" Someday: တစ်နေ့နေ့ " The Fic -
အပိုင်း ( ၃ )
---------------------------------------------------ကျွန်တော့်ရဲ့ လက်နှစ်ဖက်က
အုတ်ခုံကို ထောက်ပြီး ထလိုက်မိတယ်...ခြေလှမ်းတွေက တစ်လှမ်းချင်း စီ ခုန လွတ်သွားတဲ့ ဆပ်ပြာပူဖောင်းလေးရဲ့ ခေါ်ဆောင်ရာကို လှမ်းနေမိတယ် ...
အဲ့အချိန်မှာ ဒီပူဖောင်းလေးခေါ်ဆောင်ရာကိုပဲ အညှို့ခံလိုက်ရသလို လိုက်နေမိတယ် ...
ကားလမ်းကိုလည်း ဖြတ်ကူးတဲ့လူအုပ်နဲ့အတူ ပါသွားခဲ့တယ် ...
အကြည့်ကတော့ တစ်ချက်မှ ပူဖောင်းလေးဆီက
မခွာခဲ့ဘူး ...ကျွန်တော့် နားထဲမှာ သီချင်းသံက ပိုနီးကပ်လာသလို
ခံစားရတယ် ...လူတွေကြားထဲ တိုးမိတာတောင် ...ဒါမှမဟုတ် ကျွန်တော့်ကို တိုက်သွားတာတောင် ဆပ်ပြာပူဖောင်းလေးကိုပဲ ကြည့်နေမိတယ်
ပူဖောင်းလေးက အမြင့်ကနေ တဖြည်းဖြည်း
ပြန်ဆင်းလာတယ် ...အဲ့နောက်မှာ အဖြူရောင် မျက်နှာပြင်တစ်ခုပေါ် ဆင်းပြီး ဖောက်ခနဲ ပေါက်သွားတယ် ...
ပူဖောင်းလေးပေါက်သွားတော့မှ ကျွန်တော် ဆတ်ခနဲ သတိပြန်ဝင်လာပြီး ကြည့်မိလိုက်တော့ အဖြူရောင်မျက်နှာပြင်ဟာ ပခုံးတစ်ဖက်ဖြစ်နေတာ
တွေ့လိုက်ရတယ် ...အဖြူရောင် ပခုံးရဲ့ ပိုင်ရှင်ကို ကြည့်လိုက်တဲ့အခါ ကျွန်တော့်ကမ္ဘာကြီးက တိတ်ဆိတ်သွားတယ် ...
လူတွေသွားလာနေတဲ့ လမ်းမကြီးရဲ့ဘေးမှာ
ဂစ်တာတီးပြီး သီချင်းဆိုနေတဲ့
အဖြူရောင် တီရှပ် ဝတ်ထားတဲ့
ကောင်လေးရဲ့ရှေ့မှာ ...
ကျွန်တော် မတ်တပ်ရပ်လျက် ရှိနေပေမယ့်
အရာအားလုံးကို ကျွန်တော်မေ့သွားခဲ့တယ်သူဆိုနေတဲ့ သီချင်းကိုလည်း သူ ပါးစပ်လှုပ်နေတာပဲ မြင်တွေ့ရပေမယ့် ကျွန်တော် ဘာအသံမှ မကြားရတော့ဘူး
သူ့မျက်လုံးတွေကိုပဲ ကျွန်တော် ကြည့်နေမိတယ်
သူ့မျက်လုံးတွေက အေးချမ်းတယ် ..
နွေးထွေးတယ် ..နောက်တော့ သူ ကျွန်တော့်ကို ပြုံးပြလိုက်တယ်
အပြုံး ...
ထိုအပြုံးက သူ့ရင်ထဲကနေ နွေးနွေးထွေးထွေး လာခဲ့လို့လားမသိဘူး ..ကျွန်တော့်ရင်ထဲကိုလည်း နွေးနွေးထွေးထွေးပဲ စီးဝင်ခဲ့ပါတယ် ။ သူ့မျက်ခုံးတွေ ၊ မျက်လုံးလေးတွေ ၊ ကျွန်တော့်ကိုကြည့်နေတဲ့အကြည့်တွေ ၊ ပြုံးပြလိုက်တဲ့အပြုံးတွေ အရမ်းကိုကြည်လင်ပြီး ကျွန်တော်တစ်ခါမှမရဖူးတဲ့ နွေးထွေးမှုကို ခံစားလိုက်ရတယ် ။ ကျွန်တော် သူ့ကို ပထမဆုံးတွေ့ဖူးခြင်းပါ။ တစ်နည်းဆိုရရင် ကျွန်တော့်ရဲ့ နှလုံးသားတစ်ခုလုံးကို နွေးထွေးသွားအောင် အနွေးဓာတ်ပေးလိုက်နိုင်တဲ့လူတစ်ေယာက်ကို ပထမဆုံးတွေ့ဖူးခြင်းပါ ။
YOU ARE READING
" Someday : တစ်နေ့နေ့ "
Romanceဤ ဇာတ်လမ်းပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အပြင်တွင်တကယ် ဖြစ်ခဲ့ခြင်း ရှိ ၊ မရှိ တစ်စုံတစ်ရာ မေးမြန်းပါက ပြန်လည် ဖြေကြားမည်မဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည် ။