( ၆ )

563 47 3
                                    

<

ချစ်ခြင်းမေတ္တာဟာ တိမ်စိုင်လေးဆို
မင်းဟာ ကိုယ်စိတ်လိုလက်ရ ရွာသွန်းလိုက်တဲ့ မိုးဖွဲလေး
လှပတဲ့ အမှတ်တရတွေပါပဲ
တစ်ချိန်မှာတော့ ကျန်ခဲ့ရမယ်

                                    >

မထူးခြားသော သာမန်လေးတစ်နေ့ပါပဲ
အုံ့မှိုင်းနေတဲ့ မိုးရာသီရဲ့ စိုစိုစွတ်စွတ်လမ်းမကိုလည်း အမှုအမှတ်မဲ့ကျော်လွှားရင်း အလုပ်ရှုပ်ရတဲ့နေ့လေးဟု ဆိုရမည်ဖြစ်သည် ။
မနက်စောစောမိုးသောက်ကတည်းကပင် ပွဲစားနဲ့ စကားပြောခြင်း စာချုပ်အတွက်ရှေ့နေငှားခြင်း ၊ ဝန်ထမ်းအသစ်ခေါ်ယူရန်စီစဉ်ခြင်းတို့ဖြင့် အတော်ကသီခဲ့ရသည် ။
အိမ်အပြန်တွင် ကျွန်မစီးခဲ့သော YBS သည် လူရှင်းနေပြီး ထိုင်ခုံနေရာရ၍သာ တော်သေးသည် ။
ထိုမိုးခပ်ဖွဲဖွဲရွာသောနေ့က ပိုက်ဆံအိတ်ပိုင်ရှင် အမျိုးသမီးလေးကို မဆီမဆိုင် သတိရမိသည် ။ ဤအချိန်လောက်ဆို သူမ အတန်းပြီး၍ အိမ်ပြန်နေလောက်ပြီ ဖြစ်မည် ။ သူမ၏ မလိုမပိုသော အပြုံးကပင် ကျွန်မ၏ နှလုံးသားအစုံအား လှုပ်ခတ်စေသည် ။

သာမန်မဆန်တော့သော တစ်နေ့တာ စ ချေပြီ
ကျွန်မ ဆင်းရမည့် မှတ်တိုင်ရောက်ချေပြီ ။
ခက်ပြီ ၊ မှတ်တိုင်တွင် ငေးမောရင်း
ကျွန်မ ထီးမေ့ကျန်ခဲ့သည် ။
မိုးကလည်း အတော်ကို ရွာသွန်းလာသည် ။

သို့သော် ကိစ္စမရှိ ။
ကျွန်မသည် ထီးပါသော်ငြား မဆောင်းဘဲ
မိုးရွာထဲ လမ်းလျှောက်ရတာကို ကြိုက်သည် ။
ချော်ကျမည်စိုး၍ ဘေးလက်ရန်းကိုကိုင်ကာ
ကားပေါ်မှ ခပ်ဖြေးဖြေးဆင်းလာခဲ့သည် ။

တစ်ဆက်တည်းမှာပင် ကျွန်မ၏နောက်ရှိ ပုဂ္ဂိုလ်ထံမှ ထီးခလုတ်ဖွင့်သံကို ဂျောက်ခနဲ့ ကြားရသည် ။
အဖိုးမတန်သော်လည်း
ကျွန်မ ပျောက်ခဲ့ရသော ထီးလေးကို စိတ်ထဲတွင် နှမြောနေမိသည် ။

ကားဘေး ပလက်ဖောင်းဆီသို့ ကားလမ်းကူးရန် ခပ်သွက်သွက် လျှောက်သွားလိုက်သည် ။
မိုးရွာနေသည် ။
ဟုတ်သည် ၊ သို့သော်
ကျွန်မခန္ဓာထက် မိုးတစ်စက်မှ ကျမလာခဲ့ပါ ။
ထိတ်လန့်စွာ မော့ကြည့်လိုက်သောအခါ ကျွန်မ ခေါင်းထက်တွင် ထီးတစ်ချောင်းက အုပ်မိုးပေးနေသည် ။

ထို ထီးမိုးပေးနေသော လက်ပိုင်ရှင်ကို နောက်လှည့်ကာ ကြည့်မိသည် ။

" အို..... "

" လန့်သွားတာလား ....
မမ ထီးမဆောင်းလို့ လိုက်ဆောင်းပေးနေတာပါ ...
ဆက်သွားလေ ... အိမ်ပြန်မှာမလား ကျွန်တော် လိုက်ပို့ပေးမယ် "

ထိုသူသည် အခြားမဟုတ် ပ်ုက်ဆံအိတ်ပိုင်ရှင်အမျိုးသမီးလေးဖြစ်သည် ။
သူမ၏ စေတနာပိုသော အလိုက်တသိ ကူညီမှုအား
လက်ခံလိုက်ရန် မရည်ရွယ်ပါသော်လည်း
အံဩမှုကြောင့် ကျွန်မ ခေါင်းငြိမ့်မိလျက်သားဖြစ်သွားသည် ။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည့်အခါ
သူမကပင် စကားစလာသည် ။

" ဒီဘက်လာ "ဟု အထိတ်တလန့်ဆိုကာ ကျွန်မပုခုံးအားဖက်၍ သူမ၏ ညာဘက်သို့ ဆွဲလှည့်လိုက်သည် ။
ဖြစ်ပျက်သွားသော အခြေအနေများမှာ
မြန်ဆန်လွန်းလှသည် ။
ဘေးမှ ဖြတ်မောင်းသော ကားသည် အရှိန်ဖြင့် လာခြင်းဖြစ်ရာ ဘေးရေအိုင်မှာရေများ
သူမအား စင်သွားကာ တစ်ကိုယ်လုံး စိုရွှဲကုန်သည် ။

လူသွားလမ်းပလက်ဖောင်းပေါ်တွင်
ကျွန်မတို့နှစ်ယောက် ဖက်လျက်သား ဖြစ်နေသည် ။
ကားလမ်းမပေါ်သို့ ထီး လွင့်ကျသွားသည် ။
ကျွန်မသည် သူ့ရင်ခွင်ထဲတွင်ရှိနေသည် ။
မိုးရေများက အေးနေသော်လည်း သူမရင်ခွင်ထံမှ လှိုက်လှဲသော အနွေးဓာတ်ကို ခံစားရသည် ။
ရေမွှေးပြယ်လုစဖြစ်သော
သူမ၏ ကိုယ်နံ့သင်းသင်းလေးကို ခိုးရှိုက်မိသည် ။
နောက်ကားတက်ကြိတ်ခြင်းခံလိုက်ရတဲ့ ထီးလေးကတော့ တစ်စစီ ။

ကော်ဖီခွက်လေးနွေးတုန်းပဲWhere stories live. Discover now