1.3

4.2K 652 11
                                    

<Unicode>

ကန္တာရထဲတွင် ကြီးမား၍ ကြမ်းကြုတ်သော မကောင်းဆိုးဝါးဖွတ်များ ရှိနေသည်။

နှစ်ဦးသား လွင်ပြင်ထဲတွင် သုံးရက်သုံးည ခရီးနှင်ကြပြီးနောက် ထွက်ခွာကြမည့်ဆဲဆဲတွင် အဆူးချွန်ပါသော ဖွတ်များအစုလိုက် တိုက်ခိုက်ခြင်း ခံရတော့သည်။ စီးနေသော မြင်းနှစ်ကောင်လုံးမှာ ဖွတ်စာဖြစ်သွားရရှာသည်။ အေဆာ အစာခြောက်အနည်းငယ်သာ ဖမ်းဆွဲလိုက်နိုင်သည်။ ကံကောင်းစွာပင် ဖွတ်များသည် မြင်းသားစားပြီး အလုပ်ရှုပ်နေကြရာ လူနှစ်ယောက်နောက် ဆက်မလိုက်ကြပေ။ နှစ်ယောက်စလုံး ကန္တာရကိုဖြတ်လျက် စုန်းမနွံတောထဲ ရောက်လာခဲ့ကြသည်။

လမ်းလျှောက်ရင်း အေဆာက ကန္တာရအတွင်းမှ မကောင်းဆိုးဝါးတွေနှင့် ဘယ်လိုတိုက်ခိုက်အနိုင်ရခဲ့ဖူးသည်ကို ကာတာအား ကြွားသည်။

အေဆာ : "အကယ်၍ ငါသာ မင်းကို ကာကွယ်မပေးခဲ့ရင် အခုလောက်ဆို မင်း မကောင်းဆိုးဝါးကောင်တွေရဲ့ ချီးဖြစ်နေလောက်ပြီ"

ကာတာက ပခုံးတွန့်ပြသည် "ဖြစ်ကောင်းဖြစ်မှာပေါ့"

အေဆာက စုန်းမနွံတော၏ ရွှံ့ထူပြီး မညီညာသော လမ်းပေါ် လျှောက်သည်။ ထို့နောက် အံကြိတ်ကာ မှော်ကော်ဇောပျံပေါ်တွင် အားအားယားယား အေးအေးဆေးဆေး ထိုင်နေသော ကာတာကို ကြည့်သည် "မင်းရဲ့အသက်သခင်ကျေးဇူးရှင်ကို ဒီလို ပြန်ပေးဆပ်တာလား"

ကာတာက မျက်နှာအသွင်မပြောင်း "အားတော့နာပေမဲ့ မှော်ကော်ဇောပျံက တစ်ယောက်ဝိတ်ပဲသယ်နိုင်တာ"

အေဆာ : "အရှင်မင်းကြီးရဲ့ ရှေ့မှာကျ မင်းဘယ်လိုပြောခဲ့သလဲ ငါ့မြင်းတွေပင်ပန်းကုန်ရင် မင်းရဲ့ ကော်ဇောပျံနဲ့ သယ်ပါ့မယ်ဆို"

ကာတာ : "မင်း မြင်းက ပင်ပန်းနေတာမှ မဟုတ်တာ သေပြီလေ"

အေဆာ ထအော်တော့သည် "ငါနဲ့ လာကစားနေတာလား အေးပေါ့လေ မင်းတို့ မှော်ဆရာတွေအကုန်လုံးက လူလိမ်တွေကြီးပဲကိုး"

ကာတာက သဘောမကျဟန်ဆောင်ပြသည် "ထားလိုက်တော့ ငါတို့ အပြစ်ကင်းစင်တဲ့ မှော်ဆရာတွေရဲ့ နာမည် မဖျက်ဖို့အရေး အခွင့်အရေးတစ်ခုပေးမယ်"

နဂါးရဲတိုက်ကို အပိုင်သိမ်းပိုက်တဲ့နေ့ 〖 Completed 〗Where stories live. Discover now