3.2

3.4K 607 20
                                    

<Unicode>

လွန်ခဲ့သော သုံးလခန့်က နတ်သူငယ်မင်းသားသည် မျက်လုံးများတောက်ပလျက် မှော်ဆရာတို့ မျှော်စင်သို့ ရုတ်တရက် ပေါက်ချလာသည် "ကာတာ! ငါ ချစ်ချင်တယ်!"

ကာတာက ရွံရှာသလိုကြည့်ကာ သူ့အင်္ကျီကော်လံကို ကြယ်သီးတပ်သည် "ဆောရီးပဲ ကျွန်တော့်ရင်ထဲ အေဆာတစ်ယောက်ပဲရှိတယ်"

လေးရ်ကလည်း ရွံသွားသလို မျက်နှာရကာ "ငါကလည်း မင်းကို ထည့်မစဥ်းစားပါဘူး"

ကာတာက လေးရ်ကို တွန်းထုတ်ဖို့ လုပ်သည် "ကောင်းပါပြီ ဒါဆိုလည်း အပြန်လမ်း ဂရုတစိုက်သွားတော်မူပါ"

လေးရ်က တံခါးဘောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ "နေပါဦး ငါ မင်းဆီက မှန်ခဏငှားချင်လို့"

ကာတာ : "ကျွန်တော့်အတွက် ဘာပြန်ရမှာလဲ"

"မင်းကို အေဆာနဲ့ ကူချိတ်ပေးမယ်" လေးရ်က နတ်ဆိုးတစ်ကောင်အလား မျက်မှောင်ကျုံ့ကာ ပြုံးသည်။

ကာတာက ခေါင်းညိတ်ကာ မှန်ကို အုပ်ကာထားသော အနက်ရောင် ကတ္တီပါထည်ကို ဖြုတ်ချလိုက်သည် "မင်းသား ဘာကို သိချင်တာပါလဲ"

လေးရ်မျက်ဝန်းထဲမှ အလင်းနွေးလေးတစ်​ကြောင်း ဖြာထွက်နေ၏ "ဘယ်လို ထင်လဲ"

ကာတာက စိတ်မရှည်သလို ကြည့်ကာ မှန်ကို မေးလိုက်သည် "မှန်ကြီးရေ မှန်ကြီးရေ ဒီ ကမ္ဘာပေါ်က အချောဆုံး လူသားက ဘယ်သူပါလိမ့်"

(Mirror Mirror on the wall who's the prettiest in the world? စနှိုးဝိုက်ကို reference ယူပြီး ပြောင်ထားတာပါ LoL)

"လူသားမဟုတ်ဘူး ယောက်ျားတစ်ယောက်" လေးရ်ကပြောသည်။

ကာတာ : "စိတ်မပူပါနဲ့ ဒါက မှော်မှန်တစ်ချပ်ဖြစ်တဲ့အတွက် မင်းသား ဘာမှ မပြောတောင် မင်းသားရဲ့ ရင်ထဲက ဆန္ဒတွေကို ထိုးထွင်းသိမြင်နိုင်ပါတယ်"

မှော်မှန်သားပြင်ထက်တွင် ငွေမှင်ရောင် နဂါးလေးတစ်ကောင် ပေါ်ထွက်လာသည်။ နဂါးလေးကား တောင်ကြားထဲရှိ ရေပူစမ်းပေါ်တွင် ဟိုသည်ပျံသန်းကာ ပျော်ပျော်ပါးပါး ဆော့ကစားနေ၏။

ကာတာက အံ့အားသင့်သွားကာ "အို ဘုရား ဒါက မင်းသားရင်ထဲက ဆန္ဒကြီးပေါ့လေ"

နဂါးရဲတိုက်ကို အပိုင်သိမ်းပိုက်တဲ့နေ့ 〖 Completed 〗Where stories live. Discover now