4

6K 845 38
                                    

အား...​ခေါင်းကိုက်​လိုက်​တာ!!

ထိုးကိုက်​လာတဲ့နားထင်​ကို လက်​ညိုးနဲ့ဖိရင်း မျက်​လုံးကိုဖွင့်​ကြည့်​လိုက်​​တော့ သူ့အိပ်​ယာ​ဘေးမှာ ​စောင်​နဲ့လုံး​ထွေး​နေတဲ့ လူတစ်​​ယောက်​။
သူ့ကိုယ်​သူပြန်​ကြည့်​လိုက်​​တော့ ​ပြောင်​ရှင်း​နေတဲ့ခန္ဓာကိုယ်​အ​ပေါ်ပိုင်း။

"အား.."

ဘုန်း!!

ပါးစပ်​ကလဲ​အော်​လိုက်​သလို အသံထက်​မြန်​တဲ့​ခြေ​ထောက်​​တွေကလဲ ကန်​လိုက်​မိသား!!

"အား..!! ​သေမလို့ ငါ့ကိုကန်​ချတာလား ​ရှောင်းကျန့်​ရ"

ကန်​ချခံလိုက်​ရတဲ့ လူက တင်​ပါးကိုလက်​နဲ့ပွတ်​ပြီး သူ့ကိုပြန်​​အော်​တော့

"ရိ​ပေါ်..ရိ​ပေါ်လား"

လုံး​ထွေး​နေတဲ့ ​​​စောင်​​တွေဆီက​ခေါင်းထွက်​လာကာမှ ရိ​ပေါ်မှန်းသိပြီး သက်​ပြင်းချမိတယ်​။

တော်​​သေးတယ်​။အခြားသူလားလို့!!

"ငါ...ငါကမင်းမှန်းမှမသိတာ၊မင်းငါ့အိမ်​ကိုဘယ်​လိုလုပ်​​ရောက်​​နေတာလဲ"

ရှောင်းကျန့်​က လဲကျရာကမထ​သေးတဲ့ရိ​ပေါ်ကိုဆွဲထူဖို့ထလိုက်​​တယ်​။
သူ့​အောက်​ပိုင်းကိုငုံ့ကြည့်​လိုက်​​တော့
ဟီး..​တော်​​သေးတယ်​။ဘောင်းဘီ​တော့ရှိ​သေးသား!!

ရိ​ပေါ်အနားကို​သွားပြီးဆွဲယူရန်​ပြင်​လက်​လှမ်းလိုက်​​တော့ရိ​ပေါ်က လက်​ကိုပုတ်​ချလိုက်​တယ်​။

"​ကောင်းကျိုးကို မ​ပေးတဲ့ဟာ​လေး"

မျက်​​မှောင်​ကျုံ့ပြီး​ပြော​နေတဲ့ပုံ​လေးက
အားရီဂူး....​သေ​အောင်​ချစ်​ဖို့​ကောင်း!!
ငါ့ညီ​လေးသာ ဖြစ်​လိုက်​ပါ​တော့။

"ငါကမင်းမှန်းမသိလို့​လေကွာ။ငါ​တောင်းပန်​ပါတယ်​။နာသွား​သေးလား၊ဘယ်​နားနာသွားတာလဲ ငါအုံဖွလုပ်​​ပေးမယ်​​လေ"

ရှောင်းကျန့်​က ရိ​ပေါ် ခန္ဓာကိုယ်​တစ်​ခုလုံးကို လက်​နဲ့​လျှောက်​စမ်းလို့ မျက်​နှာချို​သွေး​နေ​ပေမယ့်​ ရိ​ပေါ်က​တော့ ခပ်​တည်​တည်​ဖြင့်​သာ မျက်​​မှောင်​ကျုံ့ပြီးထိုင်​​နေ​လေတယ်​။

CURSE(BF)Where stories live. Discover now