Ep 1(Zawgyi)

103 7 0
                                    

ဆာကူရာ... ကျွန်မရဲ့ ငယ်သူငယ်ချင်း... သူ့ကို သိခဲ့ရတာက ဒီလို...

ဘေးအိမ်က ဦးလေးကြီးက ဂျပန်မှာအလုပ်လုပ်ရင်း ဂျပန်အမျိုးသမီး တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်တဲ့... အဲ့မှာ ဆာကူရာ့ကို မွေးခဲ့တာ့... သူကျောင်းစတတ်တဲ့ အရွယ်လောက်မှ ကိုရီးယားမှာ ပြန်အခြေချဖို့ ဆုံးဖြတ်ပြီး ပြန်လာကြတယ်တဲ့... ဦးလေးကြီးက သူ့မိဘတွေ ပိုင်ဆိုင်ခဲ့တဲ့.အိမ်မှာပဲ နေခဲ့တယ်လေ... အဲ့အိမ်က ကျွန်မတို့ အိမ်ဘေးက အိမ်ပေါ့...

ဆာကူရာတို့ ပြောင်းလာပြီး သိပ်မကြာခင်မှာပဲ လူမှုဆငဆံရေးကောင်းတဲ့ Omma နဲ့ ဆာကူရာ့ရဲ့ အမေတို့ ခင်သွားကြတယ်...

****

Flashback

"Sakura Chan... ဒါက အန်တီရဲ့သမီး Chaeyeon... Chaeyeon နဲ့ အတူတူဆော့နော်..."

"Jjaeyeon..."

စကားမပီတော့တဲ့ အရွယ်လည်း မဟုတ်ပဲ နာမည်ကို မပီကလာ ပီကလာ ခေါ်တော့ ချယ်ယွန်း ကရယ်လိုက်ပြီး...

"Jjaeyeon တဲ့.. နာမည်ကို ပီအောင်လည်း မခေါ်တတ်ဘူး... *laugh*"

သူ့ကို ရယ်တော့ ကောင်မလေးသေးသေးလေးက နူတ်ခမ်းလေးမဲ့ပြီး ငိုမဲ့မဲ့လေး ဖြစ်သွားတယ်... Omma ကတော့ ကျိတ်ဆူတယ်...

"Chaeyeon... သူက ဂျပန်လူမျိုးမို့လို့ Chaeyeon လို့ပီပီသသ မခေါ်တတ်တာ... မရယ်ရဘူး... ဟိုမှာ Sakura Chan ဝမ်းနည်းသွားပြီ... ပြန်ချော့လိုက်"

ချယ်ယွန်း လည်း သူမှားသွားတယ်ဆိုတာ သိတော့ ခေါင်းလေးငုံ့ပြီး ဆာကူရာ ရဲ့လက်လေးကို သွားဆွဲလိုက်ပြီး..

"တောင်းပန်ပါတယ်.. အဲ့လို မပြောတော့ဘူး... အဲ့ဒါဆို ငါကရော နင့်ကို Sakura Chan လို့ ခေါ်ရမှာလား... "

ငိုမဲ့မဲ့နဲ့ ကလေးမလေးက မျက်ရည်တွေ စိုနေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ Chaeyeon ကို ကြည့်လိုက်ပြီး

"မခေါ်နဲ့... Saku Chan လို့ပဲခေါ်..."

ချယ်ယွန်း က ဆာကူရာ့ ကို ပြုံးကြည့်လိုက်ပြီး....

"ဟုတ်ပြီ... Saku Chan... အဲ့ဒါဆို ငါတို့ သူငယ်ချင်းတွေ ဖြစ်သွားပြီးနော်..."

ငိုမဲ့မဲ့လေးမှာ သွားလေးတွေပေါ် မျက်ဝန်းလေးတွေ ကွေးညွတ်သွားတဲ့ အထိ ချယ်ယွန်းကို ပြုံးပြလိုက်တယ်...

Are we DatingWhere stories live. Discover now