Unicode
"ကော်ဖီရပါပြီ သာယာတဲ့နေ့လေးဖြစ်ပါစေ "
ရိပေါ် ခုဆို ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ အချိန်ပိုင်းဝင်လုပ်ဖြစ်နေတယ်
တက္ကသိုလ်လည်း တက်ရင်း ပိုက်ဆံလည်းရှာရင်း
သူ့ရည်မှန်းချက်အတွက်လည်း သင်ယူရင်းပေါ့။သူကတော့ အထက်တန်းပြီးတဲ့နောက် ရိုးရိုးတက္ကသိုလ်တစ်ခုကိုပဲဝင်ခွင့်ရခဲ့တယ်
ကျောင်းသွားတယ် ကျောင်းကအပြန်ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်တယ် ကော်ဖီဆိုင်ပိုင်ရှင် အဖိုးဆီက ကော်ဖီဖျော်နည်းတွေသင်ယူတယ်
လူတစ်ယောက်ကိုလွမ်းတယ်
နေ့စဥ်ဘဝပါပဲ
သူကတော့ဒီအခြေအနေမှာ အသားတကျကို ပျော်ရွှင်နေပြီ။"ရိပေါ် ရေ စာရောက်တယ်နော် "
သူ ရှောင်းကျန့်ထွက်သွားပြီး တစ်နှစ်အကြာမှာ စာအဆက်အသွယ်ရတယ် ။
ရှောင်းကျန့်က သူ့ဆီကို ၃ လတစ်ခါ ၄ လတစ်ခါလောက် စာပို့ဖြစ်တယ်။
ခုလည်း ရှောင်းကျန့်ဆီကပဲ ဖြစ်မှာပဲ လကုန်ရက်ဆို သူ့ဆီကလာနေကျ။
To Yibo
နေကောင်းတယ်မလား ရိပေါ် ။ ကျောင်းတက်ရတာကော အဆင်ပြေရဲ့လား ။အရင်လိုဂျစ်ကျပြီး စာကိုပြီးစလွယ်လုပ်နေတုန်းပဲလား ။ ငါတကယ်မင်းကိုလွမ်းတယ် မင်းရော လွမ်းနေပါ့ဦးမလား?
ငါ့ဆီ တစ်ခါတစ်လေမှ စာပြန်တဲ့မင်းကို ငါ့ကိုရောသတိရပါ့ဦးမလား အတွေးဝင်မိတာအမှန်ပဲ..စောင့်နေပေးပါဦးရိပေါ် အတ္တကြီးမယ်မှန်းသိပေမဲ့လည်း
ဆက်တောင်းဆိုမယ် ။သိပ်မကြာတော့တာမို့ မင်းစောင့်နေမယ်ဆိုတာလည်းယုံကြည်နေတယ်။မင်းရဲ့ကော်ဖီအရသာလေးတကယ်ကိုလွမ်းနေပြီ
......
ရိပေါ် ရဲ့ဒီနှစ်တွေအတွင်းပျော်ရွှင်ချိန်တွေဟာ ရှောင်းကျန့်ရဲ့ စာတွေဖတ်နေရတဲ့ အချိန်တွေထပ်တိုးလာတယ်။
လူကိုလွမ်းပေမဲ့ လက်ရေးလေးတွေကြည့်ပြီးပဲ အလွမ်းဖြေနေရတယ်ရိပေါ်ကတော့ရှောင်းကျန့်လို အနုပညာမဆန်တော့ လွမ်းကြောင်းတွေတသီတသန်း မဖွဲ့နွဲ့ပြတတ်ဘူး။
ဒါပေမဲ့ မင်းကိုတစ်ရက်မှမမေ့သေး ကြောင်း
ညဘက်ဆို ကြယ်လေးတွေကြည့်ရင်း
ငါ့ချစ်ခြင်းမေတ္တာတွေ ပြောပြဖြစ်သေးကြောင်း
မင်းပြန်လာမှ အတိုးချပြောမယ် ။
လွမ်းတယ် ရှောင်းကျန့်ရေ!