Zawgyi
နက်ဖန်ဟိုကြက်တောင်စည်းမွေးနေ့မို့အိမ်မှာဟင်းချက်စားရန် စားဖိုမှူးJinကိုကုန်တိုက်ကိုခေါ်လာသည် ဟိုပုချိလည်းပါသည် ပုချိလေးစားချင်တာယူခိုင်းရအောင်ပါ ဂျောင်ကုနှင့်Jinကတော့စာရင်းသေချာမှတ်ပြီးအသီးအရွက်နှင့်အသား ဟင်းခတ်အမွှေးအကြိုင်တေပါမကျန်ခဲ့ရလေအောင်လိုက်လံဝယ်ယူသည်
ဟိုပုချိကကတော့ဟိုနားခဏဟိုမားသွားကြည့်ဦးမယ်နော်ဆိုပြီးခဏခဏပျောက်ပျောက်သွားတတ်သည် အနောက်ကနေလိုက်ကြည့်တော့ Lollipop အကြီးကြီးနားတဝဲလည်လည် ကိုင်လိုက်ပြုံးလိုက်နှင့် ပုချိလေးမှာခဏခဏသွားကိုက်တတ်၍ဂျောင်ကုမှာအချိုစားခွင့်ကိုပိတ်ပင်ထားလေသည်
ဒါကိုလည်းသိသည်ထင် Lollipop ကိုဘလင်းဘလင်းမျက်လုံးကြီးတေနှင့်ကြည့်နေချိန် ဂျောင်ကုကိုတွေ့တော့ Lollipop ချောင်းအကြီးကြီးကိုမျက်နှာနားကပ်ပြကာမျက်လုံးလေးတေမှိတ်သည်အထိပြုံးပြပြီး
Tae-အိုး......ရောင်စုံလေးတေနဲ့သိပ်လှတာပဲနော်ကုကု ကုကုကြိုက်တဲ့အနီရောင်လေးလည်းပါတယ် V Vလေးကြိုက်တဲ့ခရမ်းရောင်လေးလည်းပါတယ် အိုး.....Jin Jinရဲ့ပန်းရောင်လေးကောပဲ....V Vလေးသိပ်ကြိုက်တာပဲရောင်စုံလေးနဲ့
နှုတ်ခမ်းလေးတထော်ထော်နှင့် Lollipopပြားပေါ်ကအရောင်တခုချင်းကိုထောက်ပြီးမဝယ်ဝယ်ပေးချင်အောင်ပြောလေသည်
Tae-ကြိုက်ပေမယ့်ယူဘူးနော် ကိုင်ကြည့်တာနော် စားဘူး စားလိုက်ရင်အဟွတ်ဟွတ်ဖြစ်မှာ
နှုတ်ခမ်းလေးကိုချောင်းဆိုးဟန်လုပ်ပြသေးတာဂျောင်ကုရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ကြားထဲကJin Jinလေးကမနေနိုင်တော့ပဲ
Jin-V Vလေးကြိုက်ရင်ယူလေJin jinဝယ်ပေးမယ်
ထိုအခါမျက်လုံးလေးလက်ကနဲဖြစ်သွားပြီးLollipopချောင်းကြီးကိုမချတော့ ဂျောင်ကုကိုတော့အကဲခတ်နေသေးသည်