The way you smile

106 9 0
                                    

Zawgyi 🍋🍋

"ဒီက လူကြီးမင်းက ဒီက ကျောင်းသားရဲ့ အသိမိတ်ဆွေဆိုရင် ဆရာဝန်ကြီးနဲ့ ရဲမှူးတို့ အခန်းထဲမှာ စကားပြောနေပါတယ် ဝင်သွားလိုက်ပါ"

ကြောင်တောင်တောင်ကြည့်နေတဲ့ ကောင်လေးကို သူ့ကို မမှတ်မိရကောင်းလား ဆိုပြီး စူးရဲရဲတစ်ချက်ကြည့်ပြီးတော့ ဆရာဝန်ကြီးခန်းထဲ တံခါးခေါက်ဝင်သွားလိုက်သည်။

"ဒေါက်တာနဲ့ ရဲမှူး ကျွန်တော်က ခုနက ရိုက်ခံရတဲ့ ကောင်လေးအတွက် လာတာပါ"

"ကောင်လေးရဲ့ အုပ်ထိန်းသူလား ဘာတော်သလဲ မသိဘူး"

"ကျွန်တော်က အုပ်ထိန်းသူတော့ မဟုတ်ပါဘူး သူက yizhan university က ကျောင်းသားပါ... တစ်ခုခုပတ်သက်လာရင် တာဝန်ယူနိုင်ပါတယ်... သူ့အုပ်ထိန်းသူတွေကိုလည်း အကြောင်းကြားပေးပါ့မယ်.. တစ်ခုပဲ သိချင်တာက ကောင်လေးက ကျွန်တော့်ကို မမှတ်မိဘူးဖြစ်နေတယ်.. အဲ့ဒါက ခုန ရိုက်ခံထားရတာကြောင့်လား"

"အခြေနေကတော့ စစ်ဆေးနေဆဲပါ.. ပြောနိုင်တာက ရိုက်ခံရလို့ ပြင်းထန်တဲ့ အခြေနေဖြစ်မသွားပါဘူး.. အထိတိတလန့်ဖြစ်သွားလို့ရယ် တခြား သူ့ဆီမှာ ရှိတဲ့ ရောဂါအခံတွေကြောင့်​ ရုတ်တရက် မမှတ်မိတာ ဖြစ်နိုင်လို့ သူ့အိမ်သား အုပ်ထိန်းသူ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ လိုပါတယ်.. ဒီက ရဲမှူးနဲ့ ပူးပေါင်းပြီး သူ့အိမ်သားနဲ့ အမြန်ဆုံး ဆက်သွယ်မိဖို့ ကူညီပေးပါ"

"ဟုတ်ကဲ့ ကျွန်တော်ကူညီပါ့မယ် ဒီက ရဲမှူးကိုလည်း အကူညီတောင်းပါတယ် တရားခံကို ဖမ်းပြီး ဥပဒေနဲ့ အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးပေးပါ"

ဝမ်ရိပေါ် ဒီတောင်းဆိုချက်ကိုတော့ တကယ့်ခံစားချက်အတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။ သူ့လို ဥပဓိရုပ်ကို​တောင် မမှတ်မိနိုင်​တော့သော ပတ်တီးအဖွေးသားနဲ့ ကောင်လေးအတွက် သူသေချာပေါက် မခံမရပ်နိုင်ဖြစ်သင့်သည် မဟုတ်လား... လျင်မြန်သော လှုပ်ရှားမှုနဲ့ ယွီပင်းဆီ ဖုန်းဆက်ပြီး ကောင်လေးရဲ့ မိသားစုဆီ ကျောင်းကနေတဆင့် စုံစမ်းခိုင်းထားပြီ။ အမြန်ဆုံးရောက်နိုင်အောင် သူ့ဆီက အမြန်ဆုံးကားလွှတ်ပြီး ခေါ်ဖို့ပါ တာဝန်ပေးပြီးပြီ။ ခုတော့ ပတ်တီးနဲ့ ယုန်လေးနား သူပြန်သွားပြီး စောင့်ပေးရမည်။

Forget-Me-NotWhere stories live. Discover now