Unusual of usual day

283 6 0
                                    

Zawgyi 🍋🍋

မနက်ခင်းတိုင်းက တူတူပဲ
နွေးထွေးတဲ့ နေရောင်ခြည်နဲ့ စတာထက် ပူလောင်နေတယ်လို့ ခံစားရတယ်..
ကဗျာဆရာတွေ ဖွင့်ဆိုကြတဲ့ ကျေးငှက်သံသာက တီတီတာတာတဲ့လား တကယ်တော့ နားရှုပ်စရာကြီး.. တံခါးပေါက်ဖွင့်တာနဲ့ အမေ့ကို သူ့ထက်ငါ အလုယက်တိုင်နေသလိုပဲ နားငြီးက ငြီးနဲ့..
ငှက်တွေ နားငြီးတာ မပြောနဲ့ဦး အိမ်ထိန်းနဲ့ သူ့ ​နောက်လိုက်ခြွေရံသင်းပင်း ​တွေက ခဏနေ ဝင်လာမယ် ကီးလွဲနေတဲ့ orchestra အဖွဲ့လိုပဲ monotone ကြီးနဲ့
"သခင်လေး မင်္ဂလာပါ" လို့ အော်ကြဦးမယ်.. အနှစ်သာရ မရှိလိုက်တာ.. ငါဒီလောကကြီးမှာ ဘာကြောင့်များ အသံရှင်နေပါလိမ့် လို့ ဝမ်ရိပေါ်တွေးနေမိသည်။
ဒီလို ငြီးငွေ့စရာ ဘဝကြီးကို ဖြတ်သန်းနေခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ရှိနေပြီ မဟုတ်လား။ သူ့အတွက် ဘာမှ မထူးဆန်းတော့တဲ့ နိစ္စဓူဝတေ၊ ပျော်စရာလည်း မသိ ဝမ်းသာစရာလည်း မရှိ အငိုမဲ့ အရယ်မဲ့ လူသားဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုစာ ရှိပြီတဲ့လား။ ဘယ်အရာတွေကများ သူ့ကို ဒီလိုဖြစ်အောင် တွန်းပို့ခဲ့လဲ ဘယ်သူတွေကများ သူ့ကို ဒီလို ဖြစ်စေချင်ခဲ့လဲ.. အခုတော့ အားလုံးက အရေးမကြီးတော့ပါဘူး၊ အသက် သုံးဆယ်ခြောက့်နှစ်ယေက်ျားတစ်ယောက်ရဲ့ အသားကျနေတဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့ သူ အသက်ခပ်ပြင်းရှုလိုက်ချိန် သူမျှော်လင့်ထားသလို သူ့အိမ်တော်ထိန်းနှင့် အဖွဲ့ဝင်လာသည်။
အသံတင် monotone မဟုတ်ပဲ အမူအရာတွေကပါ robot နဲ့ ခပ်ဆင်ဆင်၊ဒီလောက်ဖြစ်လှတာ ဖြစ်နိုင်ရင် နောက်နှစ်တော့ ဂျပန်က maid robot တွေပဲ ဝယ်ပြီး အစားထိုးပစ်ဦးမယ်ဟု ခပ်ချဉ်ချဉ်တွေးလိုက်မိသည်။

"သခင်လေး မင်္ဂလာပါ မနက်စာ သုံးဆာင်ဖို့ အောက်မှာ အဆင်သင့် ဖြစ်နေပါပြီ"

"ကောင်းပါပြီ နျဲ့ အိမ်တော်ထိန်း အတွင်းရေးမှူးယွီပင်း ရောက်နေရင် ကျွန်တော် ခဏနေ ဆင်းလာမယ် ပြောပေးပါ"

သူ မနက်စာ စားပြီး ထွက်လာတော့ သူ့အတွင်းရေးမှူးက ဖိုင်တစ်ခု ပိုက်ပြီး အ​ပေါက်ဝမှာ စောင့်နေသည်။သူ့အိမ်က လူတွေတင် robot နဲ့ဆင်တာမဟုတ် ခု သူ့ရှေ့က အတွင်းရေးမှူးလည်း ထူးမခြားနားပဲ မျက်နှာသေနဲ့.. ကုန်ကုန်ပြောရင် သူနဲ့ ပတ်သက်သမျှ အားလုံး ဒီရုပ်ပဲ ထင်ရလောက်အောင်ပဲ.. သူ့ အိမ်က အစေခံတွေ ရုံးက ဝန်ထမ်းတွေအားလုံး သူ့မျက်နှာအတိုင်းနေရသည်လေ.. သူ့မျက်နှာရှစ်ခောက်ချိုးကြောင့် သူရှေ့လည်း ဘယ်သူမှ မရယ်ရဲ မပြုံးရဲ..

Forget-Me-NotWhere stories live. Discover now