Part-6

541 70 18
                                    

ညီလာခံကြီးတစ်ခုလုံးက လူမြောက်များစွာရှိနေသော်လည်း အသက်ရှူသံပင် မကြားရအောင် တိတ်ဆိတ်နေခဲ့သည်။

မင်းကြီး၏ သားတော်ကြီး ဆူဟို ပျောက်သွားခြင်း . . .

သတင်းကြောင့် နန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သလို အခုချိန်အထိ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် အစအနမကျန်ခဲ့သည့် သက်သေများကြောင့် အားလုံးခေါင်းပူနေကြပြီဖြစ်သည်။

အတူပါသွားတဲ့ ရဲမက်တချို့ရဲ့ အသတ်ခံရသည့် အလောင်းများ အားလုံးမှ စစ်ဆေးချက်အရ သူတို့သေသွားတာ ၁၂နာရီလောက်ရှိနေပြီမို့ တရားခံက ဘယ်အထိပြေးနိုင်မလဲ ဘယ်သူမှ မသိနိုင် . . . .

ပလ္လင်ထက်က အမြဲမာန်အပြည့်နဲ့ ပုံရိပ်ဟာ ဒီအချိန်မှာတော့ ညှိုးငယ်လို့နေသည်။တာဝန်မကျေတဲ့ အဖေတစ်ယောက် . . .
စောင့်ရှောက်မှု မပေးနိုင်တဲ့ ဖခင်တစ်ယောက် . . .
ယူကြုံးမရခြင်းတွေနဲ့ မိမိကိုယ်ကို အပြစ်တင်ခြင်းတွေ. . .

"သေချာပေါက် ပြန်တွေ့အောင်ရှာရမယ်
ဒါ အမိန့်ပဲ"

အံကြိတ်ပြီးပြောသည့် အသံက အဆောင်တစ်ခုလုံးကိုလွှမ်းသွားသည်။ဘာနည်းကိုပဲ သုံးရ သုံးရ ဘာကိုတွေပဲ ဆုံးရှုံးပါစေ သားနှစ်ယောင်ထက်အရေးကြီးသည့်အရာက သူ့ဘဝမှာမရှိခဲ့ပါ . . . .

            ×                    ×                  ×

လေးလံနေတဲ့ မျက်လုံးတွေကို မဖွင့်ခင် ပထမဆုံးအနေဖြင့် မျက်နှာတစ်ခုလုံးက ပူကျပ်နေတာကိုခံစားမိသည်။

"အား !"

ဖွင့်ဖွင့်ချင်းပင် အတင်းဝင်လာတဲ့ နေရောင်ကြောင့် မျက်လုံးက စူးခနဲပင်. . .

"ငါ ဘယ်ရောက်နေတာလဲ "

သူမသိဘူး ဒါဘယ်နေရာလဲ. . . .
ဂွမ်းစောင်တစ်ထည်နဲ့ အိပ်ရာခင်းတစ်ခုရဲ့အောက်မှာ အဝါရောင်သန်းတဲ့ မြတ်ရင့်တချို့ . . .
သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်တစ်လုံးမဟုတ်ဘဲ အဝတ်စချောတွေကကာရံထားသည့် တိုင်တွေကြောင့် စစ်မှုထမ်းတွေ စစ်ပြင်ပြင်တွင်သုံးသည့် တဲတစ်ခုဖြစ်မယ်လို့တွေးမိလိုက်သည်။

EVEN IF I GET A CHANCEWhere stories live. Discover now