အပိုင်း (၁)
အချစ်တို့သည် တစ်ခါတစ်ရံ ဆုံစည်းစေတတ်သည်။
###################################""ကျွန်တော်က ချစ်တတ်ဖို့ သင့်တော်ရဲ့လား
အချစ်ခံသင့်လားးးးးးး"""ဒီနှိုင်း
"""သီချင်းတွေထဲမှာ မင်းအမြဲရှိနေတယ်×××× ကိုယ့်ရဲ့အတွေးတွေ မင်းပဲ ဖြစ်နေတော့တယ်×××××
ကိုယ့်ခြေလှမ်းတွေ အမြဲတမ်း လိုက်နေတယ်
စေလိုရာ စေလိုက်တော့ သခင် ×××××××
သခင်လိုရာ အဆင့်ဖြစ်ရင် အရာရာကို ပိုင်ဆိုးတဲ့သခင်.....×××××××× """""
မှောင်ရီသော ညတွင် စားသောက်ဆိုင်တစ်ခုရဲ့ အတွင်းမှာ သီဆိူသူရဲ့ သီချင်းသံက ခံစားချက်အပြည့်နဲ့ ပျံ့လွင့်လျက်ရှိသည်။ ဆိုင်ရဲ့ အတွင်း ထောင့်ကျတဲ့ စားပွဲဝိုင်းတစ်ခုတွင်တော့
"ယူပါ ခလေး မင်းအတွက် မုန်ဖိုးပေးတာပါ ယူလိုက် "
"ကျွန်တော် မယူပါရစေနဲ့ ဒါ ကျွန်တော်လုပ်ရမဲ့ ကိစ္စမို့ လုပ်တာပါ မယူပါရစေနဲ့ "
၅ထောင်တန် တစ်ရွက်အား ကျွန်တော့်လက်ထဲ ပေးနေသော ထိုလူကြီး အား ကျနော် မယူဖိူ့ ငြင်းနေမိသည်။ ကျတော် service ပေးလို့ ပေးတာတဲ့ ကျတော်က စားပွဲထိုး လုပ်နေတယ် ဆိုပေမဲ့ မာနတော့ ရှိတယ်။ သူများပေးတဲ့ပိုက်ဆံကို ကျနော် မယူချင်ဘူး။ကျနော့်တာဝန်ကျေအောင် ဝန်ဆောင်မှုပေးရုံပါ။ အတင်းငြင်းပြီးကျနော် ထိုနေရာကနေ ဖယ်ခွာခဲ့တယ်။ မထူးဆန်းပါဘူးလေ နေ့တိုင်း ကြုံနေရတာပဲ ခက်တာက ကျနော်က သူများဆီက အချောင်သက်သက် ရမဲ့ ပိုက်ဆံကို မလိုချင်ပေ။ အလုပ်ဆင်းတော့ အချိန်က ည ၁၀ နာရီ ထိုးနေပြီ ကျနော် အိမ်ပြန်ရင်း လမ်းတစ်လျှောက် ကျနော့်ဘဝအကြောင်း တွေးနေမိသည် ။
ကျနော်က တစ်ကောင်ကြွက်လေ ငယ်ငယ်လေးတည်းက မိဘတွေ မရှိကြတော့တာ အဒေါ်အိမ်မှာ ခ်ိုကပ်စားနေရတဲ့ဘဝပေါ့ အဒေါ်ကလည်း မကြည်ဖြူပါဘူး နေ့တိုင်း အလုပ်ကပြန်တိုင်း ဆူပူနေတာ ဟူးးးး ကျနော့်ဘဝက သိပ်ကို ဆိုးတယ်ဗျာ ဆယ်တန်းလေးအောင်လို့ အဝေးသင်တတ်ဖို့အတွက် ဒီစားပွဲထိုးအလုပ်ကို ဝင်လုပ်မိသည်။မတတ်နိုင် မြန်မာပြည်မှာက ဆယ်တန်းအောင်ရငိတောင် ကောင်း တဲ့ နေရာရဖို့က မလွယ်လေတော့ ကျနော်လည်း ရရာ အလုပ် ဝင်မိတယ် ။ အဒေါ်က ကျောင်းထွက်ခိုင်းပေမဲ့ ကျနော် ပညာရေးကို အဆုံးထိ သင်ချင်မိသည် ။ဒါကြောင့်လည်း ဒီအလုပ်ကို လုပ်မယ်ဆိုပြီး ရွေးချယ်မိတယ် ။ကိုယ်နဲ့ရွယ်တူ သူများတွေ ဒီအချိန် အနားယူနေကြပြီ ကျနော်ကတော့ ခါးသီးစွာ လမ်းမထက်မှာ လမ်းလျှောက်ရင်းးးးးးးး
"ဟူးးးး ဘယ်တော့များမှ ငါ့ဘဝ အဆင်ပြေလာမလဲနော်"
ဒီလိုနဲ့ အသံမမြည်သာသော သက်ပြင်းရှည်လေး ချကာ အိမ်ရောက်လာရင်း -----------
YOU ARE READING
အချစ်တို့ အကြောင်း သီဖွဲ့ပေးပါ
Romanceလူနှစ်ဦးရဲ့ ချစ်ခြင်း၊ အချစ်ကို ပုံဖော်ပေးမဲ့ ကောင်လေးနှင့် အချစ်ခံချင်သော လူသားတစ်ဦးတို့ ဆုံစည်းကြရာတွင်