When the weather is fine ( Episode 4)

219 17 4
                                    

သက်ပိုင်မှာ အဆောင်မှခွင့်ပေးသဖြင့်
အနားယူရန် အိမ်သို့ ၂ရက်ပြန်လာခဲ့သည်။

ဇူဇူးမှာ အရင်တစ်ခါတွေလို သက်ပိုင်
ပြန်လာရင် ၀မ်းပန်းတသာကြိုဆိုရန်ပင်
မေ့နေခဲ့ပြီး ဖိုးစစ်အကြောင်းကို သိသွားမှာစိုးသောကြောင့် သက်ပိုင်နှင့် ခပ်ခွာခွာသာနေခဲ့သည်။ သူတို့နှစ်ယောက်အကြောင်းကိုလဲ
သိနေသောကြောင့် မတော်တဆ သိသွားခဲ့လျှင် ဘာတွေဆက်ဖြစ်လာနိုင်တယ်ဆိုတာ
ဇူဇူးအသိဆုံးမို့ပင်။

" မဇူး သားပြန်လာတာတောင် လာမကြိုတော့ဘူးလား ဘာတွေအလုပ်ရှုပ်နေတာလဲ
ဖိုးစစ်ရောပဲ ဖုန်းလေးတစ်ချက်တောင်
ဆက်ဖော်မရဘူး သားကိုပစ်ထားကြတယ်"

"ဟင် မဟုတ်ပါဘူးသားသားရယ် မမက
ခုတလော ကျောင်းကtutorialတွေနဲ့
အလုပ်ရှုပ်နေလို့ပါ သားသားကိုပစ်ထားတာ
မဟုတ်ပါဘူး ရောက်တုန်းက အေးဆေး
နားနေလိုက်နော် ခနနေဖိုးစစ်လဲလာမယ်ပြောတယ် ရေချိုး ထမင်းစားလိုက်ဦးနော်"

"အင်းပါ ပြီးတာပဲအာ့ဆို ရေသွားချိုးလိုက်ဦးမယ် "

ဖိုးစစ်မှာ တစ်ခါမှ သက်ပိုင်တို့အိမ်ကို
မရောက်ဖူးသလို ယောင်လည်လည်နှင့်
မျက်စိသူငယ်နားသူငယ်ဖြစ်နေသည်။
သူ့အကြောင့်ကို သက်ပိုင်ကို ရှင်းပြရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေတာလဲ ဖြစ်‌နိုင်ပါသည် ။

"မိဇူး သက်ပိုင် ပြန်ရောက်ပြီလား"

"အေးရောက်ပြီ ရေချိုးနေတယ်ထင်တယ်
သူ့အခန်းထဲ၀င်သွားစောင့်လိုက်လေ
ဟဲ့နင်ပြောဖြစ်အောင် ပြောလိုက်ဦးနော်"

"အေးပါ ငါသူ့ဆီသွားလိုက်ဦးမယ်"

သက်ပိုင်မှာ ရေချိုးခန်းမှ ထွက်လာပြီး
အောက်ပိုင်းကို တဘက်ဖြင့်သာ ပတ်ထား
သည် ဖိုးစစ်ရောက်နေသည်ကို မသိသောကြောင့် သီချင်းတွေပင် အော်ဆိုနေလိုက်သေးတယ်။

" ဟ ဖိုးစစ် တံခါးလဲမခေါက်ဘူး
မင်းဘယ်တုန်းက ရောက်နေတာလဲ"

" လာပါဦးကွာ ငါ့ကလေးလေးကိုလွမ်းနေတာ အခုမှပဲ အလွမ်းသယ်ရတော့တယ်"

" နေဦးလေကွာ အ၀တ် လဲပါရစေဦး
တဘက်ပဲ ပတ်ထားတာ အတင်းမဆွဲနဲ့လေ"

When the weather is fine Where stories live. Discover now