Unicode Version
------------------------------------" Someday: တစ်နေ့နေ့ " The Fic -
အပိုင်း ( ၂ )
---------------------------------------------------ကားပေါ်က အထုတ်တွေကိုယ်စီချပြီး
လေဆိပ်ထဲသို့ ခပ်သုတ်သုတ်ပဲ
ဝင်လိုက်ကြသည်
ပါပါးရှေ့ကနေသင်ပေးတဲ့အတိုင်း
ဖြည့်စရာရှိတာလိုက်ဖြည့်
စစ်ဆေးခံစရာရှိတာ စစ်ဆေးပြီး
လေဆိပ်အတွင်းပိုင်းသို့ရောက်သွားကြသည်
မနက်စာလေး ထိုင်စားပြီး ခဏနေကျတော့
ကျွန်တော်တို့ Flight တံခါးဖွင့်ပြီ
ဖြစ်ကြောင်းနဲ့ နေရာယူလို့ရပြီဖြစ်ကြောင်း ပြောသံကြားရသည်ပါပါး က ပိုက်ဆံ မြန်မြန်ရှင်းလိုက်ကာ
သွားကြဖို့ နှိုးဆော်သည် ...
ကျန်တဲ့သူတွေ ပါပါးနဲ့အတူ ခပ်သွက်သွက် ထွက်သွားကြပေမယ့်
ကျွန်တော့်မှာ ရေသောက်နေလို့
ကျန်ခဲ့သေးသည်
ပါပါးက လက်ယက်ပြီး ခေါ်နေတာကြောင့်
အမြန် ပြေးလိုက်ရသည်ထို့နောက် အဆင့်ဆင့်တန်းစီ
စစ်ဆေး ဖြတ်ကျော်
ပြီးနောက် လေယာဉ် အတွင်းပိုင်းသို့
ရောက်ရှိသွားလေတော့သည်
ပြောပြဖူးသလိုပါပဲ ....
ကျွန်တော့် အတွက်
ဒီခရီးစဉ်ဟာပထမဦးဆုံး နိုင်ငံခြား
ခရီးစဉ်လည်း ဖြစ်သလို ...
ပထမဆုံး လေယာဉ်စီးဖူးတာလည်း
ဖြစ်တာမို့ အရာရာက အသစ်ဖြစ်ပြီး
ထူးဆန်းနေပါတယ် ... အတွေ့အကြုံတွေကို
ညီလေးကို ပြန်ပြမယ်ဆိုပြီး ဖုန်းလေးနဲ့
ဟိုရိုက် ဒီရိုက်တောင် လုပ်ခဲ့မိသေး ...လေယာဉ် ပြေးလမ်းပေါ်ကနေ
ဝေဟင်ဆီသို့ လေယာဉ်စတက်ပြီ ဆိုတာနဲ့
ကျွန်တော်လည်း စိတ်ပင်ပန်းစရာတွေ
မိသားစုကိစ္စတွေ ၊ အလုပ်ကိစ္စတွေ အားလုံးကို
ပြေးလမ်းပေါ်မှာတင် ခေတ္တထားခဲ့လိုက်တယ်
ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်အတွက် ဒီလောက်
ကြိုးကြိုးစားစားလိုက်လာခဲ့ပြီးမှတော့
ပျော်ရွှင်တဲ့ ခရီးလေးဖြစ်ဖို့တော့ လိုတယ်လေ ..." သား ... သား .... ထ တော့ ရောက်တော့မယ် "
ကျွန်တော် မှေးခနဲ အိပ်ပျော်သွားတာထင်တယ်
ပါပါး နှိုးမှ ဆတ်ခနဲ ပြန်နိုးလာတယ်
ကျွန်တော် လေယာဉ် မှန်ပြတင်းအပြင်ကို
ကြည့်လိုက်တော့ ဘဝမှာ ပထမဆုံးမြင်ခွင့်ရလိုက်တဲ့
အရမ်းလှတဲ့ ရှုခင်းတစ်ခုကိုမြင်လိုက်ရတယ်
![](https://img.wattpad.com/cover/222372074-288-k820571.jpg)
YOU ARE READING
" Someday : တစ်နေ့နေ့ "
Romanceဤ ဇာတ်လမ်းပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အပြင်တွင်တကယ် ဖြစ်ခဲ့ခြင်း ရှိ ၊ မရှိ တစ်စုံတစ်ရာ မေးမြန်းပါက ပြန်လည် ဖြေကြားမည်မဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည် ။