အပိုင်း ၄

249 37 12
                                    

သင်္ကြန်အတတ်နေ့

ဒီနေ့တော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ် ဆိုသလို ထည်ဝါတို့အပြတ်ကဲဖို့ပြင်ကြသည်။ လိုက်ထရပ်ကားကို အမိုးဖြုတ်ကာ မြို့အနှံ့လည်မယ့်အပြင် အနီးအနားကမြို့တွေပါ လည်ဖို့စီစဉ်တော့ ကောင်းမြတ်က နိုးနိုးတို့ပါခေါ်သည်။ နိုးနိုးတို့လိုက်မည်ဆိုတော့ နိုးနိုးတို့ကိုယ်ရံတော်ကြီး နောင်သည်လည်း ထည်ဝါတို့ကားပေါ် ကန့်လန့်ကန့်လန့်နဲ့ပါလာလေ၏။

ကားတစ်စီးလုံး လူငယ်တွေချည်းပဲမို့ ဆူညံပွတ်လောရိုက်ကာ ပျော်ကြ၏။ မဏ္ဍပ်တစ်ခုရှေ့ရောက်တိုင်း သီချင်းသံတွေကြားမှာ သူတို့ ကခုန်ကြသည်။ ရေစိုပျိုမဒီတွေ ဘယ်လောက်လှလှ ထည်ဝါကတော့ နောင့်တစ်ယောက်ကိုပဲငေးရင်း မဏ္ဍပ်တိုင်းကို ဖြတ်ကျော်ခဲ့သည်။ ထည်ဝါ့မျက်စိထဲ ရေစိုကောက်ကြောင်းအလှတွေနဲ့ မဒီတွေသည် နောင့်လောက်စိတ်ဝင်စားဖို့မကောင်းဟု ထင်၏။

ရေမွန်းတိုင်း အနားကပ်တိုးတဲ့ နောင်က ကြောင်ပေါက်စလေးနဲ့တူပါသည်။ ထည်ဝါကတော့ အနားကပ်တိုးလာတိုင်း ထိုကြောင်ပေါက်စကို ရင်ခွင်ထဲ အမိအရဆွဲသွင်းတတ်သည်။ အခွင့်အရေးသမားလို့ နာမည်တပ်ကြမယ်ဆိုလည်း ထည်ဝါကတော့ မဖြုံ။ အခွင့်အရေးသမားဆိုတာက နာမည်သာဆိုးတာ သူတို့မှမသိဘဲ။

တစ်ကြိမ်တွင်တော့ သူတို့ကား‌လေးသည် မြို့၏နာမည်ကြီးမဏ္ဍပ်တစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီး ကခုန်ကြသည်။ ကောင်းမြတ်တို့သူငယ်ချင်းတတွေ မဏ္ဍပ်ထဲက ကောင်မလေးတွေကို ရေသွားလောင်းကြတော့ ကားမောင်းပေးတဲ့ ဦးလေးက အလိုက်တသိနှင့် ကားကို မဏ္ဍပ်ဘေးထိုးရပ်ပေးလေသည်။ ကားပေါ်တွင်တော့ နိုးနိုးတို့မိန်းကလေးသုံးယောက်နဲ့ ထည်ဝါ ပြီးတော့ နောင် သူတို့သာကျန်ခဲ့ကြ၏။

ထိုအချိန်တွင် မဏ္ဍပ်ထဲမှ မိန်းကလေးတစ်ယောက်က နောင့်ဆီ တန်းတန်းမတ်မတ်လျောက်လာပြီး အပြုံးနဲ့နှုတ်ဆတ်လေသည်။ နောင်ကလည်း ကားပေါ်မှဆင်းပြီး ပြုံးကာရယ်ကာနှင့် ထိုမိန်းကလေးနဲ့ စကားပြောနေသည်။ စကားပြောလိုက်ရေလောင်းလိုက်နှင့်လုပ်နေကြတဲ့ နောင်တို့ကိုကြည့်ပြီး ထည်ဝါရင်တွေပူလာသည်။

ပိတောက်သက်သေတည် ( Completed )Dove le storie prendono vita. Scoprilo ora