13

5.8K 767 49
                                    

"​ဟေး..​ရှောင်းကျန့်​ !!ရိ​ပေါ် ဒီ​နေ့ ​ကန်​တဲင်းမလာဘူးလား"

ကျန်းချန်​ရဲ့အလိုက်​ကန်းဆိုးမသိတဲ့အ​မေး​ကြောင့်​​ရှောင်းကျန့်​ရဲ့မျက်​နှာ​လေးကပြို​တော့မယ့်​မိုးလိုငိုမဲ့မဲ့​လေးဖြစ်​လာတယ်​။သူ့မျက်​နှာအရိပ်​အကဲကိုမြင်​လိုက်​တဲ့စုန့်​ကျိရန်​က ကျန်းချန်​ရဲ့လက်​​မောင်းကိုအားနဲ့ရိုက်​ပြီး​ရှောင်းကျန့်​ကို​မေး​ငေါ့ပြတယ်​။ညက​ရေကုန်​​ရေခမ်းငိုထားရသဖြင့်​မျက်​လုံး​လေး​တွေမို့​နေတဲ့​ရှောင်းကျန့်​က ​အောက်​နှုတ်​ခမ်း​လေး​ရှေ့ကို​ထော်​ကာဖြင့်​ ကျန်းချန်​ရဲ့အ​မေးကို​ဖြေဖို့စကားစတယ်​။

"မလာဘူး၊ငါဖုန်းဆက်​​တော့လဲမကိုင်​ဘူး။ပြီး​တော့..ရိ​ပေါ်က မိန်းမယူ​တော့မှာတဲ့!ငါ့ကိုထားခဲ့​တော့မှာ"

ပြောရင်းဆိုရင်းတအီးအီးနဲ့အာပြဲကြီးနဲ့ထငို​နေတာမို့​​ဘေးဝိုင်း​တွေက​တောင်​စပ်​စုသလိုလှမ်းကြည့်​​နေကြပြီ။ကျန်းချန်​က မျက်​နှာထားကိုတည်​လိုက်​ကာ ​အပီအပြင်​ အကြံ​ညဏ်​​ပေး​တော့မယ်​အထာနဲ့ ​ရှောင်းကျန့်​ရဲ့ပခုံးကိုပုတ်​ကာ

"မင်းကို ထားခဲ့​တော့​ရော ဘာဖြစ်​လဲ၊ မင်းနဲ့သူနဲ့ကဘာမှ မှမဆိုင်​တာ!သူဘာသာဘယ်​သူနဲ့ပဲလက်​ထပ်​ ထပ်​​ပေါ့၊မင်းကဘာ​တွေဖြစ်​​နေတာလဲ"

ကျန်းချန်​ရဲ့စကားကို အလိုမကျတဲ့​ရှောင်းကျန့်​က မျက်​​စောင်းထိုးလိုက်​ပြီး

"ငါနဲ့သူနဲ့ကဆိုင်​တယ်​​လေ၊သူက ငါ့ညီ​လေးပဲဟာ၊ငါ့ညီ​လေး​လေ"

ရှောင်းကျန့်​ရဲ့စကားကိုကျန်းချန်​​ရောစုန့်​ကျိရန်​ကပါတဟားဟားနဲ့ထ​အော်​ရယ်​​ပြီး​လှောင်​​တော့​ရှောင်းကျန့်​က စားပွဲဝိုင်းကိုလက်​နဲ့ရိုက်​ကာစိတ်​ဆိုး​ကြောင်းပြတယ်​။

"ငါ​ပြောတာဘာမှားလို့လဲ၊ဘာလို့ရယ်​​နေကြတာ​လေ၊​ဖြေ​လေ ငါစိတ်​တိုလာပြီ​နော်​"

ရှောင်းကျန့်​​ပြော​လေ ကျန်းချန်​တို့ကရယ်​​လေမို့ ​ဒေါသထွက်​ထွက်​နဲ့ထပြန်​ဖို့ကြံ​တော့ကန်​တဲင်းထဲကို ရိ​ပေါ်ရဲ့လက်​ကိုချိတ်​ကာကောင်​မ​လေးနဲ့အတူဝင်​လာတာကိုမြင်​​တော့​ရှောင်းကျန့်​ထ​နေရာက​နေပြန်​ထိုင်​တယ်​။
ရိ​ပေါ် သူတို့နဲ့အတူတူလာထိုင်​မှာလား?

CURSE(BF)Where stories live. Discover now