.
ပိုက်ဆံအိတ်ကို ဖွင့်ကြည့်မိသည် ။
ပိုင်ရှင်အမျိုးသမီးလေး၏ လိုင်စင်ပုံအချို့နှင့် ကျောင်းမုန့်စားကဒ်တို့သည်
သူမကို ရှာတွေ့နိုင်မည့် သဲလွန်စဖြစ်သည် ။
ဒီခေတ်ကြီးတွင် တက္ကသိုလ်ကျောင်းတိုင်း ကျောင်းသမ္မဂ္ဂ official page ရှိကောင်းရှိလိမ့်မည် ။ဖုန်းကို ကောက်ယူကာ Facebook တွင်း ကျောင်းမုန့်စားကဒ်မှ ပါသော ကျောင်းနာမည်ကို ရိုက်ရှာကြည့်လိုက်သည် ။
ခန့်မှန်းထားသည့်အတိုင်းပင် ထိုကျောင်းနှင်သက်ဆိုင်သော page များစွာ တက်လာသည် ။
Troller page ၊ Mailbox page ၊ သမ္မဂ္ဂPage စုံလင်လှချေ၏။
troller pageကိုတော့ ပိုက်ဆံအိတ်ပိူင်ရှင်အား ရှာဖွေခိုင်းရန် မသင့်တော်နိုင်
သမ္မဂ္ဂpageအား အကူအညီတောင်းခံမည် ဟု ဆုံးဖြတ်ထားသော်လည်း အရေးကြီးကိစ္စများသာထုတ်ပြန်ပုံရသဖြင့် အားနာရပြန်သည် ။
ထိုကြောင့် Mailbox pageကိုသာ အကူအညီတောင်းရလေတော့သည် ။ထို page ၏ admin အား အချက်အလက်နှင့် ပိုက်ဆံအမောင့် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် Fb acc တို့ကို အတိအကျပြောပြပြီးနောက် ဖုန်းကို data offလိုက်ပြီး
ပိုက်ဆံအိတ်ထဲမှ ထိုအမျိုသမီးလေး ဓာတ်ပုံကို အကြောင်းအရင်းမဲ့စွာ ထုတ်ကြည့်မိသည် ။
အချိန်အတော်ကြာကြည့်နေမိပြီးနောက်မှ သတိဝင်လာ၍ ကျွန်မပြုံးမိကာ ကိုယ့်ကိုကိုယ်ရှက်လိုက်ရသေးသည်။
မိန်းမချင်း ဤသို့ပြုမူမိသည်မှာ ရယ်ချင်စရာကောင်းသော်လည်း
သူမအတော်လှသည်ကိုတော့ ကျွန်မဝန်ခံရပေလိမ့်မည်။ရှက်ရှက်နှင့်ပင် မီးဖိုချောင်ထဲ ပြေးဝင်မိသည် ။
မီးဖိုချောင်ထဲ အကြောင်းအရင်းမရှိပါဘဲ ပြေးဝင်ပြီးမှ လက်ဗလာနှင့်ပြန်ထွက်ရမှာ ကိုယ့်ကိုကိုယ် မလုံမလဲစိတ်ဖြစ်မိသည် ။
မိုးမိထားသော အရှိန်ကြောင့်လည်း အနည်းငယ်အေးသလိုခံစားရ၏ ။
ထို့ကြောင့် ကော်ဖီပူပူလေးတစ်ခွက်ဖျော်ရန် ဆုံးဖြတ်မိလိုက်လေသည်။ကော်ဖီခွက်ကို ကိုင်ကာ အိမ်ရှေ့ဝရံတာဘက်ထွက်လာခဲ့သည်။
မိုးဖွဲများ စဲသွားသည်မှာ နာရီပိုင်းခန့်ရှိပြီ ဖြစ်သော်လည်း
လေထုမှာ စိုစွတ်နေတုန်းပင်ဖြစ်သည် ။
မျက်လုံးစုံးမှိတ်ကာ စိုထိုင်းနေသော လေအား ခပ်ပြင်းပြင်းရှိုက်သွင်းမိသည်။
မရည်ရွယ်ပါပဲ ထိုအမျိုးသမီးလေး၏ ပြုံးရယ်နေဟန်ကိုလည်း မြင်ယောင်လာမိသည် ။ကျွန်မ မိန်းကလေးတစ်ယောက်ကို စွဲလမ်းနေမိပြီထင်ပါသည် ။ ကျွန်မပြုံးရွှင်လာမိသည်။
ချက်ချင်းပင် အတွေးတစ်စသည် သတိပေးသော အတားအဆီးတစ်ခုသကဲ့သို့ ဝင်ရောက်လာပြီး ကျွန်မအား ညှိုးငယ်စေပြန်သည်။"အို မဖြစ်သင့်တာတွေ ငါဟာ တစ်စုံတစ်ယောက်ချစ်ဖို့ မသင့်တော်တဲ့သူပဲ ..... "