3🌹

537 72 0
                                    

မုန့်​​လေး​တွေထားပြီးနှင်းဆီပန်း​တွေခူးသွားတတ်​တဲ့​ကောင်​​လေး.....သူနဲ့​တွေ့​နေရတာ အခုဆို ၂ပတ်​တင်းတင်းပြည့်​ပြီ.....
ကောင်​​လေးက ဆန်​မုန့်​ရယ်​မှမဟုတ်​ သူအဆင်​​ပြေတဲ့ စားစရာ​လေး​တွေနဲ့လာလာလဲထားခဲ့တတ်​တယ်

DAY14💐
*​ဆေးဖိုး​ရော​လောက်​ရဲ့လား....
မင်းသုံးဖို့​ငွေရ​အောင်​ပါ များများခူးသွား​လေ*

"ရတယ်​ ခင်​ဗျားသာပန်း​လေး​​တွေကိုဂရုစိုက်​​ပေး...
ဒီ​နေ့ ထမင်းဆုပ်​နဲ့ အာလူးပြုတ်​ထားခဲ့တယ်​ ​ကောင်​​ကောင်းစား​နော်​"

DAY 15 💐

*စား​ကောင်းတယ်​*

"ဒီ​နေ့ ပဲ​ခေါက်​ဆွဲ​...​ဈေး​တော့ကြီးပင်​မဲ့ မ​နေ့က ပန်းအများကြီး​ရောင်းခဲ့ရလို့ ခင်​ဗျားအတွက်​ဝယ်​ခဲ့​ပေးတာ"

*ငါတခါမှမစားဖူးဘူး....ဒါပင်​မဲ့ အရမ်း​ကောင်းတယ်​*

DAY 16 💐
"​နေအရမ်းပူလို့နဲ့တူတယ်​ ပန်း​တွေက ခန​လေးညိုးသွားတယ်​...ဒါပင်​မဲ့ ခင်​ဗျားပန်း​တွေကလှတုန်းပဲ"

*ခူးတဲ့သူ​လေးကလဲလှလို့ဖြစ်​မှာ​ပေါ့*

ထို​နေ့က Min ရဲ့ ပြန်​​ရေးထားတဲ့​စာ​လေးကိုဖတ်​ဖို့​ကောင်​​လေး​ရောက်​မလာခဲ့ဘူး....
Min ဒီ​နေ့​ရေးထားတဲ့စာကို မနက်​ဖြန်​မှ​ကောင်​​လေးက ဖတ်​ပြီးစာပြန်​​ရေး​ပေးခဲ့ရတာဖြစ်​တယ်
သူတို့ရဲ့ဆက်​သွယ်​မှုက စာအုပ်​​လေးပဲ​ပေါ့....

ကောင်​​လေးက Min ကို​တွေ့ဖို့မ​တောင်းဆိုပင်​မဲ့ Min ခမျာ​တော့ ​ကောင်ေ​လး​ရှေ့ကိုထွက်​ဖို့ သတ္တိအမျိုးမျိုး​မွေး​နေရတယ်​တဲ့....ဒါပင်​မဲ့ ခုချိန်​ထိ​တော့ သူ​ကောင်​​လေး​ရှေ့မထွက်​ရဲ​သေးဘူး....

Day17💐

ကောင်​​လေး​ရောက်​မလာခဲ့ဘူး......မင်​​ရေး​ပေးထားတဲ့ စာ​လေးကိုဖတ်​မဲ့​ကောင်​​လေး​ပေါ့.....

Day18💐

ဒီ​နေ့လဲ​ရောက်​မလာခဲ့ပြန်​ဘူး.....

ထားသွားခဲ့ပြီးလာ​ကောင်​​လေး.....ဘာ​ကြောင့်​လဲ....
နောက်​ဆုံး​တော့ လူတိုင်းကထားခဲ့တာပဲလား..
နာကျင်​စွာကျဆင်းလာတဲ့ မျက်​ရည်​​တွေကို ကိုသုတ်​ရင်း ထိလိုက်​မိတဲ့မျက်​နှာ.....
ဒီမျက်​နှာကိုသာမြင်​သွားခဲ့ရင်​လဲ ထားခဲ့​လောက်​မှာပဲမလား.....ပြိုကွဲ​လာတဲ့နှလုံးသား​ကြောင့်​ အင်အားမလိုပါပဲ အလို​လျောက်​ကျဆီး​နေတဲ့မျက်​ရည်​​တွေ...
တစ်​ဦးထဲ​နေလာခဲ့တဲ့ ဆူးခြုံ​တွေနဲ့ပြည့်​နှက်​​နေတဲ့ ရဲတိုက်​ကြီးဟာပိုပြီးအထီးကျန်​လာသ​ယောင်​​ယောင်​..
Min က​တော့ ​ကောင်​​လေးလာ​နေကျ လမ်း​ကြောင်း​လေးကိုသာကြည့်​ရင်း အိပ်​​ပျော်​သွားခဲ့တယ်​....

The truth untoldWhere stories live. Discover now