crd to original

500 25 0
                                    

ပုံပြင်ပြောပြတဲ့ သီချင်းတစ်ပုဒ် (or) The Truth Untold by BTS ft. Steve Aoki

ဟိုးရှေးရှေးတုန်းက  "Smeraldo မြို့တော်" လို့ အမည်တွင်တဲ့ နေရာတစ်နေရာရှိခဲ့ဖူးသတဲ့
အခုခေတ် မြေပုံအရတော့ အီတလီ မြောက်ပိုင်းမှာ
ကျေးလက်ရွာလေးတစ်ရွာပေါ့

အဲ့ဒီက လူသူအလှမ်းဝေးတဲ့ ရဲတိုက်တစ်ခုမှာ ကြောက်မယ်ဖွယ်အဆင်းရှိသူတစ်ဦး နေထိုင်သတဲ့
အဲ့ဒီလူဟာ မြို့စားတစ်ဦးရဲ့ တိတ်တိတ်ပုန်းသားလို့ ‌ဆိုကြသလို သူနဲ့ ပတ်သက်တဲ့ တခြားကောလာဟလတွေလည်း အများကြီး ရှိသတဲ့
ဘယ်သူတွေ ဘာပြောပြော သူကတော့
သူ့ရဲ့ တစ်ခုတည်းသော ပျော်ရွှင်မှုဖြစ်တဲ့ သစ်ပင်စိုက်ပျိုးခြင်းနဲ့ပဲ အချိန်ကုန်နေခဲ့တယ်

တစ်နေ့တော့ သူ့ရဲ့ ဥယျာဉ်ကနေ ပန်းတွေ လာလာခိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ရှိနေတာကို သတိထားမိသွားတယ်
သူ ဘယ်လိုစောင့်ဖမ်းဖမ်း ပန်းသူခိုးမလေးက သူ အိပ်ပျော်သွားမှ ရောက်ချလာတတ်လို့ သူ့လက်က လွတ်သွားတာချည်းပဲ
ပြီးရင် တိတ်တိတ်လေး ပြန်လာပြီး ပန်းတွေ ထပ်ခိုးပြန်ရော

ရက်အတော်အကြာမှာ သူက ပန်းသူခိုးမလေးကို လက်ပူးလက်ကြပ် ဖမ်းနိုင်တဲ့အခွင့်အရေး ရခဲ့ပေမယ့် သူ့ပန်းတွေကို ဘာလုပ်ပစ်သလဲဆိုတဲ့ သိချင်စိတ်ကြောင့် မိန်းကလေးရဲ့ နောက်ကို နောက်ယောင်ခံလိုက်သွားခဲ့တယ်
တကယ့် အဖြစ်မှန်က အရမ်းဆင်းရဲပြီး အရမ်းနေမကောင်းဖြစ်‌နေတဲ့ အဲ့ဒီ မိန်းကလေးက သူ့ပန်းတွေကို ခိုးပြီး ‌ဈေးမှာ ရောင်းနေခဲ့တာတဲ့

သူ တတ်နိုင်သမျှ ကူညီချင်ပေမယ့် သူ့ရုပ်ရည်ကြောင့် ဘာမှ ပေါ်ပေါ်ထင်ထင် မလုပ်ပေးရဲဘူးဖြစ်နေတာပေါ့

ဒါနဲ့ပဲ ဈေးမှာ ဈေးကြီးကြီးနဲ့ ရောင်းလို့ရအောင်
ကမ္ဘာပေါ်မှာ လုံးဝ မရှိသေးတဲ့ ပန်းမျိုးစိတ်တစ်ခု ဖန်တီးပေးမယ်လို့ သူ တွေးခဲ့တယ်

သူ အကြိမ်ကြိမ်အခါခါ ကြိုးစားပြီး ‌နောက်ဆုံးမှာ အောင်မြင်သွားခဲ့တယ်
အဲ့ဒီ ပန်းတွေကို ဥယျာဉ်အပြည့် ပျိုးပြီး မိန်းကလေးအလာကို စောင့်နေခဲ့တယ်

မိန်းကလေးကတော့ လုံးဝ ပေါ်မလာခဲ့ပါဘူး
သူ ပန်းမျိုးစိတ် ဖန်တီးနေတုန်း မိန်းကလေးဟာ လောကကြီးထဲကနေ အပြီးအပိုင် ပျောက်ကွယ်သွားခဲ့လို့ပါတဲ့

အဲ့ဒီ ပန်းတွေကို Smeraldo လို့ ခေါ်ပြီး ပန်းတွေရဲ့ ဘာသာစကားအရ မပြောလိုက်နိုင်တဲ့ အမှန်တရားလို့ အဓိပ္ပာယ်ရသတဲ့

P.S. ဒီပန်းတွေက အပြင်မှာ တကယ်မရှိပါဘူး
အဲ့ဒီတော့ ဒီပါးစပ်ပြော ရာဇဝင်လေးက တကယ် ဖြစ်ခဲ့ မဖြစ်ခဲ့လည်း ဘယ်သူမှ သိနိုင်တော့မယ်မထင်ပါဘူး

Story source Google
Photo source Wattpad
#crd to Swan's short stories
Fb page

Story source GooglePhoto source Wattpad#crd to Swan's short stories Fb page

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The truth untoldWhere stories live. Discover now