Unicode Version
--------------------------
" Someday: တစ်နေ့နေ့ " The Fic -
အပိုင်း ( ၁ )
---------------------------------------------------...... ကလင် ကလင် ကလင် .....
...... ကလင် ကလင် ကလင် .....ဒီတစ်ခါတော့ ထ မှ ဖြစ်တော့မယ်
မထလို့လည်းမရတော့ .... Alarm က သုံးကြိမ်မြောက်ကျွန်တော် က အမြဲ Alarm ကိုသုံးခါပေးလေ့ရှိတယ်ဗျ
ဥပမာပြောရရင် ... မနက် ၆ နာရီ ထရမယ်ဆိုရင်
5:30 AM , 5:45 AM , 6:00 AM အဲ့လိုပေးတာမျိုးပေါ့
သုံးခါ မပေးလို့လည်းမရ ...
တစ်ခါတည်းများပေးကြည့် ...
Alarm ပိတ်ပြီးလည်း ပြန်အိပ်သွား တတ်လို့လေ🤣🤣🤣
ဒီနေ့တော့ ဘယ်လို နည်းနဲ့မှ ပြန်အိပ်လို့မရဘူး
ထ မှ ရမယ် ...အိပ်ချင်နေတဲ့စိတ်ကိုမောင်းထုတ်
ကုန်းရုန်းထပြီး ရေချိုးခန်းထဲ အပြေး ဝင်ရသည်
အိမ်သာတက် ပြီးတော့ မျက်လုံးက ကျယ်လာသည်
မျက်နှာသစ် သွားတိုက်ရင်းက မှန်ကိုတစ်ချက်ကြည့်
လိုက်ပြီး ကိုယ့်ကိုယ်ကို ပြန် ပြုံးပြလိုက်သည်
ဘာပဲဖြစ်ဖြစ် တစ်နေ့တာ တောက်လျှောက် run ဖို့
ကိုယ့်ကိုယ့်ကို ပြုံးပြပြီး အားလေးပေးဖို့က
လိုတယ် မလား ... 🥰ရေချိုးခန်းထဲက ရေချိုးပြီး ချက်ချင်းထွက်လာတာမို့
အခန်းထဲက Air Con ကို အမြန်ပိတ်မှရမည်
နို့မို့ စင်ကာပူ မရောက်ဘဲ ဆေးရုံရောက်နေမယ် 🤣အမြန်ခေါင်းခြောက်အောင်သုတ်ပြီး
ညကတည်းကပြင်ဆင်ထားပြီး
ခရီးဆောင်အိတ်အပေါ် တင်ထားတဲ့ ဝတ်စုံကို
ယူဝတ်လိုက်ရသည်... ခုမှ နည်းနည်းနွေးသွားသလို ...နည်းနည်းတော့ ပြင်ဆင်ဦးမှ ...
မပြင်မဆင်ပဲထွက်ကြည့် အဲ့လိုနေ့ဆိုရင်
မိတ်ဆွေတွေ Fan တွေနဲ့ အရမ်းတိုးးးတာပဲ
ပြင်ဆင်ပြီး အလန်းစားထွက်တဲ့နေ့ဆို
ယောင်လို့တောင် ကြည့်မယ့်သူမရှိဘူး 🙄အမြန်လည်းလုပ်ရသေးသည်
ဟိုဘက်အိမ်ကနေ မနက်မှ ထလာရင်
နောက်ကျနေတာဘာညာ ဖြစ်မှာမို့
မနေ့ညကတည်းက အထုတ်အပိုးပြင်ဆင်ပြီး
ဒီဘက်အိမ် လာအိပ်ရသည်
ညကတည်းက ပါးပါးက မနက် ၆ နာရီ အိမ်က
ထွက်မယ်ပြောထားတာမို့ ၆ နာရီအတိ ကားထဲ
ရောက်နေမှ ရမယ် ... အခု 5:45 AM
တော်သေးတယ် ဒါတောင် 5:00 AM ထဲက
ထ ထားပေးလို့ ...
ခပ်သုတ်သုတ်ပဲ ယူစရာရှိတာယူ
လုပ်စရာရှိတာလုပ်ပြီး အခန်းထဲကထွက်
အောက်ထပ်ကို ဆင်းလာလိုက်သည်
YOU ARE READING
" Someday : တစ်နေ့နေ့ "
عاطفيةဤ ဇာတ်လမ်းပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အပြင်တွင်တကယ် ဖြစ်ခဲ့ခြင်း ရှိ ၊ မရှိ တစ်စုံတစ်ရာ မေးမြန်းပါက ပြန်လည် ဖြေကြားမည်မဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည် ။