Good bye

1.3K 165 18
                                    

Zawgyi

သူပြန်​မလာခဲ့ဘူး.....
ထို​နေ့က ထွက်​သွားပြီးတဲ့​နောက်​ လုံးဝကိုအရိပ်​အ​ရောင်​မ​တွေ့ရ​တော့ဘူး......ကျွန်​​တော်လဲလိုက်မရှာမိဘူး...
အမှန်​​တော့ Jiminဆိုတဲ့​ကောင်​​လေး​ကြောင့်​ကျွန်​​တော်​အမြဲစိတ်​ရှုပ်​ခဲ့ရတယ်​....
ကျွန်​​တော့်​ကိုအတင်းလက်​ထပ်​တဲ့​အချိန်​ကဆို အရမ်းကိုမုန်းခဲ့တာ....
ဒါပင်​မဲ့ လက်​ထပ်​ပြီး ထဲက ခုထိသူက အမြဲ​နွေး​ထွေးစွာဆက်​ဆံ​ပေးတယ်​...
ကျွန်​​တော့်​ဦး​နှောက်​ကလဲ သူ့ကိုချစ်​ဖို့အမိန့်​​ပေး​နေပင်​မဲ့ နှလုံးသားကငြင်းဆန်​​နေတယ်
ချစ်​ရမှာကို​ကြောက်​​နေတယ်​ ပြီး​တော့ ကျွန်​​တော်​သူ့ကိုစိတ်​ကစားတယ်​လို့ပဲမှတ်​ယူထားတာကြီးကလဲ ​ခေါင်းထဲစွဲ​နေတယ်​....
ကြာရင်​သူလက်​​လျော့သွားမှာပါဆိုပြီး လစ်​လျူရှုခဲ့တာ ၄နှစ်​​လောက်​ရှိပြီထင်​တယ်​......
မ​ရေရာတဲ့ခံစားချက်​​တွေနဲ့ ချစ်​မိ​နေတာလား သာယာ​နေမိတာလားဆိုတာခွဲမရ​အောင်​ဖြစ်​ခဲ့ဖူးတယ်​....
လူတစ်​​ယောက်​ကိုမချစ်​ချင်​ဘူး......တကယ်​လို့အဲ့လူမရှိ​တော့ရင်​အရမ်းခံစားရတယ်​​လေ....
ကျွန်​​တော်​က ခဲမှန်​ထားတဲ့ ငှက်​လိုမျိုး ချစ်​ရမှာကို​ကြောက်​​နေမိတယ်​....
တောင်းပန်​ပါတယ်​ Jimin မင်းရဲ့အချစ်​​တွေကို ကိုယ့်​ရဲ့ စိတ်​နဲ့ နှိုင်းပြီး လျစ်​လျူရှုခဲ့မိလို့.......
ကျွန်​​တော်​လွန်​သွားတယ်​.....သူ့စိတ်​ကိုစမ်းချင်​တာနဲ့ ခါးသီးတဲ့စကား​တွေအများကြီး​ပြောခဲ့တယ်​....ဒါ​တောင်​မှ အပြုံးမပျက်​ဘဲ ခံယူခဲ့တဲ့​​ကောင်​​လေး...
နောက်​ဆုံး ကွာရှင်းခိုင်းတာ​တောင်​ကျွန်​​တော့အတွက်​ကြည့်​တယ်​တဲ့လား....
အမှန်​​တော့ Jellyfish entertainmentက CEO နဲ့ကျွန်​​တော်​ လက်​မထပ်​ပါဘူး.....လုပ်​​ဖော်​ကိုင်​ဘက်​ပဲ ...ပြီး​တော့....အဲ့အမျိုးသမီးကလဲ Jimin ကို ကျွန်​​တော်​ရဲ့ ခင်​ပွန်းမှန်းသိတယ်​....
ဘာလို့ ကွာရှင်းမယ်​​ပြောတာလဲဆို​တော့.....ကျွန်​​တော်​မရှိဘဲသူ​နေနိုင်​မယ်​ထင်​လို့...
ကွာရှင်းပြီးရင်​...သူ​ရောကျွန်​​တော်​​ရော လွတ်​လွတ်​လပ်​လပ်​​နေနိုင်​မယ်​​လေ...ကျွန်​​တော့်​ကိုအပင်​ပန်းခံလိုက်​ချစ်​​နေတဲ့သူ့ကိုလဲ ကျွန်​​တော်​ခါးသီးစွာငြင်းဆန်​​နေဖို့မလို​တော့ဘူး...သူလဲမပင်​ပန်း​တော့ဘူး​ပေါ့

Are you sure?Where stories live. Discover now