Because I love you

1.2K 167 23
                                    

Zawgyi

ဒီ​နေ့နဲ့ဆို နှစ်​ပတ်​ရှိပြီ.....
Yoongi ဆီထမင်းချိုင့်​သွားမပို့တာ​ပေါ့
Yoongiနဲ့ထမင်းအတူမစားရ​တော့တာဆိုလဲပိုမှန်​တယ်​... ဘာလို့လဲဆို​တော့ ကျွန်​​တော်​သူ့ကိုအရင်​လိုအရမ်းကြီးလိုက်​ကပ်​ပြီး စိတ်​မရှုပ်​​စေချင်​​တော့ဘူး....ဒီတိုင်း...ဒီတိုင်း​လေးပဲ သူ​အဆင်​​ပြေ​နေတာလဲကိုပဲကြည့်​​နေ​တော့မယ်​....
မနက်​စာကိုလဲ မစားသွား​တော့သလို ညဆိုလဲ အိပ်​ချိန်​မှပြန်​​ရောက်​လာတတ်​တယ်​....
ထမင်းဆိုလဲစားခဲ့ပြီးပြီဆိုပြီး အတူမစား​တော့ဘူး....
ကျွန်​​တော်​က ဘာလို့လဲလို့​မေး​တော့.....

*မင်းကို​မ​တွေ့ချင်​လို့​* ဆိုတဲ့စကားတစ်​ခွန်းထွက်​ကျလာတယ်​.....
တကယ်​ပဲ ကျွန်​​တော်​မရှိရင်​​ပျော်​မှာလား.....
တကယ်​ပဲကျွန်​​တော်​ထွက်​သွား​ပေးရ​တော့မှာလား..
မဖြစ်​နိုင်​ဘူးyoongi...ကျွန်​​တော်​ထွက်​သွားဖို့ဆိုတာ..ဘာလို့လဲဆို​တော့ ကျွန်​​တော်​က yoongi ကိုမ​တွေ့ရဘဲနဲ့မ​နေနိုင်လို့​...တကယ်​လို့...ကျွန်​​တော်​ထွက်​သွားခဲ့ရင်​လဲ yoongi က လိုက်​ရှာမှာမှမဟုတ်​တာ.....ကျွန်​​တော့်​ရဲ့​မျှော်​လင့်​ချက်​​တွေ တဖြည်းဖြည်း​ပျောက်​ကွယ်​လာပြီ yoongi....တကယ်​ပဲလုံးဝပြန်​မချစ်​နိုင်​​တဲ့အထိ အရမ်းမုန်း​နေခဲ့တာလား...

..................
တစ်​ရက်​......yoongiည​နေ​စော​စောအိမ်​ပြန်​လာခဲ့တယ်​......ပြီး​တော့ ကျွန်​​တော့်​ကို ​ခေါ်တယ်
ကျွန်​​တော်​နဲ့သူ ဧည့်​ခန်း​ထဲမှာ မျက်​နှာချင်းဆိုင်​ထိုင်​လိုကိတယ်​......
အင်း...မျက်​နှာ​လေးကပြည့်​​နေတယ်​...အတူထမင်းမစားခဲ့တဲ့နှစ်​ပတ်​မှာ ထမင်း​သေချာစားတယ်​နဲ့တူတယ်​.....

*Jimin....ကိုယ်​​ပြောစရာ....ရှိလို့*

သူဘက်​က စိတ်​လှုပ်​ရှားတဲ့ပုံစံနဲ့​ပြော​နေတာ​ကြောင့်​ Jimin ​ခေါင်းငြိမ့်​လိုက်​တယ်​...

*​ပြောရမှာအားနာပင်​မဲ့.......ကွာရှင်း​ပေးပါလား*

'ဗျာ......'
မထင်​မှတ်​ထားတဲ့စကား​ကြောင့်​ ....ပြန်​​ပြောစရာစကား​တွေအစား ထိတ်​လန့်​မှု​တွေက ဝင်​​ရောက်​လာတယ်​....
'ဘာလို့လဲyoongiရဲ့....​လာ​နောက်​​နေတာလား'
မျက်​ရည်​​တွေဝဲလာပင်​မဲ့...​ခြောက်​ကပ်​ကပ်​သာရယ်​ရင်းပြန်​​မေးလိုက်​မိတယ်​...ခင်​ဗျားမသိဘူး...ကျွန်​​တော့်​ရင်​ဘက်​ထဲဘယ်​​လောက်​ဗ​လောင်​ဆူ​နေတယ်​ဆိုတာ......

Are you sure?Where stories live. Discover now