When the weather is fine ( Episode 1 )

1.2K 44 17
                                    

"သားသားရေ ခနနေ မေမေနဲ့ ဟိုဖက်အိမ်
ခနသွားရအောင်နော်"

မီးဖိုချောင်မှ မေမေ့အော်သံကြားလိုက်ရပြီး
သက်ပိုင်မှူးတစ်ယောက် လက်ထဲကဂိမ်းကို
ခနရပ်ထားလိုက်ပြီး မေမေ့ဆီ လျှောက်လာခဲ့လိုက်သည်

" မေမေ ဟိုဖက်အိမ် ဘာသွားလုပ်မလို့လဲ
သားဂိမ်းဆော့လို့မပြီးသေးဘူး"

" ကဲ နောက်မှဆော့ပါသားရယ် ဟိုဖက်အိမ်
ကို မေမေ့သူငယ်ချင်းမိသားစု ပြောင်းလာလို့
သွားနှုတ်ဆက်မလို့ သားရဲ့ မင်းမမက
ဖေဖေနဲ့ အပြင်လိုက်သွားလို့ သားတစ်ယောက်ထဲ အိမ်မှာကျန်ခဲ့မှာမို့ ခေါ်တာပါကွယ်"

"ဟုတ်ကဲ့ပါ လိုက်ခဲ့ပါမယ်"

မေမေနဲ့နှစ်ယောက်သား ဟိုဖက်အိမ်ကို
၀င်နှုတ်ဆက်ဖို့ထွက်လာခဲ့လိုက်သည်

"မေသက်ရေ အစ်မဟင်းချက်နေတာနဲ့
အခုမှအားလို့ လာရတယ်ကွယ် ပစ္စည်းတွေ
ကော ချလို့ပြီးသွားပြီလား အဆင်ပြေရဲ့လားကွယ် အိမ်မှာ ဘယ်သူမှမရှိကြလို့
အစ်မသားလေးပါ ခေါ်ခဲ့ရတယ် "

"ရပါတယ် မမစန္ဒာရယ် လာလည်တာကိုပဲ
ကျေးဇူးတင်နေပါပြီ မေသက်လဲအခုပဲ
ပစ္စည်းတွေရွှေ့လို့ပြီးတာလေ မေသက်
ကလေးတွေတော့ အပေါ်ထပ်မှာ သူ့အ‌ဖေနဲ့
ဆော့နေကြတယ် ထင်ပါတယ်

သားလေးက ချစ်စရာလေးကွယ်
နာမည်ဘယ်လိုခေါ်လဲအန်တီ့ကိုပြောပါဦး"

အန်တီမေသက်အမေးကို ပြန်ဖြေဖို့ မအားဘဲ
သက်ပိုင်တစ်ယောက် အိမ်ထဲက
Remoteကားရုပ်လေးကိုသာ ငေးကြည့်နေခဲ့တယ်

အသက်ဘယ်လောက်ရှိပြီလဲ မမစန္ဒာ"

" လာမယ့်နှစ်ဆန်းဆို၈နှစ် ပြည့်ပြီလေ
နာမည်က သက်ပိုင်မှူးတဲ့

သား အန်တီမေသက်ကို နှုတ်ဆက်လိုက်လေ"

"မင်္ဂလာပါ အန်တီမေသက် တွေ့ရတာ
၀မ်းသာပါတယ်ဗျာ့ "

"အေးကွယ် သားလေးက ချစ်စရာကောင်းလိုက်တာ မေသက် သားလေးလဲ
၈နှစ်ပြည့်ပြီလေ အရွယ်တူလေးတွေ
ဆော့ဖော်ဆော့ဖက် ရတာပေါ့
သားရေ ဖိုးစစ် အောက်ထပ်ခန
ဆင်းခဲ့ပါဦးကွယ် ညီမလေးရော ခေါ်ခဲ့"

When the weather is fine Where stories live. Discover now