School Life (1)

3.3K 237 32
                                    

Unicode

တစ်နေ့တစ်နေ့အချိန်ကုန်တာခဏလေးလိုပဲ

စာသင်ခန်းထဲမှာ နားကြပ်တပ်ပြီးအိပ်ငိုက်နေတဲ့ Min Yoongi...

အတန်းထဲကလူတွေအတွက်တော့ သူ့ကိုဒီလိုမြင်ရတာရိုးနေပြီ။ သူကတော့ဂရုမစိုက် အေးဆေးလေး သီချင်းနားထောင် အိပ်ငိုက်ရင်းဒူးတောင်နှံ့လိုက်သေး၏။

မသိရင်တစ်လောကလုံးမှာ သူတစ်ယောက်ထဲရှိသလိုပင်။

Yoongi နဲ့မလှမ်းမကမ်းမှာထိုင်နေကြတာ Jung Kookie တို့အုပ်စု ကျောင်းမှာဆို အပေအတေလေးတွေ ထစ်ခနဲတစ်ခုခုဆို Jung Kook ပဲလို့တောင်နာမည်ကြီးသည်။

Jungkook တို့အဖွဲ့မှာ Taehyung, Hobi နဲ့ SeokJin တို့ပါသည်။ သူတို့က အရမ်းခင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းစည်းလုံးကြလို့ နာမည်ကြီးသည်။ စာကြိုးစားသူများတော့မဟုတ် ...

Seokjin နဲ့ Taehyung တို့ကခေါင်းချင်းဆိုင် ဖုန်းပွတ်နေကြသည်။ တစ်ခုခုကိုတိုင်ပင်နေသလို စကားတစ်ပြောပြောနဲ့

Namjoon တစ်ယောက်ကတော့ ကျောင်းရောက်မလာသေး သူက အမြဲကျောင်းနောက်ကျနေကျဖြစ်လို့ မထူးဆန်းတော့ အတန်းထဲမှာ တစ်ယောက်ယောက် ကျောင်းနောက်ကျရင် ဆရာမက Namjoon နဲ့အမျိုးတော်လားလို့တောင် မေးရတဲ့အထိနာမည်ကြီးတဲ့သူပါ 😂

အဲ့လိုကျောင်းသားဆိုးလေးတွေနဲ့ ကျော်ကြားတဲ့ Seoul High School ရဲ့ C အခန်းလေးပါ။

တစ်ခန်းလုံးကျားဝင်ကိုက်သလို ဆူညံပွက်လောရိုက်နေခြင်း ဆရာမမရှိရင်မရှိသလိုပင် ဒါတောင်အယောက်၂ဝလောက်ပဲရှိလို့။

"ဒီနေ့ အစည်းအဝေးရှိလို့ ဆရာမ မဝင်ဘူးတဲ့"

"ဟေး...."

"တကယ်လား"

ပွက်လောရိုက်နေတဲ့အသံတွေကြား Yoongi အိပ်ငိုက်နေရာမှ မျက်လုံးပွင့်သွားပြီး နာရီကိုကြည့်မိတော့ ၉နာရီခွဲ။

"But... အတန်းထဲမှာပဲနေရမယ်တဲ့ အပြင်ထွက်လို့မရဘူး"

အတန်းခေါင်းဆောင်ကလှမ်းပြောလို့မဆုံးသေးဘူးJung Kook တို့အပေါက်ဝနားရောက်နေပြီ

Pink Angel To My HeartWhere stories live. Discover now