ဆာကူရာ နဲ့ တစ်ခန်းထဲ မကျတာကြောင့် အလိုမကျ ဖြစ်နေတဲ့ ချယ်ယွန်းကို ကြည့်ပြီး....
"တစ်ခန်းထဲ အတူမကျတာနဲ့ ငါတို့က မရင်းနှီးကြတော့ဘူးလား... ငါလည်း နင့်အခန်းကို လာလို့ ရတယ် နင်လည်း ငါ့အခန်းကို လာလို့ရတယ်လေ... အခန်းကလည်း ဘေးချင်းကပ်လျက်ပဲကို..."
ချယ်ယွန်းကတော့ စူပွပွဖြင့်
"ငါက နင်နဲ့ အတူ တစ်ခန်းထဲ ကျချင်တာကို..."
"ကဲ...သွားတော့ ကိုယ့်အခန်းကိုယ်... ကျောင်းတက်တော့မယ်...."
"တွေ့လား...အဲ့လိုတွေကြောင့်..."
သွားတော့လို့ ပြောလိုက်ရပေမယ့် တကယ်တော့ ဆာကူရာလည်း စိတ်မကောင်း.... ဒါပေမယ့်လည်း ဒီတစ်ယောက်ဟာ ဒီလို ပြောမှ ရမည်... သူနဲ့ ပြိုင်ဝမ်းနည်းနေရင် တကယ်ကို ပြီးတော့မှာ မဟုတ်...
**************************
အတန်းနားပြီ ဆိုတာနဲ့ ချယ်ယွန်းတစ်ယောက် ဆာကူရာ့ အခန်းကို ချက်ချင်းရောက်ချလာသည်....
"အဆင်ပြေရဲ့လား.... Saku-chan... နင့်ကို ဘယ်သူတွေ အနှောက်အယှက်ပေးသေးလဲ...."
ဆာကူရာနဲ့ စကားပြောနေတဲ့ ကောင်မလေးက ချယ်ယွန်းကို ကြောင်စီစီလေးကြည့်ရင်း...
"Annyeong... ငါ့နာမည် Hyewon ပါ... Kura ရဲ့ သူငယ်ချင်း...."
ချယ်ယွန်း မျက်နှာ တည်တည်တင်းတင်းဖြင့်
" ဟုတ်လား... တွေ့ရတာ ဝမ်းသာပါတယ်...."
ပြောပြီးတာနဲ့ ဆာကူရာ့ လက်ကို ဆွဲကာ ထွက်ခဲ့လေသည်...
"သူက ဘယ်သူလဲ... အရင်တည်းက သိတာလား... အခုမှ သိတာလား...."
ဆာကူရာ မျက်နှာလေး ရှုံ့သွားကာ...
"အဲ့ဒါမေးဖို့ ငါ့လက်ကို အတင်းဆွဲလာတာလား...."
ဆာကူရာ့ရဲ့ မျက်နှာအခြေအနေကို သေချာ နားလည်သွားမှ ချယ်ယွန်း ခေါင်းလေးကုတ်ကာ...
"အဲ့ဒါပဲတော့ မဟုတ်ပါဘူး... နင်အဆင်ပြေရဲ့လားရော.... မေးမလို့"
"ပြေတယ်.... ပြီးတော့ သူနဲ့ ငါက မနက်ကမှ ခင်သွားတာ... အဲ့ဒါပဲ မလား... လာ မုန့်သွားဝယ်ရအောင်..."