အပိုင်း-၄၃

11.6K 939 7
                                    

(Unicode)

" ကောင်းမြတ် မြို့အနှံ့ကို လူအင်အားသုံးပြီး ခခကို ရှာ.. ညတွင်းချင်းရအောင်ရှာ! "

ခံ့ညား အိမ်ပြန်ရောက်ရောက်ချင်း ခခကိုမတွေ့၍ စိတ်ပူနေရာမှ ဖုန်းထဲကို message တစ်စောင်ဝင်လာခဲ့သည်။

* ခခကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ပေးထားတယ် * ဆိုသော message ကြောင့် ခံ့ညား ဂုဏ်ရှိန်ဝင့်ဝါကို အမှုန့်ကြိတ်ချင်စိတ်ပါပေါက်လာ၏။

ဆယ်ကျော်သက် ဉာဏ်လေးနှင့် ကလေးကလားလုပ်သမျှကို အချိန်ပေးဖြေရှင်းပေးဖို့ရာ မတန်သော်ငြား ခခ နှင့် ပတ်သက်နေ၍ လျစ်လျူရှုလို့ကမရ။

" ခခရေ.. ငါလာတယ်ဟေ့.. marshmallow တွေလည်းပါတယ် "

ဒေါသစိတ်တွေ ၊ စိုးရိမ်စိတ်တွေဖြင့် တစ်ယောက်တည်း ဒေါင်းတောက်နေတုန်း ရတုအသံကိုကြားလိုက်ရသည်။

သူ့ နောက်မှာလည်း အရပ်ရှည်ရှည် ၊ ခန္ဓာကိုယ်တောင့်တောင့်နှင့်လူတစ်ဦး။

ဒါ မိုးမခ မလား။

" ကိုမိုးမခ... ခင်ဗျားရောက်လာတာနဲ့အတော်ပဲဗျာ... "

ခံ့ညားသည် အကူအညီ တောင်းချင်ဇောနှင့် မိုးမခရှိရာဆီ လျှောက်သွားလိုက်၏။

ခခကို ရှာဖို့ မိုးမခ ဆီက လူအင်အား အကူအညီရလျှင်လည်း အထိုက်အလျောက် အားကိုးလို့ရမှာတော့ အမှန်။

" ဘာကိစ္စရှိလို့လဲ ကိုခံ့ညား "

" အလုပ်ကိစ္စပါ "

အနားမှာ ရတုရှိနေ၍ မျက်နှာရိပ်မျက်နှာကဲပြလိုက်တော့ အကင်းပါးသူ မိုးမခက ချက်ချင်းသဘောပေါက်သွားပြီး

" ချာတိတ်.. ကိုယ် ကိုခံ့ညားနဲ့အလုပ်လုပ်ဖို့ ဘောင်ချာ စာရွက် ကားပေါ်မှာကျန်ခဲ့လို့.. အဲ့တာ သွားယူပေးမလား.. "

" ခင်ဗျားကတော့ လူကို ဖုန်းတစ်လုံးဝယ်ပေးပြီး ခိုင်းစားနေတော့တာပဲ... သွားယူပေးမယ် စောင့်နေ ဒီမှာ.. "

ရတုက စိတ်လေသလိုမျက်နှာပေးလေးနှင့်ပြောတော့ မိုးမခ တစ်ချက်ပြုံးပြီး

" အင်း... ကိုယ် ကားရဲ့ဘယ်နားထားလိုက်မိမှန်းမသိလို့ သေချာရှာခဲ့ပေးနော်.. ရတုလေး.. ဘောင်ချာစာရွက်က အနီလေး "

အပိုဆု Where stories live. Discover now