"ကလင် ကလင် ကလင်"
"ဇူးရေ ဖုန်းလာနေတယ်ထင်တယ်
မေမေ့ကို ဖုန်းသွားကိုင်ပေးပါဦး""ဟုတ်ကဲ့
Hello ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့် ""သမီးရေ ဇူးလေး ဦးပိုင်ပါကွယ်
မေမေ့ကို ဖုန်းခနလောက်လွှဲပေးပါဦး
အရေးကြီးပြောစရာလေးရှိလို့""မေမေရေ ဦးပိုင်က မေမေ့ကို
အရေးကြီးပြောစရာရှိလို့ဖုန်းလာကိုင်
ပေးပါဦးတဲ့ ""အေးအေးလာပြီကွယ်
ဟယ်လို ကိုပိုင်ပြော ဖုန်းမဆက်စဖူး""စန္ဒာရေ ဒီမနက်ပဲဖွားဖွားကြီး နှလုံးရပ်ပြီး
ဆုံးသွားပြီကွယ်အဲ့ဒါ ညီမလေးတို့အိမ်ကို
လာခဲ့ကြပါဦး တိုင်ပင်စရာလေးတွေ
ရှိနေတာမို့လေ""ရှင် ....သမီးကိုထားခဲ့ပြီလားမေမေရယ်"
မေမေ့မှာဖုန်းပြောရင်းမျက်ရည်တွေနဲ့
အရမ်းစိတ်သောက ရောက်နေတဲ့ပုံပေါ်
နေလို့ ဖေဖေက နှစ်သိမ့်လိုက်ရတယ်"စန္ဒာရယ် တရားနဲ့ဖြေပါ ကလေးတွေရှေ့ကို
ကိုယ်လဲ ရှိနေတာပဲ အရမ်းအားမငယ်ရဘူးနော် ကိုယ်တို့အတူတူ မေကြီး သွားနှုတ်ဆက်ကြမယ်လေနော် "မေမေတို့ ဖွားဖွားကြီးကို လိုက်ပို့ပြီး
အိမ်ပြန်လာတဲ့လမ်းမှာ ဇူဇူးတို့ကို
ပြောလိုက်တဲ့စကားကြောင့် သားသားမှာ
မှိုင်တွေလျက် ရှိနေသည်"မေမေတို့ အိမ်ပြောင်းရတော့မယ်
ဒီအိမ်က ဖွားဖွားကြီးထားခဲ့တဲ့အမွေဆိုတော့
ညီအစ်မတွေက ခွဲဝေယူချင်နေကြပြီ
မေမေတို့ နောက်လကုန်လောက်ကျ
အိမ်ပြောင်းဖို့ ပြင်ကြမယ်နော် ""ဟုတ်မေမေ အိမ်ရောက်ရင် ဖိုးစစ်တို့ကို
သွားပြောလိုက်ဦးမယ်"•••••••••••••••••••••••••••••••••••••
"ဖိုးစစ် ငါတို့အိမ်ပြောင်းရတော့မယ်တဲ့
နောက်လကုန်ရင်...""ဟမ် ဘာလို့လဲ မင်းတို့အိမ်က "
"ရောင်းတော့မှာတဲ့ ငါတို့ဖွားဖွားကြီးဆုံးလို့
ဦးပိုင်တို့က ရောင်းခိုင်းနေတာ "
YOU ARE READING
When the weather is fine
Randomငယ်ကတည်းက သွားအတူ စားအတူ လာအတူ ပေါင်းလာတဲ့ သူငယ်ချင်းနှစ်ယောက် အသက်တွေကြီးလာတဲ့အခါ တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ သံယောဇဉ်တွေကနေ တဆင့် ဘာတွေဆက်ဖြစ်ကြမှာလဲ အချစ်ဆိုတာ သူတို့နှစ်ယောက်အတွက် ဘယ်လိုခံယူထားကြလဲဆိုတာ ...