အပိုင်း-၄၅

12.3K 953 11
                                    

(Unicode)

ခွဲစိတ်မှုကို စောင့်ဆိုင်းရင်း ခခမေ့လဲသွား၍ မိုးမခ တစ်ယောက် အရေးပေါ်ဌာနဘက်ပြေးလိုက် ၊ ရိုးရိုးလူနာဆောင်ဘက်ပြေးလိုက်နှင့် ဆေးရုံထဲ ဗျာများနေရသည်။

တစ်ယောက်က ခွဲစိတ်ခန်းထဲမှာ အသက်လုနေရပြီး နောက်တစ်ယောက်က မေ့လဲသွားလေတော့ မိုးမခ ဘယ်ဆီနေလို့နေရမယ်မသိ။

ဆေးရုံမှာ မိတ်ဆွေတစ်ယောက်၏ ဆေးရုံဖြစ်၍ ခခအတွက် ညတွင်းချင်း Special nurse တစ်ယောက်အမြန်ရှာခိုင်းလိုက်မှသာ အဆင်ပြေတော့သည်။

'ခွဲစိတ်မှုအောင်မြင်တယ်'ဟု သတင်းကြားတော့ မိုးမခ မှာ ရင်ထဲက အလုံးကြီး ကျသွား၏။

ခံ့ညားကို သီးသန့် VVIP ခန်းမှာထားခဲ့ပြီးနောက် မိုးမခ ခခ ဆီကို ကူးရပြန်သည်။

ပင်ပန်းထားတာကြောင့် မနက်အာရုံတက်ခါနီးလောက်ရောက်မှ , ခခ အခန်းထဲက ခုံစောင်းလေးမှာ မှီရင်း အိပ်ပျော်သွားခဲ့သည်။

" ကိုခံ့... မထားခဲ့ပါနဲ့... ကိုခံ့ "

ခခ ဆီမှ ကယောင်ကတမ်းအသံတစ်ချို့ကိုကြားတော့ မိုးမခ အိပ်နေရာမှ လန့်နိုးလာကာ ခခနားကပ်သွားလိုက်ပြီး

" ခခ... ခခ"

အိပ်မက်ဆိုးမက်နေဟန်တူသော ခခကို အသာလှုပ်နှိုးလိုက်တော့ ဆတ်ခနဲ နိုးလာသည်။

မျက်လုံးပွင့်လျှင်ပွင့်ချင်း

" ကိုခံ့ရော... သူ.. သူ သတိရပြီလား"

ခခသည် ဆေးပုလင်းချိတ်၍ အပ်စိုက်ထားသော သူ့လက်များကို သတိပြုမိဟန်လည်းမတူ ၊ နိုးတာနှင့် ခံ့ညားအကြောင်းကို စ မေးသည်။

" သူသတိရပါပြီ... ဟေ့... အရမ်းမလှုပ်နဲ့ဦး.. မင်းမနေ့ညက သွေးပေါင်တွေကျပြီး မေ့လဲသွားလို့ ဆေးချိတ်ထားရတယ်.. "

" ကျွန်တော်... ကျွန်တော်သူနဲ့တွေ့ချင်တယ် "

မိုးမခ ၏ နောက်ဆက်တွဲစကားများကိုလည်း ခခက ကြားဟန်မတူ။

သတိရပြီဆိုသော အသံကြားတာနှင့် ခံ့ညားနှင့်တွေ့ဖို့ တောင်းဆိုတော့သည်။

" တွေ့ရမှာပါ... အခုတော့ ဒီဆေးကုန်တဲ့ထိစောင့်လိုက်ဦး... ဆေးပိုက်ကြီးတန်းလန်းနဲ့ဆို သွားတွေ့ရတာအဆင်မပြေဘူး... နောက်ပြီး.. ကိုခံ့ညားလည်း သတိရတယ်ဆိုရုံပဲရှိသေးတာ... စကားတွေဘာတွေပြောနိုင်ဦးမှာမဟုတ်ဘူး... "

အပိုဆု Donde viven las historias. Descúbrelo ahora