School Life (3)

1K 125 23
                                    

Unicode

စကားပြောသံ စားသောက်သံများဖြင့် ဆူညံစွာ စည်ကားလျက်ရှိသော ကျောင်းကန်တင်း။
Yoongi တို့အုပ်စုထိုင်တဲ့ ဆိုင်လေးကတော့ အဆူဆုံးလို့ပြောရမည်။ ကျားဝင်ကိုက်တဲ့အတိုင်းပြောင်းဆန်နေလျက်။

ပဲခေါက်ဆွဲကိိုစိမ်ပြေနပြေစားနေတဲ့ Yoongi ရဲ့လက်ကိုလှမ်းကုပ်ကာ အချက်ပေးလာတဲ့ Taeyung...။

"ဟိုမှာ ငါတို့ရဲ့ idol ကြီး''

သူတို့ရှိရာဆီလမ်းလျှောက်လာနေတဲ့ Jimin ကို မှုန်ကုပ်ကုပ်ကြည့်လိုက်သည်။ Jimin ပုံက မြောက်ကြွကြွဖြစ်ကာ စုပ်လုံးတစ်ခုကိုလည်းပါးစပ်မှာတပ်လျက်။

"စားလို့ကောင်းကြရဲ့လား''

"ဘာလဲ မင်းရှင်းပေးမလို့လား''

Yoongi ရဲ့အငေါ်တူးစကားကို သဘောကျစွာ ရယ်ပြီး Jimin ဝင်ထိုင်လိုက်သည်။

"ငါကတော့စားပြီးပြီ Yoongi စားသလို ပဲခေါက်ဆွဲပဲ အခုမှစားပြီးထလာတာ''

ခေါင်းညိတ်ပြကာ အစားဆက်စားနေတဲ့ Yoongi
ကို Taehyung က အားမလိုအားမရဟန်ဖြင့် ဝင်ပြောသည်။

"မင်းကလည်း အဖတ်လေးလုပ်လေ ခင်ချင်လို့စကားလာပြောတဲ့လူကို''

"ဟုတ်ကဲ့ ခင်ပါတယ်ဗျာ''

ရွဲ့သလိုဖြစ်သွားလားမသိ။ Jimin မျက်နှာစူပုတ်ကာ

"ဟင်း တော်ပြီ နေတော့''

"ထိုင်အုန်းလေ''

Seokjin က Jimin လက်ကိုလှမ်းဆွဲသည်။ Hoseok ကလည်း

"နောက်ဆို ငါတို့နဲ့အတူတူလာစား သူ့ကိုကြောက်မနေနဲ့ အဲ့ကောင်က ချေမလိုနဲ့ အလကား ဂေါက်သီးကွ''

ဒုတိယစကားကို လေသံတိုးလိုက်ပြီးခပ်အုပ်အုပ်ပြောလိုက်ပေမယ့် Yoongi က နားပါးသူပီပီ

"သူတောင်းစား ငါ့အတင်းပြောမနေနဲ့''

Hoseok သူ့ကို မျက်စောင်းထိုးရင်း ငြိမ်သွား​​​တော့သည်။ Yoongi စိတ်ထဲ Jimin ကို ခင်သလိုရှိပေမယ့် ပေစောင်စောင်စတိုင်နဲ့ ဟိုတစ်နေ့က ရန်​ဖြစ်နေသည့် မြင်ကွင်းကိုမြင်ယောင်ပြီး ကြည့်မရ။ ချစ်စရာကောင်းသလိုရှိပေမယ့် သူ့ထက်ပင်စွာတတ်သေးတာကိုသိထားတာမို့ မြွေမြွေချင်းလန့်တယ်ပြောကမလိုလို။ ခင်သော်လည်းခင်ချင်ယောင်ဆောင်နေတယ်ဟုပင်ထင်မိသည်။

You've reached the end of published parts.

⏰ Last updated: Apr 08, 2020 ⏰

Add this story to your Library to get notified about new parts!

Pink Angel To My HeartWhere stories live. Discover now