"ဝမ်ရိပေါ် !!ဝမ်ရိပေါ် !!ဝမ်ရိပေါ်!!"
သံပြိုင်အော်ဟစ်သံတွေကြား စင်ပေါ်မှာ ရပ်နေတဲ့ကောင်လေးကတော့ လင်းလက်နေတဲ့ကြယ်ပွင့်လေးလို..။
ကျန်နေခဲ့သောငါးနှစ်တာကာလအလွန်က ကျောင်းသားလေးရိပေါ်မဟုတ်တော့ဘဲ တရုတ်ပြည်၏ လူကြိုက်အများဆုံး idol အဖွဲ့ရဲ့ Main Dancerအဖြစ် ပွဲလည်တင့်ခဲ့ပြီ။
Wang YiBo ဆိုတဲ့အစိမ်းရောင်Banner လေးကိုကိုင်ပြီးအော်ဟစ်အားပေးနေတဲ့ ရှောင်းကျန့်ကတော့လွန်ခဲ့တဲ့ငါးနှစ်က ဆိုင်ကယ်ပြိုင်ပွဲမှာအားပေးခဲ့တဲ့ပုံစံလေးအတိုင်းပါပဲ။ဘာမှထူးခြားပြောင်းလဲမသွားဘူး။ အချိန်တန်ဘဏ်ကတ်ထဲကပိုက်ဆံကိုထုတ်သုံးပြီးသူငယ်ချင်းတွေနဲ့ပျော်တုန်းပါတုန်းပဲ။အိမ်ကပိုက်ဆံပို့တာအကုန်မြန်သွားရင်တော့ ပုံလေးတစ်ပုံ နှစ်ပုံထဆွဲပြီး အန်တီလေးကုမ္ပဏီကိုရောင်းလိုက်တာပဲ။
ရိပေါ်ကအလုပ်အရမ်းများပြီးလူသိများတဲ့ idolတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူလှမ်းခေါ်ရင်တော့မရောက်ရောက်အောင်လာတွေ့တယ်။အရာရာကအရင်အတိုင်းမပြောင်းလဲဘူး။တစ်ခုလေးပဲကွာခြားသွားတာ။အရင်တုန်းကသူတစ်ယောက်တည်းအော်ဟစ်အားပေးခဲ့တဲ့နာမည်လေးတစ်ခုကအခုတော့ လူအများကြီးသံပြိုင်အော်ကာအားပေးနေခဲ့ပြီ။"ဟုတ်ကဲ့ အထူးအစီအစဉ်အနေနဲ့ ကျွန်တော်တို့အဖွဲ့ရဲ့အသက်အငယ်ဆုံးလေးဖြစ်တဲ့ Wang Yibo က ပရိတ်သတ်တွေထဲက တစ်ယောက်ကိုရွေးချယ်ပြီး စင်ပေါ်မှာ သီချင်းဆိုပြမှာပါ၊
ကဲ...ဝမ်ရိပေါ် ရွေးချယ်မယ့်သူလေးကဘယ်သူများဖြစ်မလဲ"စကားသံအဆုံးမှာ တကွင်းလုံးကို ဆလိုက်မီးရောင်တွေက ဖြာကျသွားတယ်။
ပွဲကိုလာတဲ့ Fanတွေကလဲရင်တထိတ်ထိတ်..။
ရှောင်းကျန့်ဆိုပိုဆိုး။
ဒီပွဲကိုလာအားပေးဖို့ ရိပေါ် သူ့ကိုဖိတ်တုန်းကအလုပ်မအားဘူးဆိုပြီးငြင်းခဲ့တဲ့သူက တိတ်တိတ်လေးခိုးလာကြည့်ပြီးမှ အခု သူရွှေးချယ်မယ့် တစ်ဦးတစ်ယောက်ကို မနာလိုခြင်းတွေဖြစ်နေမိတယ်။
ဒီအစီအစဉ်သာပါမယ်ဆိုတာသာကြိုသိရင် လာမယ်လို့အတိအလင်းပြောပြီး သူ့ကိုပဲရွေးခိုင်းပါတယ်။
အခုတော့..ကံထူးမယ့်သူကို ဘယ်သူလဲလိုက်ကြည့်နေရသည်မှာရင်တထိတ်ထိတ်နဲ့၊
ကောင်လေးလား၊ကောင်မလေးလား၊
ရုပ်ချောလား၊ ဇာတ်ကားထဲကလို idol နဲ့ fan girl ဇာတ်လမ်းတွေများဖြစ်သွားမလား။
အိုက်ရား.... ဒေါသထွက်လိုက်တာ..။
YOU ARE READING
CURSE(BF)
Fanfictionတကယ်ပဲ ရည်စားဟောင်းကျိန်စာတိုက်သလို ယောကျားလေးနဲ့ယူရတော့မှာလား။ ဒင်းကရော ငါရဲ့ဘာလဲ Best Friend or Boyfriend? တကယ်ပဲ ရည်စားဟောင်းကျိန်စာတိုက်သလို ယောကျားလေးနဲ့ယူရတော့မှာလား။ ဒင်းကရော ငါရဲ့ဘာလဲ Best Friend or Boyfriend?