Strange

116 6 3
                                    

Zawgyi 🍋🍋

သူ့အော်သံကြောင့် ကောင်လေးမပြောနဲ့ အပြင်က ယွီပင်းပါတုန်တက်သွားသည်။ ရှေ့က ယုန်သူငယ်ကတော့ မျက်လုံးကလယ်ကလယ်နဲ့ သူ့ကို အသားလွတ်လာ အော်နေတဲ့ လူကြီးကို ကြည့်ရင်းနှုတ်ခမ်း စူလာသည်။
ဝမ်ရိပေါ် ထုံးစံအတိုင်း ဒေါသထွက်လို့ အော်လိုက်ပေမယ့် ကောင်လေးမျက်နှာ တမာရွက်လောက်လေး(ခု ဇီးရွက်ခေတ်မဟုတ်) မြင်တော့ သူ့ဒေါသက တမုဟုတ်ချင်း အအေးမှတ်ရောက်သွားပြီ။
"ဆောရီး ငါစိတ်လောသွားတယ် ထပ်မေးမယ် ဒီပန်းချီကားက ငါနဲ့ ပတ်သက်နေလို့ မင်းသေချာလေး ဖြေပေး.. ဘာစိတ်ကူးနဲ့ ဆွဲဖြစ်တာလဲဟင်"

ဝမ်ရိပေါ်အသံက အအေးမှတ်ရောက်ရုံတင်မကပဲ တောင်းပန်တိုးလျိုးသံ အဆင့်ပါ ရောက်နေရှာတာ သူကိုယ်တိုင်မသိပေ။

"ဦးရယ် ကျွန်တော်လည်း အားနာပါတယ် ကျွန်တော် မမှတ်မိဘူး ကျွန်တော်ကလေ ခဏခဏ အာ့လိုပဲ ဒီပန်းချီကားကလည်း ဖျတ်ခနဲပေါ်လာတာကို ဆွဲတာ.. တခုခု မကူညီနိုင်လို့ စိတ်မကောင်းဘူး"

ဝမ်ရိပေါ် သက်ပြင်းသာ ချနိုင်တော့သည်။ လမ်းဆုံးပြီလေ ထပ်မေးစရာမရှိ.. ဒီလိုပဲ ပိုကောင်းပါတယ်လေ လို့ စိတ်ဖြေရတော့သည်။ ဒီလိုပဲ အရာအားလုံး တကယ်ပြီးပြီလား...

"အဲ့ဒါဆို ဦးကို တစ်ခု ကူညီဦး..ဒီလိပ်စာကဒ်လေးယူထား တစ်ခုခု စဉ်းစားမိရင် ဦးကို ပြောနော်"

ဟုတ်လို့ သွက်သွက်လက်လက်လေးပြောပြီး သူ့လိပ်စာကဒ်လေးကို ပိုက်ဆံအိတ်ထဲမထည့်ပဲ ဖုန်းcover အခွံချွတ်ပြီး ဖုန်းနောက်ထည့်တာ မြင်ရတော့ သူရယ်ချင်သွားသည်။ နှစ်တထောင် ဝမ်ချေချေဆိုတော့ ရယ်တော့ တကယ် မရယ်မိဘူးလေ..

"အဲ့ဒါဆို ဦး ကျွန်တော် သွားပြီနော်.. ပန်းချီကားဝယ်တာလည်း ကျေးဇူးပါနော် ဒီထဲက ငွေတွေက အလှုလုပ်မှာဆိုတော့ ဦးက ကုသိုလ်တွေ အများကြီးရဦးမှာ"

ကုသိုလ်တွေရတော့ရော အရင်က အပြစ်ကြွေးတွေက ကုန်မှာ မို့လို့လား ချာတိတ်ရယ်.. ဒီစကားကိုတော့ ဝမ်ရိပေါ်ရင်ထဲမှာပဲ သိမ်းထားလိုက်သည်။ သူထိုင်ခုံကို လှည့်ပြီး ကျောပေးထားလိုက်တော့ ရှောင်းကျန့်က အလိုက်တသိ ထွက်သွားသည်။

Forget-Me-NotWhere stories live. Discover now