When the weather is fine (Episode 5)

314 17 6
                                    

ဆယ်တန်းစာမေးပွဲကြီးပြီးဆုံးပြီးဖြစ်၍
သက်ပိုင်မှာ အိမ်ကိုပြန်ရောက်လာခဲ့ပြီ။

ဖိုးစစ်မှာ အရင်ကထက် အိမ်ကိုခဏခဏ
မပြောမဆိုရောက်ရောက်လာသောကြောင့်
ဇူဇူးက မျက်စိနောက်လာပြီဖြစ်သည်။
ရောက်လာရင်လဲ အငြိမ်မနေဘဲ သက်ပိုင်
ကိုသာ လိုက်ရှာပြီး အနောက်က လိုက်ပြီး
စနောက်နေခြင်းဖြစ်သည်။

"သက်ပိုင် သဲလေး ကိုယ်လာပြီလေကွာ
မင်းကြိုက်တဲ့ marshmello ၀ယ်လာတယ်
ငါ့ကို လှည့်ကြည့်ပါဦးကွာ မင်းမစားရင်
Jam Jam ကိုပဲကျွေးလိုက်တော့မှာနော်"
(Jam Jamမှာ ဇူဇူးမွေးထားတဲ့ တယ်လီယာ
ခွေးပေါက်စလေးဖြစ်သည်)

"ဟဲ့ နင့်ဟာနင် ၀ယ်လာတာ သူမစားရင်နင်စားပေါ့ ငါ့သမီးကို လာမကျွေးနဲ့ လာ
Jam Jamလာ သူတို့နားမသွားနဲ့ ငါ့သမီးလေး
ဂေးသွားလိမ့်မယ် လာ "

ဇူဇူးက ရွဲ့ပြီးပြောလိုက်သော်လည်း
သက်ပိုင်က မျက်စောင်းကြီးနဲ့ ကြည့်သော
ကြောင့် မြန်မြန်ထွက်လာလိုက်သည်။

"‌သက်ပိုင်လို့ စကားလေးပြောပါဦးကွာ
မင်းကလဲ အဆောင်ကပြန်လာကတည်းက
စွံ့အနားမကြားဖြစ်သွားတာလားကွာ
၀စီပိတ်များ ကျင့်နေတာလား ကြားရင်လဲ
ပြန်ပြောပါဦးကွာ ငါဒီမှာမင်းကိုတွေ့ချင်လို့
‌အိမ်မှာ မေမေ ကားရေဆေးခိုင်းထားတာ‌
တောင်မလုပ်ဘဲ ထွက်လာခဲ့တာ‌ဗျ"

"မင်းကိုဘယ်သူလာခိုင်းနေလို့လဲ ဒီအိမ်မှာ
မင်းမျက်နှာကိုမြင်ချင်တဲ့လူ တစ်ယောက်မှ
မရှိဘူး မင်းပြန်လိုက်တော့"

"ဝွန်းး မင်းကလဲ မနေ့က ဇူးဇူးပြောတာ
မင်းငါ့ကို လွမ်းလို့ ပိန်သွားတာဆို"

"မင်းစောက်ပိုတွေ ဆက်ပြောနေမယ်ဆိုရင်
ငါမင်းကို ဆွဲထိုးမိလိမ့်မယ်နော်"

"ထိုးလေ မင်းတစ်ချက်ထိုးရင် ငါမင်းပါးကို
တစ်ချက်နမ်းမှာ တန်ပါတယ် လုပ် ထိုးပါ
ထိုးလိုက်စမ်းပါ"

"မင်းတော်တော်မျက်နှာပြောင်တဲ့ကောင်ပဲ
မင်းမှာမာနမရှိဘူးလား ဒီလောက်တောင်
ပြောဆိုနေရင်ပြန်လိုက်တော့လေ"

"အေးပါကွာ မင်းက ငါ့ကိုမတွေ့ချင်ဘူးဆိုလဲ
ငါပြန်ရမှာပေါ့ကွာ ငါပြန်ပေးရမှာပေါ့
ရင်နာနာနဲ့ပြန်ပါတော့မယ်ကွာ မင်းမှငါ့ကို
မတွေ့ချင်တော့တာ ငါနားလည်လိုက်ပါပြီ"

You've reached the end of published parts.

⏰ Last updated: May 04, 2020 ⏰

Add this story to your Library to get notified about new parts!

When the weather is fine Where stories live. Discover now