Zawgyi
လက်ထပ်ဖို့ကလည်းနီးနေပြီဆိုတော့ဒီရက်ပိုင်းအတွင်းတော်တော်အလုပ်များသည် လာမယ့်တပတ်ထဲလက်ထက်မယ်ဆိုတော့ခုရက်ပိုင်းအတွင်းကိုလုပ်လိုက်ရတဲ့အလုပ်တွေဆိုတာလေ. အလုပ်ကိုလည်းလွတ်ထားလို့မဖြစ် အလုပ်တဖက်ဒီလက်ထပ်ပွဲအတွက်စီစဉ်ရတာတဖက်နှင့်ပင်ပမ်းသည် ဒါတောင်ပုချိလေးကိုကျောင်းပို့ကျောင်းကြိုHoseokနှင့်လွှဲပေးထားလို့တော်ရုံကျသည်
ဟိုကလေးရဲ့မိဘဖြစ်တဲ့အရှုပ်လင်မယားကတော့အားကိုးရမယ်မထင်နဲ့. အိမ်မှာအိပ်လိုက်စားလိုက်နှင့် ဘာမှကူဖော်လောင်ဖက်မရဘဲအိမ်မှာခေါ်တင်ထားရတာလည်းပုချိလေးရဲ့မျက်နှာကြောင့် ယွန်းဂီကတော့မင်္ဂလာဖိတ်စာကိုတာဝန်ယူလုပ်ကိုင်ပေးရှာသည် Jinကတော့ပွဲနေ့မှာအစားအသောက်အတွက်တာဝန်ယူကာသေချာမှာပေးလေသည် NJကတော့ခန်းမအတွက်လိုအပ်တာတေကိုပြင်ဆင်ဖို့တာဝန်ယူလေသည် ထိုကဲ့သို့သူငယ်ချင်းတွေရှိလို့လည်းဝန်ပေါ့တယ်ဟုပြောရမည်....ဟိုလင်မလားတော့မပါဘူးနော်
ယနေ့အလုပ်စောဆင်းကာပုချိကိုကျောင်းကြိုပြီးလက်ထပ်လက်စွပ်ဝယ်ရန်စီစဉ်ထားသည် ကျောင်းရှေ့ရောက်တော့ကားထဲကထွက်ကာရပ်စောင့်လေသည် မကြာပါဘူးကြက်တောင်စည်းတထောင်ထောင်နဲ့ပုချိထွက်လာလေသည် အဲ.....တယောက်တည်းတော့မဟုတ်ဘူးဘေးကဟိုဆံနီကောင်ပါပါလာတယ်
ပုချိလေးလက်ကိုတင်းတင်းဆုပ်ကိုင်ကာJihoonတယောက်ငိုမဲ့မဲ့နှင့်ပါလာလေသည် ဂျောင်ကုရှိနေတဲ့အနားနှစ်ယောက်သားရောက်လာတော့ ဂျောင်ကုကိုဂျိုကြည့်ကြည့်လာတဲ့ဆံနီကောင် နှုတ်ခမ်းကြီးကလည်းထော်ထားသေးသည် ဂျောင်ကုကတော့အောင်နိုင်သူအပြုံးကြီးဖြင့်
Tae-ကဲ...Hoonieလေးကိုကိုသွားတော့မယ်ငိုရဘူးနော်...တိတ်တိတ် ကုကုနဲ့မင်္ဂလာဆောင်ပြီးရင် ဒီကကိုကိုက Hoonieလေးကိုထပ်ယူမှာမို့ဝမ်းမနည်းနဲ့နော်