2

2.6K 337 7
                                    

Unicode

ရိပေါ် ဒီနေ့ကျောင်းကို အစောကြီးရောက်နေတယ်
အရင်က အတန်းချိန်မှကပ်သီးလေး ဝင်တတ်တဲ့ ရိပေါ်ဟာ ဒီနေ့တော့ အတန်းထဲစောစောရောက်နေတယ်

ဘာကြောင့်လဲ မမေးနဲ့ မနေ့က သင်္ချာဆရာမ ထပ်ခိုင်းတဲ့ အိမ်စာကို ညက ဂိမ်းဆော့နေရင်း အချိန်လွန်သွားလို့ခုထိမလုပ်ရသေးဘူး။

သူအတန်းထဲဝင်ဝင်ချင်း အထိတ်တလန့်ဖြစ်သွားတယ်။ သူ့လိုပဲ တခါမှ အစောကြီးမလာဘူးတဲ့ ကျန်းချန်က အစောကြီးရောက်လို့။

'ကျန်းချန်!'

'ဖြေးဖြေး အော်ပါဟ မင်းအဖေ နားမလေးသေးပါဘူး '

'ဘယ်လိုဖြစ်ပြီး အစောကြီး ရောက်လာတာလဲ '

'မင်းကရော '

'ညက အိမ်စာမပြီးလိုက်လို့ စောစော လာကူးတာ '

'မင်းဟာကလည်း လာတွက်တယ် လုပ်ပါဟ '

'ဘယ်ကသာ ငါသင်္ချာတွက်မဲ့ အစား ကျားဖင်ပဲ နှိုက်ချင်တာ '

'အောင်ဦးမယ် စာမေးပွဲကတော့ '

'မရှည်ပါနဲ့ မင်းပြီးပြီ မဟုတ်လား စာအုပ်ပေး '

'တောင်းတာကလည်း အကြောကြီး နဲ့ အလကားတော့မရဘူး
အပေးအယူရှိတယ် '

'ဘာလဲ ကွာမြန်မြန် ပြော ဆရာမလာတော့မယ် '

'စောပါသေးတယ်ဟ ရော့..'

'ဘာကြီးလည်း ..ဒီစာအိတ်ပန်းရောင်ကို ငါဘာလုပ်...ဘုရားရေ မင်းငါ့ကိုတော့...'

'ချီး..ပေါက်ကရတွေးမနေနဲ့ မင်းဝမ်ကွဲ အမ ဝမ်ချင်း ကိုပေးပေး '

'အော် ဝရိယ ကောင်းနေတာ ။ ဒါကို ပေးပေး မယ်ကွာ သင်္ချာစာအုပ်သာပေးတော့ '

သူတို့စကားများ စာကူးနေရင်း ဝင်လာတဲ့ရှောင်းကျန့်
ကျန်းချန် ဝင်လာတဲ့ရှောင်းကျန့်ကို တလှည့် ခေါင်းမဖော်တမ်း စာကူးနေတဲ့ ရိပေါ်ကို တလှည့်ကြည့်ကာ အကြံထုတ်နေသည်။

'ရိပေါ် '

'အေး '

'မင်း ဒီတခါ သင်္ချာ ထပ်ကျရင် မင်း ဒီခုံမှာ ထပ်ထိုင်ရမှာပေါ့နော် '

IF we Meet again Where stories live. Discover now