Romanceမျက်လုံးမှေးမှေးလေးရယ် နှုတ်ခမ်းဖူးဖူးလေးနဲ့ကောင်လေးကို ကျနော်မြင်မြင်ချင်းချစ်မိသွားတယ် ~~~Jeon Jungkook ကျနော်Play boyတယောက်ရဲ့အချစ်ကိုမယုံရဲဘူး ~~~Park Jimin မျက်လုံးမှေးမှေးလေးရယ် နှုတ်ခမ်းဖူးဖူးလေးနဲ့ကောင်လေးကို ကျနော်မြင်မြင်ချင်းချစ်မိသွားတယ်...