1🌹

1.1K 96 1
                                    

တစ်​ချိန်​တုန်းက​ပေါ့ အသားဖြူဖြူ  မျက်​ဝန်း​မှေး​မှေး​လေး​တွေ......​တောက်​ပစူးရှတဲ့ မျက်​ဆံ​တွေနဲ့...
ခပ်​ပါးပါးပန်း​ရောင်​နှုတ်​ခမ်းချွန်​ချွန်​​လေး​တွေနဲ့အတူ ခပ်​လုံးလုံးနှုတ်​​ခေါင်း​လေး​တွေနဲ့.....ကြည်​လင်​လွန်းပြီးဖြူ​ဖွေးတဲ့အသားအရည်​နဲ့​ကောင်​​လေးတစ်​​ယောက်​ရှိခဲ့ဖူးတယ်​.....

သူက ချမ်းသာတဲ့အသိုင်းအဝိုင်းထဲက..
ချမ်းသာတယ်​ဆိုမှသူက ဘုရင့်​မျိုးဆက်​​လေး​ပေါ့...​..
သူက ဉာဏ်​အရမ်းထက်​မြတ်​ပြီး ထူးချွန်​တဲ့ မင်းသား​လေးတစ်​ပါးဖြစ်​ခဲ့တယ်
တ​နေ့မှာ သူဟာ နိုင်​ငံ​တော်​ကြီးကို ​ကောင်းမွန်​စွာအုပ်​ချုပ်​ပြီး သူချစ်​တဲ့သူနဲ့လက်​ထပ်​ကာ သက်​ဆုံးတိုင်​​ပျော်​ရွှင်​​အောင်​​နေသွား​လေသတဲ့...ပုံပြင်​​လေးက​တော့ဒါပါပဲ.....

သက်​ပျင်းချသံတစ်​ခုနဲ့အတူ တွန့်​လိမ်​​ကောက်​​ကွေးစွာ လက်​​ရေးနဲ့​ရေးထားတဲ့ ပုံပြင်​စာအုပ်​လို့ထင်​ရတဲ့ စာ​အုပ်​နွမ်းနွမ်း​လေးဟာ ပိတ်​ခြင်းကိုခံလိုက်​ရတယ်​...

ထို့​နောက်​မှာ​တော့ ထိုလူဟာ ပြတင်း​ပေါက်​တစ်​ခုက​နေ သူစိုက်​ထားတဲ့ နှင်းဆီ​တွေနီရဲစွာပွင့်​​နေတဲ့ ပန်းခင်​ကြီးကိုအထီးကျန်​စွာ ​မေး​ထောက်​ရင်းထိုင်​ကြည့်​​နေလိုက်​တယ်​.....

သူဒီမှာ တစ်​​ယောက်​ထဲအထီးကျန်​စွာ ရှင်​သန်​​နေရတာ ၁၆နှစ်​​လောက်​ကြာ​နေပြီဖြစ်​သည်​...

ငယ်​ငယ်​ထဲက လူတိုင်းဖူးဖူးမှုတ်​တာခံခဲ့ရပြီးချစ်​ခြင်း​တွေအပြည့်​ရခဲ့တဲ့ ဖြူဖြူ​ဖွေး​ဖွေးနဲ့ချစ်​စရာ​ကောင်းတဲ့​ကောင်​​လေး.....အသက်​၁၂နှစ်​အရွယ်​မှာ နန်း​တော်​ထဲက လုပ်​ကြံမှုအချို့ကိုခံခဲ့ရပြီး လှပတဲ့မျက်​နှာနုနု​လေးဟာ စုတ်​ပျက်​သက်​သွားခဲ့တယ်​...
အ​နောက်​နိုင်​ငံဘက်​ကလာတဲ့ အက်​စစ်​အပျင်းစားနဲ့ မျက်​နှာကိုပတ်​ခံလိုက်​ရတဲ့​နောက်​မှာ နှုးညံ့လှတဲ့အသားအရည်​​တွေဟာ အရည်​​ပျော်​သည်​အထိဖြစ်​ခဲ့ရတယ်​...
သွေးသံတရဲရဲနဲ့ နာကျင်​ကြင်​စွာ​အော်​ဟစ်​ပြီးအကူအညီ​တောင်းခဲ့မိပင်​မဲ့ အနားမကပ်​ရဲတဲ့လူ​တွေ....
ကြောက်​ရွံစွာ မျက်​နှာကိုမထိဘဲ ကာကွယ်​ရင်း.....
ပုခုံး​တွေကိုပါထိထားတဲ့ အက်​စစ်​​တွေက ထိသမျှအသား​တွေကိုအရည်​​ပျော်​​စေကာ နှုးညံ့ဖြူ​ဖွေးတဲ့အသားအရည်​​လေး​တွေဟာ မီး​လောင်​ရာထက်​စိုးတဲ့ အကျဉ်းတန်​တဲ့ အရာ​တွေအဖြစ်​​ပြောင်းလဲသွားတယ်​.....

The truth untoldWhere stories live. Discover now